နေ့စဉ်သတင်းစုစည်းမှု
26-June-2024
တိုက်ပွဲသတင်း
၁။ ကျောက်မဲတွင် တိုက်ပွဲများ ပြင်းထန်နေ
ဇွန် ၂၆ ၊ The Irrawaddy
တအောင်းပြည် တပ်မဟာ ၂ စစ်ဒေသ ကျောက်မဲမြို့တွင် စစ်ကောင်စီနှင့် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက် ရေးတပ်မတော် (TNLA) တို့ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း TNLA က ယနေ့ ထုတ်ပြန်သည်။
ယနေ့နံနက်ပိုင်းက ကျောက်မဲမြို့ရှိ စစ်ကောင်စီ အမြောက်တပ်ကုန်း အမှတ် ၃၅၂ အမြောက်တပ်ရင်းနှင့် စခန်းသာကုန်း တို့တွင် တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။ ကျောက်မဲမြို့တွင် ငြိမ်းချမ်းရေးကုန်းအနီး ယမန်နေ့က စတင်၍ TNLA နှင့် စစ်ကောင်စီတပ်များကြား တိုက်ပွဲဖြစ်ပွားခဲ့ကာ ပြည်သူ ၃ ဦး သေဆုံးခဲ့သလို ၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး နေအိမ်များ လည်း ကျည်ထိမှန်ပျက်စီးမှုရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ဒေသခံတဦးက" ဒီနေ့လည်း ဖြစ်နေကြတယ်။ ငြိမ်းချမ်းရေးကုန်းစာသင်ကျာင်းအထက်က အိမ်တွေလည်း ပိတ်မိနေသေးတယ်။ မီးတွေလည်း ဖြတ်ထားတော့ ဖုန်းတွေ လည်း စက်ပိတ်ထားတယ်။ ဆက်လို့မရတော့ဘူး" ဟု ပြောသည်။ TNLA အပါအဝင် မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့ သည် ၁၀၂၇ စစ်ဆင်ရေးအပြီး နမ့်ခမ်း၊ မန်တုံ၊ ကွတ်ခိုင်၊ နမ္မတူ၊ နမ့်ဆန်၊ မိုင်းလုံ၊ မိုင်းငေါ့မြို့ ၇ မြို့ကို တိုက်ခိုက် သိမ်းပိုက်ထားနိုင်ခဲ့ကာ၊ တရုတ်ဖိအားပေးမှုကြောင့် ဇန်နဝါရီ ၁၁ ရက်တွင် ဟိုင်ဂင်သဘောတူချက်ကို လက်မှတ်ထိုး၍ အပစ်ခတ်ယာယီရပ်ခဲ့ပြီးနောက် လက်ရှိ မိုးကုတ်၊ ကျောက်မဲ၊ နောင်ချို စသည့်မြို့များ၌ တိုက်ပွဲများ ပြန်လည် ဖြစ်ပွား နေခြင်း ဖြစ်သည်။
၂။ ကျောက်မဲမြို့ထိပ်ရှိ အမြောက်တပ်နှင့် ပြည်သူ့ဆေးရုံကို TNLA သိမ်းပိုက်
ဇွန် ၂၆ ၊ Myanmar Pressphoto Agency
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ထိပ်ရှိ အမြောက်တပ်နှင့် ပြည်သူ့ဆေးရုံတို့ကို TNLAပူးပေါင်းတပ်က ယနေ့နံနက် ပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ ယနေ့(ဇွန်လ၂၆ရက်)နံနက်အစောပိုင်းတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် နံနက်ကိုးနာရီခန့်တွင် ကျောက်မဲမြို့အဝင်ထိပ်ရှိ အမှတ်၃၅၂ အမြောက်တပ်၊ပြည်သူ့ဆေးရုံနှင့် ကျောက်မဲမြို့နှင့် ခြောက် မိုင်ခန့်အကွာ ကျောက်မဲ-နောင်ချိုလမ်းပေါ်ရှိ စခန်းသာတပ်စခန်းတို့ကို TNLAပူးပေါင်းတပ်က သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း TNLAနှင့်နီးစပ်သည့် မြေပြင်သတင်းရင်းမြစ်ထံက သိရသည်။ “ဟုတ်တယ်။ အေမြာက်တပ်၊ဆေးရုံနဲ့ တပ်စခန်းတချို့ကို ရသွားပြီ။ အခုလောလောဆယ် မအားသေးဘူး” ဟု ၎င်းက MPA သို့ ပြောသည်။ ယနေ့ ကျောက်မဲမြို့သိမ်းတိုက်ပွဲအတွင်း စစ်သားသုံးဦးကို အရှင်ဖမ်းမိခဲ့ကြောင်းလည်း သိရသည်။
၃။ ကျောက်တံခါးမြို့မှ စစ်ကောင်စီဂိတ် ၂ ခုကို ပူးပေါင်းတပ်ဖွဲ့တိုက်ခိုက်မှု ၁၆ ဦး သေဆုံး
ဇွန် ၂၆ ၊ Mizzima
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့ရှိ စစ်ကောင်စီဂိတ်နှစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)နှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ ၁၆ ဦးသေဆုံးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရ သည်။ ဇွန်လ ၂၅ ရက်နေ့ နံနက် ၁ နာရီဝန်းကျင်က ကျောက်တံခါးမြို့၊ ဈေးပိုင်းရပ်ကွက် (၁)လမ်းရှိဂိတ်နှင့် ဈေးပိုင်း ရပ်ကွက် (၂) လမ်းထိပ်ရှိ စစ်ကောင်စီဂိတ်တို့ကို KNLA နှင့် PDF ပူးပေါင်းတပ်များက ဝင်ရောက် တိုက်ခိုက်ရာမှ အပြန် အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဟု သိရသည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ၁၆ ဦး သေဆုံး၍ KNLA နှင့် PDF ပူးပေါင်းတပ်မှ ရဲဘော် တဦးကျဆုံးခဲ့ကြောင်း သိရသည်။ “အဲ့ဒီတိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ၁၆ ဦး သေဆုံးတယ်လို့တော့ ကြေးနန်းသတင်းရ ထားတယ်”ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD)၊ တောင်ပိုင်းတိုင်း စစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၊ ဒု- စစ်ဒေသခွဲမှူး ရဲဘော်တင်ဦးက မဇ္ဈိမကို ပြောသည်။
အဆိုပါ ပစ်ခတ်မှုများအပြီး နံနက် ၂ နာရီခွဲဝန်းကျင်တွင် စစ်ကောင်စီတပ်က ခလရ (၂၆၄)မှ လက်နက်ကြီးပစ်ကူများအသုံး ပြုကာ စစ်ကားငါးစီးဖြင့် ကျောက်တံခါးမြို့ပေါ်သို့ အင်အားဖြည့်တင်းထားကြောင်း သိရသည်။
၄။ တီးတိန်တွင် တိုက်ပွဲဆက်လက်ပြင်းထန်
ဇွန် ၂၆ ၊ Mizzima
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ် ၊ သိုင်းငင်းရွာတွင် စစ်ကောင်စီတပ်နှင့် ချင်းပြည်ကောင်စီ(CC) တပ်ဖွဲ့ဝင်များ အကြား ယနေ့(ဇွန်လ ၂၆ ရက်)ထိ တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး သိုင်းငင်းရွာလူနေအိမ်များကိုလည်း စစ်ကောင်စီ တပ်သားများက မီးရှို့နေကြောင်း People Defence Army (PDA-Tedim)တပ်ဖွဲ့ထံမှ သိရသည်။
ကလေး-တီးတိန်ကားလမ်းမပေါ်ရှိ သိုင်းငင်းတပ်စခန်းကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် တီးတိန်မြို့မှ စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ကြပြီးနောက် ဇွန်လ ၂ ၀ရက်နေ့ ညပိုင်းမှစပြီး တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်ဟု People Defence Army တပ်ဖွဲ့တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။လက်ရှိ စစ်ကောင်စီတပ်ဖွဲ့များသည် သိုင်ငင်းရွာ ဆုတောင်း တောင်နှင့် အခြေခံပညာကျောင်းဆောင်အနီးရှိ လူနေအိမ်နှင့် ကလေး-တီးတိန်-ဖလမ်းလမ်းဆုံနေရာများတွင် နေရာယူ လျက်ရှိကြောင်း သိရသည်။
၅။ ကျောက်မဲတိုက်ပွဲ စစ်သား ၁၇ ဦး TNLA ထံ လက်နက်ချ
ဇွန် ၂၆ ၊ The Irrawaddy
ကျောက်မဲမြို့တိုက်ပွဲအတွင်း အမှတ် ၁ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ စစ်သား ၁၇ ဦးမှာ ယနေ့ ညနေ ၄ နာရီခန့်တွင် လက်နက်ချအညံ့ခံခဲ့ကြောင်း ပလောင် (တအာင်း)အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) က သတင်းထုတ်ပြန်သည်။ TNLA ပူးပေါင်းတပ်များအနေဖြင့် ယမန်နေ့က စတင်ကာ ကျောက်မဲမြို့ နယ်အတွင်း စစ်တပ်စခန်း များအား ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး ကျောက်မဲမြို့တောင်ဘက်အထွက်ရှိ ခြေမြန်တပ်ရင်း ခမရ ၅၀၂ တပ်ရင်းဌာနကိုလည်း တိုက်ခိုက်နေကြောင်း ဆိုသည်။ ၂ ရက်တာတိုက်ပွဲအတွင်း TNLA ပူးပေါင်းတပ်များသည် မြို့ပြင်စခန်းကုန်းအချို့အား သိမ်းပိုက်ကာ ကျောက်မဲမြို့အတွင်းထဲထိ ဝင်ရောက်နေ ရာယူထားနိုင်ပြီဖြစ်ပြီး တပ်ရင်းဌာနချုပ်များအား ဆက်လက် ထိုးစစ်ဆင်လျက်ရှိသည်။
၆။ မြင်းမူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ တိုက်ခိုက်၊ ရန်သူတပ်သား ၂ ဦးသေဆုံးပြီး ၉ ဦး ပြင်းထန်ဒဏ်ရာရ
ဇွန် ၂၆ ၊ PVTV
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေး ညီနောင်မဟာမိတ်တွေက ဇွန် ၂၄ရက်မှာ "Shar Htoo WAW"နည်းပညာ တိုက်ခိုက်ရေး Fixed Wings ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Urban Hunter Force-UHFက ထုတ်ပြန်လိုက်ပါတယ်။ မြင်းမူမြို့နယ်၊ အလ္လကပ္ပနဲ့ ဝမ်းပြည့်ကြားတစ်နေရာမှာ ပြည်သူတွေကို ဂိတ်ကြေးဆက်ကြေးကောက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီဂိတ်စခန်းကို ဇွန် ၂၄ ရက် နေ့လည် ၁နာရီ ၃၀ မိနစ်ကနေ ၃ နာရီ ၃၀ မိနစ်အထိ "Shar Htoo WAW"နည်းပညာ တိုက်ခိုက်ရေး Fixed Wings ဒရုန်းနဲ့ 1.5kg AIR BOMB (၅)လုံး ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြင်းမူမြို့မရဲစခန်းနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ အခြေချနေထိုင် နေတဲ့ ကြားနေရာကို ဇွန် ၂၄ ရက် ညနေ ၃ နာရီ ၃၀ မိနစ်ကျော်မှာလည်း "Shar Htoo WAW"နည်းပညာ တိုက်ခိုက်ရေး Fixed Wings ဒရုန်းနဲ့ 1.5kg AIR BOMB (၂)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်သား တွေကို ဒရုန်းနဲ့ တိုက်ခိုက်မှုဖြစ်စဥ်အတွင်း အကြမ်းဖက်စစ်ကောင်စီဘက်က (၂)ဦး ပွဲချင်းပြီး သေဆုံးကာ (၈)ဦး ထိခိုက် ဒဏ်ရာ အပြင်းထန် ရရှိသွားပြီး (၁)ဦးမှာ စာအုပ်ရောင်း ဒုက္ခိတ ဘဝကို ရောက်ရှိသွားတယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုတွေကို ညီနောင်မဟာမိတ်တပ်ဖွဲ့တွေ ဖြစ်ကြတဲ့ Sagaing District Drone Force-SDDF၊ စစ်ကိုင်းခရိုင် အမှတ်(၄)တပ်ရင်း၊ မြင်းခြံခရိုင် အမှတ်(၈)တပ်ရင်း၊ မြင်းမူ ပကဖ၊ Urban Hunter Force-UHF၊ လျှပ်တပြက် စွန်ညို၊ Meikhtila Special defence Force၊ Black Eagle စတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၇။ ရခိုင်မြို့သိမ်းတိုက်ပွဲများ ဆက်လက်ပြင်းထန်နေ
ဇွန် ၂၆ ၊ Myanmar Now
ရခိုင်ပြည်နယ်၊ သံတွဲနှင့် မောင်တောမြို့နယ်တို့ကို သိမ်းနိုင်ရေးအတွက် အာရက္ခတပ်တော် (AA) က ကြိုးပမ်းနေရာ ယနေ့ (ဇွန် ၂၆) တွင်လည်း တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်း ဒေသခံများကို ကိုးကား၍ သိရသည်။
မြန်မာ-ဘင်္ဂလာ့းဒေ့ရှ်နယ်စပ် မောင်တောမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ နခခ (၂) ၄ မိုင်စခန်း ကို သိမ်းပြီးပြီဖြစ်သည်၊ ဆက်လက်ပြီး နခခ (၅) ကို တိုက်ခိုက်နေရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြို့ထဲမှ ခုခံနေသည်ဟု AA နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။ ရခိုင်ပြည်နယ်တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ) ၁၀ ရင်းရှိပြီး ဘူးသီးတောင်မြို့နယ်တွင် ၂ ရင်း၊ မောင်တောမြို့နယ်တွင် ၈ ရင်းအခြေစိုက်သည်။ AA သည် ဧပြီလအတွင်း မောင်တော မြို့နယ် ကြိမ်ချောင်းအခြေစိုက် နခခ (၇)၊ မေလအတွင်း မောင်တောမြို့နယ် ကျီးကန်းပြင်အခြေစိုက် နခခ (၁)၊ ဘူးသီး တောင်မြို့နယ်အခြေစိုက် နခခ (၃) နှင့် နခခ (၈)၊ မောင်တောမြို့နယ် လှဖိုးခေါင်အခြေစိုက် နခခ (၁၀)၊ ဇွန်လပထမပတ် အတွင်း အင်းဒင်ရွာအခြေစိုက် နခခ (၆)၊ မြင်းလွှတ်မြို့နယ်ခွဲအခြေစိုက် နခခ (၉)၊ ဇွန်လဒုတိယပတ်တွင် မောင်တော မြို့နယ် နခခ (၄) ကို သိမ်းယူခဲ့သည်။ ထို့နောက် ယခုရက်ပိုင်းအတွင်း နခခ (၂) ကို သိမ်းနိုင်ခဲ့ပြီးဖြစ်ရာ နောက်ဆုံး လက်ကျန်ဖြစ်သော မောင်တောမြို့နယ် မြို့သူကြီးရှိ နခခ (၅) ကို သိမ်းနိုင်ရေး အပြင်းအထန် တိုက်ခိုက်နေခြင်းဖြစ်သည်။
နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုသတင်းများ
၈။ ဝါရင့်အမေရိကန် သံတမန်နှင့် စစ်ကောင်စီ ရေတပ်အရာရှိ ဗီယက်နမ်တွင် တွေ့ဆုံ
ဇွန် ၂၆ ၊ The Irrawaddy
အာရှနှင့် ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒန်နီရယ် ဂျေခရစ်တန်ဘရင့်ခ်သည် မြန်မာစစ်ကောင်စီ ရေတပ်မှ အဆင့်မြင့်အရာရှိတဦးကို လွန်ခဲ့သောအပတ်က ဗီယက်နမ်တွင် တွေ့ဆုံခဲ့ကြောင်း ထိုတွေ့ဆုံမှုကို သိသည့် သတင်းရင်းမြစ်တခုက ပြောသည်။မစ္စတာ ခရစ်တန်ဘရင့်ခ်သည် နှစ်နိုင်ငံအကြား သေနင်္ဂဗျူဟာ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရန်နှင့် လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသကို နှစ်နိုင်ငံထောက်ခံမှုအတွက် ဇွန်လ ၂၁ နှင့် ၂၂ နေ့ရက်များတွင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းသို့ သွားရောက်ခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာက ဖော်ပြသည်။ ထိုခရီးစဉ်အတွင်း မစ္စတာ ခရစ်တန်ဘရင့်ခ်သည် မြန်မာစစ်ကောင်စီရေတပ် တပ်မှူးတဦးဖြစ်သူ ဗိုလ်မှူးချုပ် ကျော်လင်း ဇော်နှင့် ဟနွိုင်းတွင် တွေ့ဆုံခဲ့သည်။ အခြား အမေရိကန်အရာရှိနှင့် မြန်မာမှ အမေရိကန်သံရုံး အဆင့်မြင့်အရာရှိဖြစ်သူ သံရုံးယာယီ တာဝန်ခံ ဆူဇန် စတီဗင်ဆင်လည်း ထိုအစည်းအဝေးသို့ တက်ရောက်ကြောင်း ဧရာဝတီက သိရသည်။ သို့သော် ထိုအစည်းအဝေး အစီအစဉ်ကို မသိရပေ။ အမေရိကန် ပြည်ထောင်စုသည် မြန်မာစစ်ကောင်စီ လမ်းကြောင်းပြောင်းရေး ဖိအားပေးရန် ရနိုင်သမျှ သံတမန်ရေး နည်းလမ်းအားလုံးကို အသုံးပြုနေကြောင်း၊ မြန်မာနှင့် ပတ်သက်သည့် အမေရိကန် မူဝါဒ မပြောင်းလဲကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောသည်။
လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ
၉။ ကျောက်မဲမှာ လက်နက်ကြီးကြောင့် လေးဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရ
ဇွန် ၂၆ ၊ The Irrawaddy
တိုက်ပွဲပြင်းထန်နေတဲ့ ကျောက်မဲမြို့ပေါ်မှာ ဇွန်လ ၂၆ ရက် နေ့လယ် ၁ နာရီအချိန်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး မိသားစုဝင်လေးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ဒီအပြင် နောက်ထပ် အရပ်သား ခုနစ်ဦး လည်း ဒဏ်ရာရရှိခဲ့ပါတယ်။ ရန်ကင်းရပ်ကွက် မိန်းလမ်းပေါ်က စစ်ကောင်စီ အထူးစုံစမ်းစစ်ဆေးရေးဌာနအနီးက နေအိမ် ပေါ်ကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “မိသားစုဝင် ငါးယောက်ထဲမှာ လေးယောက်သေသွားပြီ။ သမီးတစ်ယောက်ပဲ ကျန်ခဲ့တယ်။ သားတစ်ယောက်၊ သမီးတစ်ယောက်၊ လင်မယားနှစ်ယောက် လုံး သေသွားပြီ”။ ဇွန်လ ၂၆ ရက် မနက်ပိုင်းမှာလည်း ရန်ကင်းရပ်ကွက်ထဲ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲပြီး ကလေးငယ်တစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရခဲ့တယ်လို့ သူက ပြောပါတယ်။ ဒီအပြင် သစ်တောလမ်းနဲ့ အုတ်ကျင်းရပ်ကွက် မှာလည်း ဒဏ်ရာရသူသုံးဦးရှိနေပြီး တိုက်ပွဲဖြစ်ပွားနေလို့ ဒဏ်ရာရသူတွေကို အကူအညီ မပေးနိုင်သေးဘူးလို့ ကယ်ဆယ် ရေးလုပ်နေသူတွေက ပြောပါတယ်။
၁၀။ မိုးကုတ်တွင် လူနာသွားပို့သည့် ပရဟိတသမား ၃ ဦး ပစ်သတ်ခံရ
ဇွန် ၂၆ ၊ DVB
မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်း လောကဟိတ ပရဟိတသမား ၃ ဦး မိုးကုတ်မြို့အရှေ့ပိုင်း ပြည်သူ့ဆေးရုံကို လူနာ သွားပို့ပြီး အပြန်မှာ ပစ်သတ်ခံလိုက်ရတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။ မိုးကုတ်မြို့အနောက်ပိုင်း ရက်ချရပ်ကွက် က ဒဏ်ရာရ လင်မယား ၂ ဦးကို လောကဟိတ ပရဟိတကားနဲ့ ဆေးရုံပို့ဆောင်ပြီး အပြန်မှာ ပျောက်ဆုံးနေတာဖြစ်ပြီး ပရဟိတကားကို မိုးကုတ်မြို့အနောက်ပိုင်းက သဲရပ်ကွက်နားမှာ ရပ်ထားတာ တွေ့ရတယ်လို့ နီးစပ်သူတဦးက ပြောပါ တယ်။ နီးစပ်သူတဦးက “မနေ့က လင်မယားနှစ်ယောက်ပို့ပြီး အပြန် ညပြန်မလာလို့ လိုက်စုံစမ်းတာ၊ ဆေးရုံမှာလည်း မရှိဘူး၊ ဖမ်းထားလားဆိုတော့လည်း မရှိဘူး၊ ခု စုံစမ်းလို့မရဘူး၊ ညဘက်ပြန်မလာမှ ပျောက်နေမှန်းသိတာ၊ ခုသိရ သလောက်ဆို စစ်တပ်က စစ်ဆေးမေးမြန်းပြီး ပစ်သတ်လိုက်တယ်လို့တော့ ကြားထားရတယ်” လို့ ပြောပါတယ်။
၁၁။ အိုးဘိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ကိုထက်ရန်နိုင်ကို ထောင်ဝန်ထမ်းတွေက ရိုက်နှက်သတ်ဖြတ်ပြီး နှုတ်ပိတ်
ဇွန် ၂၆ ၊ PVTV
မန္တလေး၊ အိုးဘိုအကျဉ်းထောင်မှာ ထောင်ဝန်ထမ်းတွေရဲ့ မူးယစ်ဆေးဝါးရောင်းချမှုကို လက်ပူးလက်ကြပ်တွေ့မိတဲ့ နိုင်ငံရေးအကျဉ်းသား ကိုထက်ရန်နိုင်ကို ထောင်ဝန်ထမ်းတွေက ရိုက်နှက်သတ်ဖြတ်ပြီး နှုတ်ပိတ်လိုက်တယ်လို့ မြန်မာနိုင်ငံ လုံးဆိုင်ရာ နိင်ငံရေးအကျဉ်းသားများ ကွန်ရက်(PPNM)က ဒီမနက်ထုတ်ပြန်ပါတယ်။ အိုးဘိုထောင် အမျိုးသားအိပ်ဆောင် (၃) ရာဇသတ်ကြီးပုဒ်မ-၅၂(က) နဲ့ စစ်ကိုင်းတရားရုံးက အလုပ်ကြမ်းနဲ့ထောင်ဒဏ်၄နှစ်ကျခံနေရတဲ့ အသက်(၂၃)နှစ်ကျော် အရွယ် နိုင်ငံရေးအကျဥ်းသား ကိုထက်ရန်နိုင်(ခ)ကိုထက် (ဘ)ဦးအေးကိုဥပဒေမဲ့ ဝိုင်းဝန်းရိုက်နှက်သတ်ဖြတ် လိုက်ကြတာ လို့ ဆိုပါတယ်။ "ထောင်မှာ အခန်းစာရေးအဖြစ် လုပ်ကိုင်နေတဲ့ အကျဉ်းသားတစ်ဦး မူးယစ်ဆေးဝါးအရောင်း အဝယ်လုပ် နေစဉ် လက်ပူးလက်ကြပ်မိလို့ အကျဉ်းထောင်ဝန်ထမ်းတွေကို တိုင်တန်းဖို့ကြိုးစားခဲ့စဉ် ဝိုင်းဝန်းရိုက်နှက်သတ်ဖြတ် ခံရ တာ"လို့ PPNM ကထုတ်ပြန်ပါတယ်။အဲ့ဒီဖြစ်စဥ်ကို အဲ့ဒီအခန်းသူကြီးတန်းစီးက မတိုင်တန်းဖို့ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် ကိုထက်ရန်နိုင်ဘက်က ပြေလည်ခဲ့သော်လည်း အခန်းစာရေးအကျဉ်းသားက မကျေနပ်ပဲ အဆောင်(၃)ရဲ့ ဒုအဆောင်မှူး တပ်ကြပ် ဇေယျာအောင်ကို လုပ်ကြံလီဆယ်ပြီး တိုင်တန်းခဲ့တယ်လို့ ဆိုပါတယ်။
Comments