top of page
Writer's pictureMyo Yan Naung Thein

နေ့စဉ်သတင်းစုစည်းမှု - ၂၀၂၄ ခုနှစ် ဇူလိုင် ၁၀ ရက်

နေ့စဉ်သတင်းစုစည်းမှု

10-July-2024



တိုက်ပွဲသတင်း

 

၁။ နောင်ချို ဒုံးတပ်ရင်း (၆၀၆) ကို TNLA ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်

 

ဇူလိုင် ၁၀ ၊ People’s Spring

 

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ရှိ စစ်ကောင်စီ၏ ဒုံးတပ်ရင်း(၆၀၆)ကို တအာင်းတပ်မတော်(TNLA)ပူးပေါင်းတပ်က ဇူလိုင် ၉ ရက်တွင် သိမ်းပိုက်ရရှိခဲ့သည်။ နောင်ချိုမြို့တွင် ဇွန် ၂၅ ရက်မှစတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)အတွင်း ခြေမြန်တပ်ရင်း (၁၁၅) အပါအဝင် မြို့မရဲစခန်းနှင့် ဌာနဆိုင်ရာ နေရာများကို TNLA၊ မန္တလေး PDFနှင့် မဟာမိတ်ပူးပေါင်း တပ်များက သိမ်းပိုက်ထားသည်။ နောင်ချိုမြို့တွင် အမြောက်တပ်လည်းကျန်ရှိနေသေးပြီး ဒုံးတပ်ရင်း(၆၀၆)မှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် အမြောက်တပ်သို့ ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရှိရသည်။

 

၂။ မိုးကုတ်နှင့်မိုးမိတ် တပ်စခန်းလေးခုကို TNLA သိမ်းပိုက်

 

ဇူလိုင် ၁၀ ၊ Myanmar Pressphoto Agency

 

မိုးကုတ်နှင့်မိုးမိတ်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း လေးခုကို တအောင်းတပ်မတော် TNLA က ဇူလိုင် ၉ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ်အတွင်းရှိ သရက်တောစခန်း၊ မိုင်တိုင်ခြောက် စခန်းနှင့် မိုးကုတ် မြို့နယ်အတွင်းရှိ မိုင်တိုင်ငါးစခန်း နှင့် ယောမူးစခန်းတို့ ဖြစ်သည်။ မိုးမိတ်မြိုနယ်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ခြောက်ကြိမ် ဗုံးကြဲတိုက်ခိုက်ရာ ရွှေတောင်ဦးရှိနေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲမှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် တစ်ဦး ပွဲချင်းပြီးသေဆုံးပြီးနှစ်ဦး ဒဏ်ရာရရှိခဲ့သည့်အပြင် သရက်တောဘုန်းကြီးကျောင်းထဲသို့ စစ်ကောင်စီတပ် ပစ်ခတ် သည့် လက်နက်ကြီး ကျရောက်ပေါက် ကွဲမှုကြောင့် ဘုန်းကြီး တစ်ပါး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း သိရှိရသည်။

 

၃။ ချောင်းဦးတွင် လမ်းလုံခြုံရေး စစ်သားများကို အလစ်ဝင်တိုက်၊ နှစ်ဦး သေဆုံး

 

ဇူလိုင် ၁၀ ၊ Myanmar Pressphoto Agency

 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ရွာအနီး၊ မုံရွာ-မန္တလေးလမ်းပိုင်းပေါ် လုံခြုံရေးယူနေသည့် စစ်သားများကို အလစ် အငိုက်ဝင်ရောက်တိုက်ခိုက်ရာ နှစ်ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့သည်။ ချောင်းဦးမြို့နယ်၊မုံရွာ-မန္တလေး လမ်း ပိုင်း၊ခင်မွန်ရွာ ဘက်စုံခြံအနီး ကြေးနီးသယ်ကားတန်းကို လမ်းလုံခြုံရေးယူနေသည့် စစ်သားများအား ပစ်ခတ်တိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်။ စစ်တပ်ဘက်က ပြန်လည်ပစ်ခတ်မှုရှိသော်လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

၄။ ရေစကြိုတွင် စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

 

ဇူလိုင် ၁၀ ၊ Mizzima

 

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ခလရ (၂၅၈) လင်းကတော နယ်မြေရဲစခန်းသို့ ရိက္ခာပို့ပြီးပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ ကို ဇူလိုင်လ ၉ ရက်တွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးပြီး ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့သည်။

တိုက်ခိုက်မှုအတွင်း ဒရုန်းများဖြင့် အီနာဂါဗုံးသီး ကြဲချတိုက်ခိုက်ခြင်း ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ပြီး လက်နက်ငယ်များဖြင့်လည်း အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲကြာချိန် မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့သည်။

တိုက်ခိုက်မှုအတွင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်တွင် ထိခိုက်မှုမရှိ အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ပြီး ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် ပခုက္ကူခရိုင်တပ်ရင်း (၂၉)တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

 

လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ

 

၅။ စစ်ကောင်စီတပ်တိုက်ခိုက်၍ ကျောက်ကြီးဒေသခံနှစ်ဦး ထပ်မံသေဆုံး

 

ဇူလိုင် ၁၀ ၊ People’s Spring

 

ပဲခူးတိုင်း၊ ကျောက်ကြီး (လယ်ဒို)မြို့နယ်အတွင်းသို့ ဇူလိုင် ၈ ရက်က စစ်ကောင်စီတပ် လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့၍ အရပ်သားပြည်သူ နှစ်ဦးသေဆုံးပြီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။စစ်ကောင်စီ၏ ခလရ(၂၆၄) တပ်ရင်းမှ ၁၂၀ မမ လက်နက်ကြီး ပစ်ခတ်မှုကြောင့် တောင်ခင်ကျေးရွာဘက်တွင် (၆) လုံး၊ နွားရေကြောင်းကျေးရွာ ဘက် တွင် (၇) လုံး၊ လေးအိမ်စု ကျေးရွာတွင် (၅) လုံးနှင့် အလှိုင်ဘက်တွင်(၁)လုံးစုစုပေါင်း(၁၉) လုံး ကျရောက်ပေါက်ကွဲခဲ့ ကြောင်း သိရှိရသည်။စစ်ကောင်စီတပ်၏ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတိုက်ခိုက်မှုများကြောင့် KNU နယ်မြေအတွင်း ရှိ ပြည်သူများထိခိုက်သေဆုံးမှုများ ရှိခဲ့သည့်အပြင် ဒေသခံပြည်သူများစွာ ဘေးလွတ်ရာ တိမ်းရှောင်ရခြင်းများလည်း ရှိခဲ့ သည်။

 

၆။ မုံရွာတွင် စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီး ထိမှန်ကာ ပြည်သူနှစ်ဦး သေဆုံး

 

ဇူလိုင် ၁၀ ၊ Myanmar Pressphoto Agency

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်း ဇူလိုင် ၁၀ ရက်တွင် စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်ကာ ပြည်သူနှစ်ဦး သေဆုံးခဲ့သည်။ မုံရွာ-မန္တလေးလမ်းမ၊ မြေနဲရွာအနီး စွမ်းရည်ထက် စစ်ဆေးရေးဂိတ်မှ စစ်ကောင်စီတပ်က လက်နက်ကြီး ဖြင့် ပစ်ခတ်ခဲ့ရာ မုံရွာ - အမြင့်လမ်းပေါ်ရှိ ထန်းနောင်းတောရွာသို့ ကျရောက်ခဲ့ပြီး နံနက်တစ်ဦး၊ ညတစ်ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။ အလားတူထန်းနောင်းတောရွာသို့ လက်နက်ကြီးကျရောက်ခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး ထိမှန်ခဲ့ပြီး အမျိုးသမီးမှာ ဆေးရုံ၌ သေဆုံးသွားခြင်းဖြစ်သည်။

 

၇။ လားရှိုးမှာ ရှော့တိုက်ဒုံးကြောင့် အရပ်သားသုံးဦး သေဆုံး

 

ဇူလိုင် ၁၀ ၊ RFA

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ ရပ်ကွက် (၉) က ဘူတာရုံအနီးကို ဇူလိုင်လ ၁၀ ရက် မနက်ပိုင်းက ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သားသုံးဦး သေဆုံးပြီး နောက်ထပ် လူငါးဦးထက်မနည်း ဒဏ်ရာရရရှိခဲ့ပါတယ်။

အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသမီးနှစ်ဦးနဲ့ ၉ နှစ်အရွယ် ယောက်ျားလေးတစ်ဦး သေဆုံးခဲ့တာပါ။

 

၈။ ဘုတလင်မြို့နယ်နှင့် မုံရွာမြို့နယ်ရှိ ကျေးရွာဆေးခန်းနှင့် ထနောင်းတော မြောက်ရွာကို စစ်တပ်က ဒရုန်း၊ လက်နက် ကြီးများဖြင့် တိုက်ခိုက်မှု အသက် ၂ နှစ်အရွယ်ကလေး ၁ ဦးအပါအဝင် ၉ ဦး သေဆုံး

 

ဇူလိုင် ၁၀ ၊ Khit Thit Media

 

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ထနောင်းကုန်းကျေးရွာဆေးခန်းနှင့် ထနောင်းတောမြောက်ရွာကို ဇူလိုင်လ ၁၀ ရက်တွင် စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် အသက် ၂ နှစ် အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ၉ ဦး သေဆုံးခဲ့ရသည်။အဆိုပါ တိုက်ခိုက်မှုကို အနောက်မြောက်တိုင်းစစ်ဌာနချုပ် - နမခ မှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ လမ်းပိုင်း စစ်ဆေးနေစဉ် ပထမအကြိမ် ဗုံးကျဲ တိုက်ခိုက်ခံရကာ ဒဏ်ရာရရှိ သူများကို ထနောင်းကုန်းကျေးရွာ ဆေးခန်းသို့ သယ်ယူပြီး ကုသနေစဉ် ထပ်မံဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

၉။ မင်းလှမြို့ပေါ်တွင် စိတ်ရောဂါ ခံစားနေရသည့် ပြည်သူ ၁ ဦးကို PDF တပ်ဖွဲ့ဝင်ဟု စွပ်စွဲပြီး စစ်ကောင်စီ တပ်သားများက ဖမ်းဆီး ရိုက်နှက် သတ်ဖြတ်

 

ဇူလိုင် ၁၀ ၊ Khit Thit Media

 

ပဲခူးတိုင်း၊ မင်းလှမြို့ပေါ်တွင် စိတ်ရောဂါ ခံစားနေရသည့် ပြည်သူ ၁ ဦးကို PDF တပ်ဖွဲ့ဝင်ဟု စွပ်စွဲပြီး ဇူလိုင် ၇ ရက်နေ့တွင် စစ်ကောင်စီ တပ်သား များက ဖမ်းဆီးရိုက်နှက် သတ်ဖြတ်ခဲ့သည်။ မင်းလှမြို့ မြောက်ဘက်မြို့သစ် ၅ လမ်း ရထားလမ်းထိပ် ကင်းတဲတွင် အရက်မူးပြီး အိပ်ပျော်နေသော သံထည်ပစ္စည်းအဟောင်းအဝယ်ဒိုင်တွင် အလုပ်လုပ်နေသူ စိတ်ရောဂါ ခံစား နေရသည့် ကိုပြားကြီးဆိုသူကို PDF တပ်ဖွဲ့ဝင်ဟု စွပ်စွဲပြီး စစ်သား၊ ရဲများ ပါဝင်သော ပတ်ကင်းက ဖမ်းဆီးခေါ်ဆောင်သွား ကြောင်း သိရသည်။ ထို့သို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် စစ်သား၊ ရဲများက ကိုပြားကြီးကို ဖမ်းဆီး ရိုက်နှက် စစ်ဆေးစဉ် လက်ယာမျက်လုံး ဖူးရောင်ကျွတ်ထွက်မတတ် သူငယ်အိမ်ပျက်စီးဒဏ်ရာ၊ ကိုယ်တွင်းကြေဒဏ်ရာများရရှိခဲ့ ကြောင်း၊ ကိုပြားကြီးကို မင်းလှဆေးရုံသို့ ပို့ဆောင်ကုသစဉ် ရရှိခဲ့သော ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။

 

၁၀။ မြိုင်တွင် စစ်တပ်က အမျိုးသမီး ၁ ဦးကို မုဒိမ်းကျင့်သတ်ဖြတ်ပြီး နေအိမ် ၃၀ နီးပါး မီးရှို့ဖျက်ဆီး

 

ဇူလိုင် ၁၀ ၊ DVB

 

မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်း၊ အိုရင်းကျေးရွာက အမျိုးသမီးတဦးကို စစ်ကောင်စီတပ်သားတွေက ဇူလိုင် ၇ ရက်နေ့ မှာ မုဒိမ်းကျင့်သတ်ဖြတ်ပြီး လူနေအိမ် ၃၀ နီးပါးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ စစ်ကောင်စီတပ်သားတွေဟာ အိုရင်း ကျေးရွာအတွင်းမှာ တနေကုန်နီးပါးနေပြီး ရွာခံပြည်သူတွေရဲ့ နေအိမ်တွေအတွင်းက အဖိုးတန်ပစ္စည်းတွေ၊ ဆန်ဆီ အစရှိ တဲ့ စားစရာတွေကို ယူဆောင်သွားကြတဲ့အပြင် ည ၈ နာရီဝန်းကျင်မှာ ကျေးရွာသားတွေရဲ့ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီး ခဲ့ကြတာပါ။ဒါ့အပြင် စစ်ကောင်စီတပ်သားတွေဟာ ဒေသခံပြည်သူတွေနဲ့ အိုရင်းကျေးရွာ ဘုန်းကြီးကျောင်းက သံဃာတော် တွေရဲ့ ဖုန်းတွေကိုပါ သိမ်းဆည်းယူဆောင်သွားကြပြီး ဒေသခံပြည်သူ ၂၀ နီးပါးကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင် သွားကြတယ်လို့ သိရပါတယ်။

 

၁၁။ မိုးကုတ်မြို့တွင် စစ်တပ်လက်နက်ကြီးကြောင့် ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရ

 

ဇူလိုင် ၁၀ ၊ DVB

 

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်း လူနေရပ်ကွက်တွေပေါ်ကို ဇူလိုင် ၁၀ ရက်တွင် စစ်တပ်က လက်နက်ကြီး ဆက်တိုက် ပစ်နေတာကြောင့် ပြည်သူတဦး သေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ မိုးကုတ်မြို့တွင်းက မင်းတံတားရပ်ကွက်၊ ဟပ်ဖလားရပ်ကွက်၊ အောင်နန်းရပ်ကွက်နဲ့ စည်ပင်သာယာရပ်ကွက်တွေပေါ် လက်နက်ကြီး ကျခဲ့ တာလို့ မြို့ခံတဦးက ပြောပါတယ်။ မိုးကုတ်မြို့၊ စည်ပင်သာယာရပ်ကွက် လူနေအိမ်ပေါ် လက်နက်ကြီးကျတာကြောင့် ပြည်သူတဦး ဒဏ်ရာရခဲ့သလို ဟပ်ဖလားရပ်ကွက်ထဲ လက်နက်ကြီးကျတာကြောင့် ပြည်သူ ၃ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

 

 

 

၁၂။ နွားထိုးကြီးတွင် အိမ်​ ၅၀၀ ကျော်ကို စစ်​ကောင်စီမီးရှို့၊ သက်ကြီးရွယ်အို ၅ ဦးသေဆုံး

 

ဇူလိုင် ၁၀ ၊ DVB

 

မန္တ​လေးတိုင်း၊ နွားထိုးကြီးမြို့နယ် လက်ဝဲ - မြင်းနီ​ကျေးရွာရှိ အိမ်​ခြေ ၅၀၀ ကျော်အား ဇူလိုင်လ ၁၀ ရက်တွင် စစ်​ကောင်စီ တပ်က မီးရှို့ဖျက်ဆီး ခြင်း​ကြောင့် နာမကျန်းသက်ကြီးရွယ်အို ငါးဦး​သေဆုံးသွား​ကြောင်း သိရသည်။ စစ်​ကောင်စီတပ်သား များသည် လက်ဝဲ-မြင်းနီ​ကျေးရွာသို့ လက်နက်ကြီး ၆၀ မမဖြင့် ၁၀ ကြိမ်၊ ၄၀ မမ ဖြင့် ငါးကြိမ်ပစ်ခတ်မှု​ကြောင့် မီး​လောင် သည့်အပြင် ဓါတ်ဆီ​လောင်း၍ မီးရှို့မှုများလည်း ပြုလုပ်​နေ​ခြင်းဖြစ်ကြောင်း သိရ​သည်။ထို့အပြင် နီးစပ်ရာ​ကျေးရွာများဖြစ်​သော တံစိုးနှင့်လက်သမားကန်​ကျေးရွာ နေအိမ်များမှ ဆိုင်ကယ်နှင့် တန်ဖိုးကြီးပစ္စည်းများလည်း ​ဖောက်ထွင်းယူ​ဆောင် သွားကြောင်း သိရသည်။



 

 

 

28 views0 comments

Comentarios


bottom of page