top of page
Writer's pictureMyo Yan Naung Thein

နေ့စဉ်သတင်းစုစည်းမှု - ၂၀၂၄ ခုနှစ် ဇူလိုင် ၁၁ ရက်

Updated: Jul 13

နေ့စဉ်သတင်းစုစည်းမှု

11-July-2024



တိုက်ပွဲသတင်း

 

၁။ ပုလော ၅ မိုင်ရွာတိုက်ပွဲ ခလရ၂၈၅ မှ ဗိုလ်မှူး ၁ ဦးအပါ ၅ ဦး သေဆုံး

 

ဇူလိုင် ၁၁ ၊ The Irrawaddy

 

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ၅ မိုင်ကျေးရွာအနီးသို့ ဇွန်လ ၁၀ရက်က အင်အား ၅၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော ခလရ၂၈၅ တပ်ဖွဲ့ဝင်များကို ဒေသခံတော်လှန်ရေးပူးပေါင်းတပ်များတိုက်ခိုက်ရာ ဗိုလ်မှူး ၁ ဦးအပါ ၅ ဦးသေဆုံးပြီး၂ ဦး အရှင်ဖမ်းမိခဲ့သည်။ စစ်ကောင်စီ၏ လက်အောက်ခံ ခလရ ၂၈၅ ဘက်မှ ဗိုလ်မှူး သက်ထွန်းအောင် အပါအဝင် စစ်သား ၅ ဦး သေဆုံးခဲ့ပြီး တပ်ကြပ်ကြီး မောင်ဖြူနှင့် တပ်ကြပ် မြမောင်တို့ကို အရှင်ဖမ်းဆီးခဲ့ကြောင်း၊ MA-7 ၆၀ မမ စိန် ပြောင်း ၁ လက်၊ ၆၀ မမ ကျည် ၃ ခု၊ MA-1 ရိုင်ဖယ် ၁ လက်၊ MA-2 အပေါ့စား စက်သေနတ် ၂ လက်၊ MA-3 ရိုင်ဖယ် ၃ လက်၊ MA-5 ပစ္စတို ၁ လက်၊ လက်ပစ်ဗုံးအပါအဝင် စစ်အသုံးအဆောင်ပစ္စည်းများလည်း ရရှိခဲ့ကြောင်း ဓာတ်ပုံနှင့်တကွ ထုတ်ပြန် ထားသည်။ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပုလော)၊ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း၊ ကရင် အမျိုးသား ကာကွယ် ရေးတပ် (KNDO)၊ တပ်ရင်း ၇ တပ်ခွဲ ၅၊ ပုလောဒေသကာကွယ်ရေးတပ် (PRDF) မဟာမိတ်များက ပူးပေါင်းတိုက် ခိုက်ခဲ့ခြင်း ဖြစ် သည်။

 

 

၂။ ရေးမြို့နယ်တွင် စစ်ကောင်စီတပ်ကို ကရင်၊ မွန်နှင့် PDF ပူးပေါင်းတပ်များတိုက်ခိုက်

 

ဇူလိုင် ၁၁ ၊ People's Spring

 

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်ကောင်စီ၏ စစ်ကြောင်းကို ပူးပေါင်းတပ်များတိုက်ခိုက်ခဲ့သည်။ ဇူလိုင် ၉ ရက်တွင် စစ်ကောင်စီ၏ ခလရ(၁၀၆)၊ အမြောက်တပ်(၃၁၇)တို့မှ အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို နာရီဝက် ကြာ ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းသည်။တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ၅ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရခဲ့သည်။

 

၃။ ပေါက်ခေါင်းတွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

 

ဇူလိုင် ၁၁ ၊ Khit Thit Media

 

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ကြံ့သေကျေးရွာမှ ပဲခူးရိုးမပေါ်သို့ အင်အား ၃၇ ဦးဖြင့် စစ်ကြောင်းထိုးလာသော စစ်တပ်စစ်ကြောင်းကို ဇူလိုင်လ ၈ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း ၃၆၀၂ မှ ကြားဖြတ်တိုက်ခိုက် ခဲ့ရာ စစ်သား ၅ ဦး သေဆုံးပြီး ၃ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်သားများနှင့် အတတ်နိုင်ဆုံး ဝေးဝေးမှ ရှောင်ရှားနေထိုင်ပေးကြရန်နှင့် စစ်ကောင်စီတပ်သားများအနေဖြင့် ပြည်သူနှင့်ပူးပေါင်း အလင်း ဝင်ရောက်ကြရန် အသိပေးထုတ်ပြန်ထားသည်။

 

၄။ ငဖဲမြို့နယ်၊ မင်းဘူး-အမ်းလမ်းပိုင်းတွင် လေကြောင်းရန်ကာကွယ်ရေးတပ်မှ စစ်ကြောင်းကို ချုံခို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိ

 

ဇူလိုင် ၁၁ ၊ D Day News

 

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ မင်းဘူး-အမ်းလမ်းပိုင်းတွင် စစ်ကောင်စီ၏ လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းမှ စစ်ကြောင်း ကို ချုံခိုတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့သည်။ ဇူလိုင်လ ၉ ရက်က ငဖဲမြို့နယ်၊ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းမှ တပ်အပြောင်းအရွှေ့ပြုလုပ်ရန် ထွက်လာသည့် ခြေလျင် စစ် ကြောင်းကို အမ်း - မင်း ဘူးလမ်းပိုင်းရှိ မှိန်းစိမ်းရွာ လမ်းခွဲအနီးတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ ထို့အပြင် ဒဏ်ရာများဖြင့် ထွက်ပြေးသူများလည်းရှိပြီး စစ်သားများ ထံမှ MA အမျိူးအစား သေနတ် ၁ လက်နှင့် BA- ၆၃ (G – 3) အမျိူးအစား သေနတ် ၁ လက် သိမ်းဆည်း ရရှိခဲ့ပါသည်။

 

၅။ ထားဝယ်မြို့နယ်တွင် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသည့် ကား ၂ စီးကို ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၇ ဦး သေဆုံး

 

ဇူလိုင် ၁၁ ၊ Khit Thit Media

 

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသည့် ကား ၂ စီးကို ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၇ ဦးသေဆုံးခဲ့သည်။ ဇူလိုင်လ ၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် မောင်မယ်ရှောင်ရွာနှင့် ဇဟာရွာ အကြား တွင် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော VIGO ကား ၂ စီးကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။အဆိုပါ တိုက်ခိုက်မှုကို ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF)နှင့် ဓဝယ်အမျိုးသားလွတ်မြောက်ရေး တပ်တော် (DNLA) တပ်ခွဲ (၁) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

 

 

 

 

နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုသတင်းများ

 

၆။ ကြံ့ခိုင်ရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၄ ခုအား တရုတ်နိုင်ငံသို့ ဖိတ်ခေါ်

 

ဇူလိုင် ၁၁ ၊ Mizzima

 

စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီများဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ပြည်သူ့ပါတီ (PP)၊ ရခိုင့်ဦးဆောင်ပါတီ (AFP)နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)တို့မှ ကိုယ်စားလှယ် ၁၇ ဦးအား တရုတ်ကွန်မြူနစ်ပါတီမှ တရုတ်နိုင်ငံသို့ ဖိတ်ကြားစာကို ဇူလိုင်လ ၈ ရက်နေ့က ပေးပို့သည်။ ဇူလိုင်လ ၂၀ ရက်နေ့မှ ၂၇ ရက်နေ့ထိ ခုနစ်ရက်ကြာ ဖိတ်ကြားခြင်းဖြစ်ပြီး ခရီးစဉ်အတွင်း ယူနန်နှင့် ရှန်ဟိုင်း တို့သို့ သွားရောက်ကာ တရုတ်နိုင်ငံ၏ ကျေးလက်ဖွံ့ဖြိုးရေးနှင့် Belt and Road Initiative ဆိုင်ရာ တရုတ်ပညာရှင်များနှင့် အမြင်ချင်းဖလှယ်ဆွေးနွေးမည်ဖြစ်ကြောင်း ဖော်ပြသည်။ USDP မှ ကိုယ်စားလှယ် ခုနစ်ဦးနှင့် ကျန်ပါတီ သုံးခုမှ ကိုယ်စား လှယ် သုံးဦးစီ လာရောက်ရန် စာရင်းပေးသွင်းရမည်ဖြစ်ပြီး ကုန်ကျစရိတ်များအား တရုတ်နိုင်ငံဘက်မှ ကျခံမည်ဟု ဖော်ပြ ထားသည်။ Belt and Road Initiative (BRI) ပိုးလမ်းမစီမံကိန်းသည် ဖွံ့ဖြိုးမှုစီမံကိန်းခေါင်းစဉ်ဖြင့် တရုတ်နိုင်ငံမှ ရင်းနှီး မြှုပ်နှံကာ စီးပွားရေးဆိုင်ရာ ခါးပတ်လမ်း ပိုးလမ်းမစီမံကိန်းနှင့် ၂၁ ရာစု ရေကြောင်းဆိုင်ရာ ပိုးလမ်းမ စီမံကိန်းဟု နာမည် ပေးထားသည့် စီမံကိန်းနှစ်ခုကိုပေါင်းပြီး ခေါ်ဆိုခြင်းဖြစ်သည်။အဆိုပါ တရုတ်ခေတ်သစ်ပိုးလမ်းမကြီး BRI တွင် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းသည် အစိတ်အပိုင်းတခုအဖြစ်ပါဝင်ပြီး ထိုစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံအသုံးပြုရန် လျာထားသည်။

 

၇။ ရိုးမဘဏ်ဥက္ကဋ္ဌ ဦးသိမ်းဝေ၊ CEO ဦးဘမောင်စိန် အပါအဝင် ဒါရိုက်တာ ၉ ဦးကို ငွေကြေးခဝါချမှုဖြင့် ဖမ်းဆီးစစ်ဆေးနေပြီး Yoma Bank အပိတ်ခံရဖွယ် အခြေအနေ ကြုံလာနိုင်

 

ဇူလိုင် ၁၁ ၊ Khit Thit Media

 

အကြမ်းဖက်စစ်ကောင်စီက ရိုးမဘဏ်ဥက္ကဋ္ဌ ဦးသိမ်းဝေ၊ CEO ဦးဘမောင်စိန် အပါအဝင် ဒါရိုက်တာ ၉ ဦးကို ငွေကြေးခဝါ ချမှုဖြင့် စစ်ဆေးနေပြီး Yoma Bank ပိတ်သိမ်း၊ ဖျက်သိမ်းခံရသည့် အခြေအနေအထိ ကြုံလာနိုင်ကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ ဇွန်လဆန်းပိုင်းမှစတင်ပြီး ရိုးမဘဏ် ဥက္ကဋ္ဌ ဦးသိမ်းဝေ၊ CEO ဦးဘမောင်စိန် အပါအဝင် ဒါရိုက်တာ ၉ ဦးကို စစ်ကောင်စီက ဖမ်းဆီး စစ်ဆေးခဲ့ကြောင်း၊ အဓိကအားဖြင့် စစ်ဆေးရာတွင် ဘဏ်၏ Capital ထက်ပိုမိုသော ငွေကြေးများ ပါဝင်နေခြင်းကြောင့် စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရှိရသည်။လက်ရှိ သိရှိထားသော သတင်းများအရ ရိုးမဘဏ်ဥက္ကဋ္ဌ ဦးသိမ်းဝေကို စစ်တပ်က စစ်ဆေးစဉ် အသာတကြည် အစစ်အဆေးမခံသဖြင့် ရိုက်နှက် ညှဉ်းပန်းမှုများရှိခဲ့ပြီး ဆေးကုသမှု ခံယူနေရကြောင်း၊ ကျန်ရှိသော ဒါရိုက်တာများလည်း ဖမ်းဆီး စစ်ဆေးခံနေရဆဲ ဖြစ် ကြောင်း သိရှိရသည်။ ရိုးမဘဏ်ကို ၁၉၉၃ ခုနှစ် မေလတွင် ဦးသိမ်းဝေ၏ FMI ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီမှ စတင်တည် ထောင်ခဲ့ပြီး ယခုအခါ မြို့ပေါင်း ၄၃ ခုတွင် ဘဏ်ခွဲပေါင်း ၈၅ ခုဖွင့်လှစ်ထားကြောင်း သိရှိရသည်။

 

၈။ စစ်ကောင်စီတပ်များရှိသည့် တန့်ယန်းမြို့ကို “ဝ”တပ်ဖွဲ့ အင်အားနှစ်ထောင်ကျော်ဖြင့် ဝင်ရောက်လာ

 

ဇူလိုင် ၁၁ ၊ Khit Thit Media

 

ရှမ်းပြည်နယ်မြောက်ပိုင်း သံလွင်မြစ်ကမ်းနံဘေးတွင်ရှိပြီး “ဝ” ဒေသနှင့် ထိစပ်နေသည့် တန့်ယန်းမြို့ကို ဇူလိုင် ၁၀ရက် တွင် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့(UWSA)တပ်ဖွဲ့အင်အား ၂၀၀၀ ကျော်ခန့် စစ်ကားများဖြင့် ရောက်ရှိလာသည်။ အဆိုပါ UWSA အင်အားအများစုမှာ တန့်ယန်းမြို့အပြင် တန့်ယန်းနှင့် မိုင်းရယ်ကြား မိုင် ၄၀ ခန့်ဝေးသည့် လမ်းပိုင်းရှိ မန်ကတ်၊ မိုင်းပတ် စသည့် ကျေးရွာများနှင့် အဆိုပါ လမ်းပိုင်းတစ်ခုလုံးကို လုံခြုံရေးယူထားသည်ဟု သိရှိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင်ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများ တန့်ယမ်းဘက်သို့ ကူးမလာအေင် စစ်ကောင်စီနှင့် ညှိနှိုင်းပြီး ကြိုတင်ကာကွယ်ခြင်း ဖြစ်သည်ဟု သိရှိရသည်။

 

 

လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ

 

၉။ အိမ်ဗုံးခိုကျင်းမှ ပြေးထွက်လာသော ၁၆ နှစ်သမီးကို စစ်ကောင်စီတပ် ပစ်ခတ်သတ်ပြီး ရွှေနှင့် အဖိုးတန်ပစ္စည်းများ လုယက်သွား

 

ဇူလိုင် ၁၁ ၊ Myanmar Pressphoto Agency

 

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း အိမ်ဗုံးခိုကျင်းထဲမှ ပြေးထွက်လာသော ၁၆နှ စ်သမီးကို စစ်ကောင်စီတပ်က ပစ်ခတ်သတ်ခဲ့ပြီး ရွှေနှင့် အဖိုးတန်ပစ္စည်းများ လုယက်သွားကြောင်း သိရသည်။ ဇူလိုင် ၁၀ ရက်က လောင်းလုံးမြို့နယ်၊ သဗျာရွာတွင် PDF နှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားနေစဉ် စစ်သားအချို့က မသက်ထားခိုင်(ခ)ဝိုင်းလေး၏ အိမ်ထဲသို့ ဝင်လာ ကာ ၎င်း၏ မိဘနှစ်ပါးအား ဖမ်းဆီးခဲ့ကြောင်း ထို့ကြောင့် ဗုံးခိုကျင်းထဲရောက်နေသော မသက်ထားခိုင်က ၎င်း၏ မိဘများ ထံ ပြေးထွက်လာစဉ် စစ်သားများက သေနတ်ဖြင့် ပစ်ခတ်သတ်ခဲ့သည်။ ယင်းပစ်ခတ်မှုကြောင့် မသက်ထားခိုင်၏ လက်မောင်းဆုံကို ကျည်ဆန်ထိမှန်ပြီး ပွဲချင်းပြီးသေဆုံးခဲ့ရသည်။

 

၁၀။ ရေးမြို့နယ်မှာ ဒေသခံတစ်ဦး ပစ်သတ်ခံရပြီး နှစ်ဦး ဖမ်းဆီးခံရ

 

ဇူလိုင် ၁၁ ၊ RFA

 

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ရွာအနီးမှာ ဇူလိုင်လ ၈ ရက်နေ့က ဒေသခံအမျိုးသားတစ်ဦးကို စစ်ကောင်စီတပ် စစ်ကြောင်းက ပစ်ခတ် သတ်ဖြတ်ခဲ့ပြီး နောက်ထပ်နှစ်ဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ကွမ်းခြံက ပြန်လာတဲ့ အသက် ၅၀ အရွယ် အာယုတောင်ရွာသား ဦးနိုင်ဝင်းဟာ စစ်ကောင်စီရဲ့ ခမရ (၃၄၂) တပ်ရင်း စစ်ကြောင်းနဲ့ လမ်းမှာတိုးပြီး ပစ်သတ်ခံရတာပါ။ ၇ ရက်နေ့က တောင်စွန်းနားမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့မှု ခဏဖြစ်တယ်။ နောက်နေ့ နယ်မြေရှင်းလင်းရေးလုပ်ဖို့လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ သွားတိုးလို့ ပစ်သတ်ခံရတာပါ။ သေဆုံးသူရဲ့ ဆိုင်ကယ်ကိုလည်း ယူဆောင်သွားကြတယ်။

 

၁၁။ မောင်တောမှာ လက်နက်ကြီးကြောင့် ရိုဟင်ဂျာနှစ်ဦး သေဆုံး

 

ဇူလိုင် ၁၁ ၊ RFA

 

မောင်တောမြို့မှာ ဇူလိုင်လ ၁၀ ရက်နေ့က ရိုဟင်ဂျာအများစုနေထိုင်တဲ့ မြို့မအနောက်ရပ်ကွက် ဖေစီရွာကို လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲတာကြောင့် ရိုဟင်ဂျာနှစ်ဦး သေဆုံးခဲ့ရပါတယ်။ မောင်တောမြို့မှာ တိုက်ပွဲတွေပြင်းထန်နေတာ ကြောင့် မြို့ပေါ်မှာနေထိုင်သူတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ရတဲ့နည်းနဲ့ ထွက်ပြေးတိမ်းရှောင်တာတွေလည်း ရှိနေတယ်လို့ မောင်တောမြို့ခံတစ်ဦးက ပြောပါတယ်။

 

၁၂။ သံတွဲမှာ လက်နက်ကြီးကြောင့် တစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

 

ဇူလိုင် ၁၁ ၊ RFA

 

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ကျောက်ဆိပ်ရွာမှာ ဇူလိုင်လ ၁၀ ရက်နေ့က စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲတာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး နောက်ထပ်သုံးဦး ဒဏ်ရာရရှိခဲ့ပါတယ်။ လက်နက် ကြီးကျည်တစ်လုံးဟာ နေအိမ်ပေါ်ကို ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သားတွေ ထိခိုက် သေဆုံးခဲ့ရတာပါ

ကျောက်ဆိပ်ရွာဟာ အိမ်ခြေနှစ်ရာခန့်ရှိပြီး သံတွဲမြို့ရဲ့ မြောက်ဘက် ခြောက်မိုင်ခန့်အကွာမှာ တည်ရှိတာပါ။ အဲဒီရွာက ဒေသခံတချို့ ဘေးလွတ်ရာကိုထွက်ပြေးနေကြပြီး တချို့ကလည်း ရွာထဲမှာပဲ ဆက်လက်နေထိုင်ကြတယ်လို့ သိရပါတယ်။


 

 

 

 

 

19 views0 comments

Comments


bottom of page