top of page
Writer's pictureMyo Yan Naung Thein

နေ့စဉ်သတင်းစုစည်းမှု - ၂၀၂၄ ခုနှစ် ဇူလိုင် ၁၅ ရက်

နေ့စဉ်သတင်းစုစည်းမှု

15-July-2024


တိုက်ပွဲသတင်း

 

၁။ ကျောက်မဲတွင် တိုက်ပွဲဖြစ်ပွားပြီး ပြည်သူ ၃ ဦး လက်နက်ကြီးထိမှန်

 

ဇူလိုင် ၁၅ ၊ The Irrawaddy

 

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ရှိ ခြေလျင်တပ်ရင်း ခလရ ၅၀၁ နှင့် ၅၀၂ အနီးတဝိုက်တွင် ဇူလိုင် ၁၄ ရက်မှဇူလိုင် ၁၅ ရက်အထိ တိုက်ပွဲများဖြစ်ပွားနေပြီး၊ စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် ပြည်သူ ၃ ဦး ထိမှန် ဒဏ်ရာရရှိခဲ့သည်။ တိုက်ပွဲများအတွင်း စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် ကျောက်မဲမြို့၊ အမှတ် ၉ ရပ်ကွက်ရှိ တိလင်ရပ်ကွက်မှ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

 

၂။ ရွှေဘိုမြို့နယ် ကူးတိုးဆိပ်ရွာ စစ်တပ်တပ်စခန်းကို PDF တိုက်ခိုက် ၊ PDF တစ်ဦးကျဆုံး

 

ဇူလိုင် ၁၅ ၊ Mizzima

 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ အနောက်ခြမ်း ၁၄ မိုင်ခန့်အကွာရှိ ကူးတိုးဆိပ်ရွာတွင် အထိုင်ချတပ်စွဲနေသည့် စစ်ကောင်စီတပ် နှင့် ပျူစောထီးပူးပေါင်းတပ်စခန်းကို ဇူလိုင်လ ၁၃ ရက်တွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းကိုစွန့်ခွာ ထွက်ပြေးခဲ့ပြီး PDF တစ်ဦးကျဆုံးခဲ့သည်။ ဇူလိုင်လ ၁၄ ရက်တွင် ကူတိုးဆိပ်တပ်စခန်းမှ စစ်ကောင်စီတပ်သားများ၊ ထိုစခန်းအနီး တမိုင်ခန့်အကွာရှိ ဆင်အင်းတပ်စခန်း၊ မြင်းစီးရွာ စစ်ကောင်တပ်စခန်းတို့မှ တပ်ဖွဲ့ဝင်များစခန်းကို စွန့်ခွါ ထွက်ပြေးကာ ဇီးဖြူကုန်းတပ် စခန်းသို့ သွားရောက်ပူးပေါင်းခဲ့သည်။

 

၃။ မန္တလေးနဲ့ မိုင်နှစ်ဆယ်အကွာမှာ တိုက်ပွဲတွေဖြစ်နေ

 

ဇူလိုင် ၁၅ ၊ RFA

 

မန္တလေးမြို့နဲ့ ၁၇ မိုင်ခန့်သာဝေးတဲ့ မတ္တရာမြို့နယ် ကျောက်တံတားရွာအနီးမှာ ဇူလိုင် ၁၄ ရက်က တော်လှန်ရေးပူးပေါင်း တပ်များနဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် မန္တလေး-မတ္တရာလမ်းကိုလည်း စစ်ကောင်စီတပ်က ပိတ်ထားလိုက်ပါတယ်။ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ရာ နေရာတွေကို လေယာဉ်နဲ့ ဗုံးသီးအလုံး လေးဆယ်နီးပါး ကြဲချ တိုက်ခိုက်ခဲ့ပါတယ်။

 

၄။ ဖား​ဆောင်းတိုက်ပွဲတွင် PDF သုံးဦးကျဆုံးခဲ့

 

ဇူလိုင် ၁၅ ၊ People's Spring

 

ကရင်နီပြည်နယ်၊ဖားဆောင်းမြို့အခြေစိုက် ခလရ (၁၃၄)နှင့် (၁၃၅) တပ်ရင်းကို ဝင်ရောက်တိုက်ခိုက်ရာ ရဲဘော် သုံးဦးကျဆုံးခဲ့သည်။ ဖားဆောင်းမြို့သိမ်းတိုက်ပွဲတွင် ကျန်ရှိနေသည့် ခလရ (၁၃၄)နှင့် (၁၃၅) တပ်ရင်းနှစ်ရင်းကို ဇူလိူင် ၁၁ ရက်​က တိုက်ခိုက်စဥ် ရဲဘော်သုံးဦးကျဆုံးခဲ့ခြင်းဖြစ်သည်။ ရဲဘော် စောကာလစ္စတို(ခ)ငယ်အောင်ဇော် အသက် (၂၂) ၊ ရဲဘော် ဂျဲနရီ(ခ)ဂျဲဂျဲ အသက်(၂၃) နှင့် ရဲဘော် ဝင်းနိုင်ထွန်း အသက် (၃၁) မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့သည်။

 

၅။ မြင်းခြံမြို့နယ်၊ ခြေဆေးကျေးရွာအတွင်း ဝင်ရောက်လာသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး

 

ဇူလိုင် ၁၅ ၊ D Day News

 

မန္တလေးတိုင်း မြင်းခြံမြို့နယ်၊ ခြေဆေးကျေးရွာအတွင်း ဝင်ရောက်လာသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့သည်။ ဇူလိုင် ၁၄ ရက်တွင် အင်အား ၈၀ ခန့်ဖြင့် မြင်းခြံမြို့နယ်၊ ခြေဆေးကျေးရွာအတွင်း ဝင်ရောက် တပ်စွဲနေသည့် စစ်သားများကို ဒရုန်းဖြင့် ဗုံးသီး ၃ လုံးကျဲချတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများ ရှိခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်းနှင့် စွန်ရဲ ပြောက်ကျား တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

 

လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ

 

၆။ စဉ့်ကူးမြို့ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်

 

ဇူလိုင် ၁၅ ၊ The Irrawaddy

 

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ရှိ ရတနာသိင်္ခတံတားအနီး ဇူလိုင်လ ၁၃ ရက်တွင် စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက် ခဲ့သည်။ ဇူလိုင်လ ၁၃ ရက်မှ စတင်ကာ စဉ့်ကူးမြို့အနီးနှင့် ရတနာသိင်္ခတံတား အရှေ့ဘက်တောင်ခြေ တဝိုက်တွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက Jet Fighterနှင့် Mi 35 ရဟတ်ယာဉ် များသုံးကာ တိုက်ခိုက်နေခြင်းဖြစ်သည်။

 

၇။ ဂန့်ဂေါမှာ လက်နက်ကြီးကြောင့် နှစ်ဦး သေဆုံး၊ ၁၄ ဦး ဒဏ်ရာရ

 

ဇူလိုင် ၁၅ ၊ Mizzima

 

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ လာပို့ရွာကို စစ်ကောင်စီတပ်က ဇူလိုင်လ ၁၃ ရက်နေ့မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာ ကြောင့် အမျိုးသမီးတစ်ဦး အပါအဝင် နှစ်ဦး သေဆုံးခဲ့ပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ သေဆုံးသူတွေက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန CDM ဝန်ထမ်း အသက် ၃၂ နှစ် အရွယ် မဇင်မာမြင့်နဲ့ အသက် ၄၅ နှစ်အရွယ် ဦးမြင့်ဆွေဦး ဖြစ်ပြီး ဒဏ်ရာရသူတွေထဲမှာတော့ ကလေးသုံးဦး ပါဝင်တယ်လို့ သိရပါတယ်။

 

၈။ လောက်ကိုင်မြို့ ဗုံးကြဲခံရပြီး တစ်ဦး သေဆုံး၊ ဆယ်ဦးထက်မနည်း ဒဏ်ရာရ

 

ဇူလိုင် ၁၅ ၊ RFA

 

(MNDAA) က သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့ကို ဇူလိုင် ၁၄ ရက်နေ့မှာ စစ်ကောင်စီ တပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး ဆယ်ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ ပါတယ်။ ဂျက်တိုက်လေယာဉ်တစ်စင်းနဲ့ မိနစ်နှစ်ဆယ်ကြာ ပစ်ခတ်ခဲ့လို့ လောက်ကိုင်မြို့ထဲက ဟိုတယ်တချို့နဲ့ လူနေ အအောက်အအုံတွေပျက်စီးပြီး ဟိုတယ်တစ်ခုမှာ တည်းနေတဲ့ အရပ်သားတစ်ဦး သေဆုံးခဲ့ရပါတယ်။

 

၉။ မြောက်ပိုင်း မဟာမိတ် ညီနောင် ၃ ဖွဲ့က ၄ ရက်ကြာ ယာယီ အပစ်ရပ်စဲထားသော်လည်း စစ်တပ်က လားရှိုးမြို့ လွယ်ပြေ ရပ်ကွက်နှင့် ကုန်းညောင်ရပ်ကွက်များကို လေကြောင်း၊ လက်နက်ကြီးများဖြင့် ဗုံးကျဲ ပစ်ခတ်

 

ဇူလိုင် ၁၅ ၊ Khit Thit Media

 

ရှမ်းပြည်မြောက်ပိုင်းတွင် မဟာမိတ် ညီနောင် ၃ ဖွဲ့က ၄ ရက်ကြာ ယာယီ အပစ်ရပ်စဲထားသော်လည်း စစ်တပ်က လားရှိုးမြို့ လွယ်ပြေရပ်ကွက်နှင့် ကုန်းညောင်ရပ်ကွက်များကို လေကြောင်း၊ လက်နက်ကြီးများဖြင့် ဗုံးကျဲပစ်ခတ်ခဲ့သည်။ ဇူလိုင် ၁၅ ရက်တွင် လားရှိုးမြို့၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရပ်ကွက် ၁ နယ်မြေ ၇ ထင်းရှုးတောင်ပေါ်ရှိ စစ်သားများက လက်နက်ကြီး များဖြင့် လွယ်ပြေရပ်ကွက်နှင့် ကုန်းညောင်ရပ်ကွက်များကို ပစ်ခတ်ခဲ့ပြီး လားရှိုးမြို့ပေါ်ကို လေယာဉ်ဖြင့် ဗုံးကျဲသွားခဲ့ သည်။

 

၁၀။ တနင်္သာရီမြို့နယ်ရှိ ပဝရွာနှင့် သာရဖုံးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်း၊ လက်နက်ကြီးများ ဖြင့် ဗုံးကျဲ ပစ်ခတ်မှု ပြည်သူ ၂ ဦး ဒဏ်ရာရပြီး နေအိမ်များ ပျက်စီး

 

ဇူလိုင် ၁၅ ၊ Khit Thit Media

 

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ ပဝရွာနှင့် သာရဖုံးရွာကို ဇူလိုင် ၁၃ ရက်တွင် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦး ဒဏ်ရာရပြီး နေအိမ်များ ပျက်စီးခဲ့သည်။တနင်္သာရီ မြို့နယ်၊ ပဝရွာနှင့် သာရဖုံရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ဗုံးသီး ၁၈ လုံးထက်မနည်း အကြောင်းမဲ့ ဗုံးကျဲခဲ့ပြီး စက်လက်နက်များဖြင့် ပစ်ခတ်ခဲ့သဖြင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ပြီး အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။

 

၁၁။ ကျောက်မဲမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အဖွားအိုး တစ်ဦး သေဆုံး ပြီး (၃)ဦး ထိခိုက်ဒဏ်ရာရ

 

ဇူလိုင် ၁၅ ၊ PVTV

 

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ် တိုက်ခိုက်မှုကြောင့် ဇူလိုင်လ ၁၅ရက် တွင် ဒေသခံအဖွားအို တစ်ဦးသေဆုံးခဲ့ရပြီး ၃ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။ PSLF/TNLA မှ ဇူလိုင်လ (၁၄)ရက်မှ (၁၈)ရက်အထိ လေးရက်တာ တစ်ဖက်သတ် အပစ်ရပ်ထားပေမယ့်လည်း အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီး ဆက်တိုက် ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။



 

 

 

 

 

 

 

 

 

11 views0 comments

Comentarios


bottom of page