နေ့စဉ်သတင်းစုစည်းမှု
17-July-2024
တိုက်ပွဲသတင်း
၁။ မြင်းခြံ၊ ကျောက်ကန်ရွာ ပျူစောထီးစခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံးပြီး ၁ ဦးအရှင်ဖမ်းမိ၊ စစ်တပ်က ပြည်သူ ၁ ဦးကို ဖမ်းဆီးသတ်ဖြတ်
ဇူလိုင် ၁၇ ၊ Khit Thit Media
ဇူလိုင်လ ၁၅ ရက်တွင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျောက်ကန်ရွာရှိ ပျူစောထီးစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၅ ဦးသေဆုံးကာ ၁ ဦး အရှင်ဖမ်းမိခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံ မြို့နယ် ပကဖ၊ မြင်းခြံမြို့နယ်အတွင်း ဒေသကာကွယ်ရေးအဖွဲ့ - LPDF ၊ မြင်းခြံမြို့နယ်အခြေစိုက်တပ်ရင်းများ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
၂။ ပခုက္ကူရှိ စစ်တပ် တပ်စွဲထားသော နေရာ ၃ ခုကို တစ်ပြိုင်နက်တည်း တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦး သေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူ များပြား
ဇူလိုင် ၁၇ ၊ People's Spring
ဇူလိုင် ၁၆ ရက်နေ့တွင် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော ပန်းတိုင်းခြုံရွာ စစ်တပ် ဂိတ်စခန်း၊ GTC ကျောင်းရှိ ဂိတ်စခန်းနှင့် လေယာဥ်ကွင်းရှိ စစ်တပ်နှင့် ပျူစောထီး စခန်းတို့ကို တော်လှန်ရေးတပ်ဖွဲ့များက RC Plane ဒရုန်း များဖြင့် တစ်ပြိုင်နက်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့သည်။
၃။ တောင်သာတွင် ဒုအရာခံဗိုလ်များအပါအဝင် စစ်သုံ့ပန်း ၁၄ ဦးနှင့်လက်နက်များ PDF ဖမ်းဆီးရရှိ
ဇူလိုင် ၁၇ ၊ People's Spring
ဇူလိုင် ၉ ရက်က မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ မြေဖြူကုန်းရွာနှင့် မိုးနှောင်းကင်းကျေးရွာကြား ကားလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်အား ပစ်ခတ်တိုက်ခိုက်ရာ တပ်မ(၉၉)လက်အောက်ခံ မြင်းခြံခမရ(၁၅)မှ ဒုအရာခံဗိုလ်များ၊ တပ်ကြပ် ကြီးများ ၊ဒုတပ်ကြပ်များအပါ စစ်သုံ့ပန်း ၁၁ ဦး၊ စစ်သူနာပြု တစ်ဦး၊အရာရှိကတော် တစ်ဦး စုစုပေါင်း ၁၄ဦးအား လက်နက် ခဲယမ်းများနှင့်အတူ အရှင်ဖမ်းဆီးရရှိခဲ့သည်။
၄။ မြိုင်မြို့နယ်မှာ စစ်တပ် နဲ့ PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ် ရန်သူတပ်ဖွဲ့ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
ဇူလိုင် ၁၇ ၊ PVTV
ဇူလိုင် ၁၇ ရက်တွင် မကွေးတိုင်း၊ မြိုင်မြို့နယ်၊ အကြမ်းဖက်စစ်တပ်လက်ပါးစေ တွင်းမ ပျူစောထီးရွာက ထွက်လာတဲ့ ရန်သူစစ်ကြောင်းနဲ့ PDF ပူးပေါင်းအဖွဲ့တို့ တွင်းမရွာ မြောက်ဖက်မှာ တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့သည်။ ရန်သူစစ်ကြောင်းထံ က RPG 7 - ၅ ဖူး၊ ပို့ယမ်း ၁၀တောင့်၊ ၆၀ မမ - နှစ်ဖူး၊ ကာဘိုင်ကျည် -အတောင့် ၁၅၀၀ ၊ တော်ပီဒိုယမ်း-ခြောက်ချောင်း၊ ဆန် ရှစ်လုံး၊ ဖုန်း နှစ်လုံး၊ ဆေးပစ္စည်း အစုံတို့ကို သိမ်းဆည်း ရရှိခဲ့ပါသည်။
၅။ စဉ့်ကူးမြို့ကို မန္တလေး PDF အပြီးသတ် သိမ်းပိုက်
ဇူလိုင် ၁၇ ၊ The Irrawaddy
မန္တလေးမြို့မြောက်ဘက် မိုင် ၄၀ ခန့်အကွာတွင်ရှိသော စဉ့်ကူးမြို့အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဇူလိုင် ၁၇တွင် အပြီးသတ် သိမ်းပိုက်ခဲ့ကြောင်း သတင်းရရှိသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ဦးဆောင်သော ပြည်သူ့ ကာကွယ်ရေး တပ်ပေါင်းစုသည် ဇူလိုင် ၁၅ ရက်တွင် စဉ့်ကူးမြို့အား ဝိုင်းပတ်ပိတ်ဆို့ထားခဲ့ပြီး ဇူလိုင် ၁၇ တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။
၆။ အေလာ လေတပ်စခန်းတိုက်ခိုက်မှု သေဆုံး စစ်သား ၃၄ ဦးအထိရှိ ၊အဆိပ်ငွေ့ဗုံးဂိုထောင် တည့်တည့် ထိမှန်ဟုဆို
ဇူလိုင် ၁၇ ၊ Myanmar Pressphoto Agency / People’s Spring
နေပြည်တော်၊ အေလာလေတပ်စခန်း တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးမှု ၃၄ ဦးအထိရှိကြောင်း Brave Warriors for Myanmar (BWM) ၏ယနေ့(ဇူလိုင် ၁၇ ရက်) နောက်ဆက်တွဲထိခိုက်မှုသတင်း ထုတ်ပြန်ချက်အရ သိရသည်။
ဇူလိုင် ၁၆ ရက်တွင် ယင်းလေတပ်စခန်းကို ၁၀၇( မမ) ရှော့တိုက်ဒုံး ခုနှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရှော့တိုက်ဒုံး ငါးလုံးပေါက်ကွဲခဲ့ကြောင်း သိရသည်။" စုစုပေါင်း ၃၄ ဦးသေတယ်ဆိုတာ တပ်တွင်းသတင်းတွေအရဖြစ်ပါတယ်။ ပထမက အရာရှိလေး ဦးနဲ့အခြားအဆင့်၁၂ ဦးသေပြီး အရာရှိ သုံးဦးနဲ့ အခြားအဆင့် ခုနှစ် ဦးပျောက်ဆုံးနေတယ်လို့ သိခဲ့ရတာပါ၊ မနေ့ညက ပျက်စီးသွားတဲ့ဂိုထောင်တွေကြားမှာ ပျောက်ဆုံးနေတယ်ဆိုတဲ့အရာရှိ သုံး ဦးရယ်၊ အခြားအဆင့်စစ်သည် ၁၅ ဦးတို့ သေဆုံးနေတာကိုထပ်တွေ့ခဲ့ရတာပါ။ ဓာတ်ပုံရဖို့တော့ အင်မတန်ခက်ပါတယ်" ဟု Brave Warriors for Myanmar (BWM) မှ ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။
၇။ ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းပျူရွာမှ ထွက်လာသော စစ်သား၊ ရဲ၊ ပျူများကို တိုက်ခိုက်မှု ၄ ဦး သေဆုံး
ဇူလိုင် ၁၇ ၊ D Day News
ဇူလိုင်လ ၁၇ ရက်တွင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းပျူရွာမှ ထွက်လာသော အကြမ်းဖက်စစ်သား၊ ရဲ ၊ ပျူများ ကို တိုက်ခိုက်ခဲ့ရာ ၄ ဦးသေဆုံးခဲ့သည်။ သေဆုံးသွားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများထံမှ MA 1သေနတ် ၁ လက်၊ Magazine ၁ ခု ၊ 5.56 ကျည်အတောင့် ၅၀ ၊ G-3 သေနတ် ၁ လက်၊ Magazine ၃ ခု ၊ 7.62 ကျည်အတောင့် ၁၄၀ ၊ လက်ပစ်ဗုံး ၁ လုံး၊ ဖုန်း ၁ လုံး နှင့် စကားပြေားစက် ၁ လုံးတို့ကို သိမ်းဆည်းရရှိခဲ့သည်။
၈။ မင်းလှမြို့နယ်၊ ပဲခူးရိုးမပေါ်သို့ ဝင်ရောက်လာသော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၇ ဦးထက် မနည်း သေဆုံး
ဇူလိုင် ၁၇ ၊ Mizzima
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြိုနယ်အပိုင် ပဲခူးရိုးမပေါ်သို့ ဝင်ရောက်လာသော စစ်တပ် စစ်ကြောင်းကို ဇူလိုင် ၁၅ ရက်တွင်စောင့်ကြို တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးခဲ့သည်။ မင်းလှမြို့နယ်၊ စမ်းဘုတ်အုပ်စု၊ ဆားချောင်း ကျေးရွာထိပ် ရှိ လယ်ကွင်းများထဲမှ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်၍ ပဲခူးရိုးမ ပေါ်သို့ တက်လာသည့် စစ်တပ် စစ်ကြောင်းကို စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးနေရာမှာ ပင်ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ထို့နောက် ဒဏ်ရာရရှိပြီး သယ် ဆောင်သွားသော အကြမ်းဖက်စစ်သား ၂ ဦးလမ်း၌ ထပ်မံသေဆုံးခဲ့သည်။
၉။ လားရှိုးအဝင် မယ်ဟန်ဂိတ် MNDAA သိမ်း
ဇူလိုင် ၁၇ ၊ The Irrawaddy
ဇူလိုင် ၁၆ ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အဝင် မယ်ဟန်စစ်ဆေးရေးဂိတ်ကို ဇူလိုင် ၁၆ ရက်ကMNDAA က သိမ်းလိုက်ရာ စစ်ကောင်စီတပ်မှ ထိုဂိတ်ဝန်းကျင်ကို လေကြောင်းဖြင့် ၁၀ ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ မန္တလေး-လားရှိုးလမ်း မြို့အနောက်ဘက် ၅ မိုင်ကျော်အကွာ မြို့အဝင် မယ်ဟန်စစ်ဆေးရေးဂိတ်ကို MNDAA မှ ဇူလိုင် ၁၆ ရက်က အပြင်းအထန် ထိုးစစ်ဆင်ခဲ့ရာ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်များက မြို့အနီး ဆုတ်ခွာသွားသဖြင့် ထိုဂိတ်ကို MNDAA က ထိန်းချုပ်နိုင်ခဲ့သည်။
လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ
၁၀။ စဉ့်ကူးမြို့ပေါ် စစ်ကောင်စီ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်များမီးလောင်
ဇူလိုင် ၁၇ ၊ People's Spring
မန္တလေးတိုင်း၊ စဥ့်ကူးမြို့တွင် ဇူလိုင် ၁၅ နှင့် ၁၆ ရက်က စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများ ကြောင့် မြို့ပေါ်နေအိမ်များ မီးလောင်ကျွမ်းပျက်စီးခဲ့သည်။ စစ်ကောင်စီက စဥ့်ကူးမြို့အား လေကြောင်းမှ အကြိမ်နှစ်ဆယ် ကျော် ပစ်ခတ်ခြင်း၊ စဥ့်ကူးမြို့၏အနောက်ဘက် ဧရာဝတီမြစ်တစ်ဖက်ကမ်းရှိ ကျောက်မြောင်းစစ်တပ်မှ လက်နက်ကြီး ပစ်ကူခြင်းများကြောင့် စဥ့်ကူးမြို့ပေါ်နေအိမ်များနှင့်အဆောက်အအုံများ မီးလောင်ကျွမ်းပျက်စီးခဲ့ရသည်။
၁၁။ ကလေးဝတွင် တပ်ဆုတ်သွားသည့် စစ်ကောင်စီတပ်က စစ်ဘေးရှောင် ၈ ဦးကို သတ်ဖြတ်ဟုဆို
ဇူလိုင် ၁၇ ၊ Mizzima
စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်တွင် တပ်ပြန်ဆုတ်သွားသည့် စစ်ကောင်စီတပ်က ဒေသခံ စစ်ဘေးရှောင်ရှစ်ဦးကို သတ်ဖြတ်သွားကြောင်း ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ထံမှ သိရသည်။ ကလေးဝမြို့နယ်၊ အောင်ချမ်းသာ ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီစခန်းကို တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့၍ တပ်ပြန်ဆုတ်ချိန်၌ စစ်ဘေး ရှောင်များဖြစ်သည့် အောင်ချမ်းသာကျေးရွာမှ ခုနစ်ဦး နှင့် ကတိုးကျေးရွာမှတဦးကို ဇူလိုင်လ ၁၃ ရက်နေ့တွင် သတ်ဖြတ် သွားခြင်းဖြစ်သည်။
၁၂။ မြင်းခြံမှာ စစ်ကြောင်းဝင်လာစဉ် တစ်ဦးသတ်ဖြတ်ခံရပြီး လေးဦး ဖမ်းဆီးခံထားရ
ဇူလိုင် ၁၇ ၊ RFA
မန္တလေးတိုင်း မြင်းခြံမြို့နယ် တူရွင်းဘို့ရွာအနီးမှာ စစ်ကောင်စီတပ် စစ်ကြောင်းနဲ့တိုးတဲ့ ဒေသခံတစ်ဦး ဖမ်းဆီးသတ်ဖြတ် ခံရပြီး နောက်ထပ် ဒေသခံလေးဦးလည်း ဆက်လက်ဖမ်းဆီးခဲ့ပါတယ်။ ဇူလိုင် ၁၅ ရက်နေ့က တူရွင်းဘို့ရွာနီးက ကျောက် ကန်ရွာ ပျူစောထီးစခန်းကို ဒေသကာကွယ်ရေးအဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီအချိန်မှာ မြင်းခြံမြို့ပေါ် က စစ်ကူလာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းက တူရွင်းဘို့ရွာအနီးမှာ အသက် ၃၃ နှစ်အရွယ် ကိုလှကို ဖမ်းဆီးခဲ့ပြီးနောက် ဇူလိုင် ၁၆ ရက်နေ့မှာ ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။
၁၃။ ချောင်းဦးမြို့ပေါ်တွင် ပြည်သူ ၁၀ ဦးခန့်ဖမ်းဆီးခံရပြီး ဆိုင်ခန်းနှင့် နေအိမ်အချို့ မီးရှို့ခံရ
ဇူလိုင် ၁၇ ၊ Myanmar Pressphoto Agency
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ်တွင် စစ်တပ်က ပြည်သူ ၁၀ ဦးခန့်ကို ဖမ်းဆီးခဲ့ပြီး ဆိုင်နှင့် နေအိမ်အချို့ကို မီးရှို့ခဲ့ကြောင်း သိရသည်။ ဇူလိုင် ၁၆ ရက်က ချောင်းဦးမြို့ပေါ်ရှိ ပြည်သူ ၁၀ ဦးခန့်အား စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး မည်သည့် နေရာသို့ ဖမ်းဆီး ခေါ်ဆောင်သွားသည်ကို မသိရသေးကြောင်း Chaung U Revolution ထံက သိရသည်။
Comments