နေ့စဉ်သတင်းစုစည်းမှု
20-July-2024
တိုက်ပွဲသတင်း
၁။ စဥ့်ကူးမြို့အပါအဝင်မြို့နယ်တစ်ခုလုံးကို မန္တလေး PDF အပြီးသတ်သိမ်းပိုက်
ဇူလိုင် ၂၀ ၊ People's Spring
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည် စဉ်ကူးမြို့နယ်အတွင်းရှိ စစ်ကောင်စီ စခန်းများအားလုံးနှင့်စဉ့်ကူးမြို့ကို ဇူလိုင် ၁၇ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်လိုက်သည်။ စဉ့်ကူးမြို့နယ်သည် စစ်ကောင်စီ ကင်းစင် သော မြို့နယ်တစ်ခုဖြစ်လာပြီး စဉ့်ကူးမြို့သည်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ မန္တလေးတိုင်းအတွင်း ပထမဆုံးသိမ်းယူသော မြို့အဖြစ် သမိုင်းမှတ်တမ်းတင်နိုင်ခဲ့ပြီဖြစ်ကြောင်း.မန္တလေး PDF က ဇူလိုင် ၂၀ ထုတ်ပြန်ချက်၌ ဖော်ပြသည်။ စဉ့်ကူးစစ်ဆင်ရေးများတွင် စစ်သုံ့ပန်း အများအပြား ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းရရှိခဲ့သည်။
၂။ ရုန်းတောင်စစ်ဆင်ရေးအမည်ဖြင့် ဟားခါးမြို့မရဲစခန်းကို CDF-Hakha ဝင်ရောက်စီးနင်း၊ အမျိုးသမီး ၁၃ ဦးအပါအဝင် အကျဉ်းသား ၆၂ ဦးကိုကယ်ထုတ်
ဇူလိုင် ၂၀ ၊ Khonumthung Burmese
ချင်းပြည်နယ်၊ ဟားခါးမြို့၊ ဝမ္မသူးမောင်းအားကစားကွင်းအနီးတွင်တည်ရှိသော မြို့မရဲစခန်းကို CDF-Hakha တပ်ဖွဲ့က ရုန်းတောင်စစ်ဆင်ရေးအမည်ဖြင့် ဇူလိုင် ၂၀ ရက်တွင် ဝင်ရောက်စီးနင်းတိုက်ခိုက်ရာမှာ အမျိုးသမီး ၁၃ ဦးအပါအဝင် အကျဉ်းသား ၆၂ ဦးကိုကယ်ထုတ်ခဲ့သည်ဟု CDF-Hakha က သတင်းထုတ်ပြန်သည်။ စစ်ကောင်စီလက်အောက်ခံ ရဲတပ် သား ၄ ဦးသေဆုံးကာ လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းရမိခဲ့ပြီး အကျဥ်းသား ၆၂ ဦး (အမျိုးသား ၄၉ ယောက်နှင့် အမျိုးသမီး ၁၃ ယောက်) တို့ကို ကယ်ထုတ်နိုင်ခဲ့သည်။
၃။ ဆားလင်းကြီးမြို့ပေါ် တပ်စခန်း ငါးခုကို ကာကွယ်ရေးတပ်များ ဝင်တိုက်၊ PDF ရဲဘော်တစ်ဦး ကျဆုံး
ဇူလိုင် ၂၀ ၊ Myanmar Pressphoto Agency
ဇူလိုင် ၁၉ ရက်တွင် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ် စစ်တပ်အထိုင်ချတပ်စွဲထားသည့် ရဲစခန်း၊ ထွေအုပ်ရုံး၊ ဆေးရုံ၊ မင်းကန်ကြီးဆည်ဘောင်နှင့် တာဝတိံသာဘုန်းကြီးကျောင်းတို့ကို PDF တပ်ဖွဲ့များက ဒရုန်း၊ လက်နက်ကြီး၊ လက်နက်ငယ် တို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ ငါးကြိမ်ထက်မနည်းဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က သေဆုံးမှုရှိသလို PDF ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်။
၄။ တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာအနီး စစ်တပ်စစ်ကြောင်းကို ၄ ရက်ဆက်တိုက်ခိုက်မှု စစ်သား ၃၀ ကျော် သေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိ
ဇူလိုင် ၂၀ ၊ Khit Thit Media
ဇူလိုင် ၁၅ ရက်နေ့က မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာအနီးတွင် စစ်တပ် စစ်ကြောင်းကို ၄ ရက်ဆက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃၀ ကျော်သေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့သည်။ တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာ ဘက်ကို စစ်တပ်က အင်အား ၁၅၀ ခန့်ဖြင့် လက်နက်ူကြီးများပစ်ခတ်ကာ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ကြောင်း၊ စစ်သားများ စခန်းချနေသည့်နေရာကို တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့က ရှောင်တခင် အနီးကပ်ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးထက်မနည်း သေဆုံးပြီး G3 အမျိုးအစားသေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့သည်။
၅။ ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာ စစ်တပ်ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး
ဇူလိုင် ၂၀ ၊ D Day News
ဇူလိုင် ၁၉ ရက်တွင်စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ်ရှိ နတ်ရေကန်ကျေးရွာ စစ်တပ်ဂိတ်စခန်းကို "Shar Htoo WAW နည်းပညာ တိုက်ခိုက်ရေး Fixed Wings Drone များဖြင့် 1 kg AIR BOMB ၈ လုံး ကျချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
၆။ ကျိုက်ထိုမြို့နယ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု ၃ ဦး သေဆုံး၊အရာရှိ ၁ ဦး ပြင်းထန်ဒဏ်ရာရ
ဇူလိုင် ၂၀ ၊ D Day News
ဇူလိုင် ၁၈ ရက်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းသို့ အင်အား ၁၃၀ ခန့် ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၂၀ ခန့်ဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးပြီး အရာရှိ ၁ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့သည်။
နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုသတင်းများ
၇။ တရုတ်တောင်းဆို၍ ဇူလိုင် ၃၁ ရက်ထိ MNDAA အပစ်ရပ်မည်
ဇူလိုင် ၂၀ ၊ The Irrawaddy
တရုတ်နိုင်ငံ၏ တောင်းဆိုမှုကြောင့် ဇူလိုင်လ ၁၉ ရက်မှ ၃၁ ရက်အထိ ယာယီ အပစ်ရပ်ထားမည်ဖြစ်ကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ် တပ်မတော် (MNDAA) က ထုတ်ပြန်လိုက်သည်။အဆိုပါ ထုတ်ပြန်ချက်ကို ယနေ့တွင် တရုတ် ဘာသာဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ၁၂ ရက်ကြာ အပစ်ခတ်ရပ်စဲမည်ဟု ဖော်ပြထားပြီး အပစ်ရပ်ကာလအတွင်း စစ်ကောင် စီ၏ တိုက်ခိုက်ခြင်းခံရပါက ခုခံကာကွယ်သည့် တန်ပြန် တိုက်ခိုက်မှုများကို သင့်တော်သလို ပြုလုပ်နိုင်ကြောင်းလည်း ဆိုထားသည်။ လက်ရှိတွင် MNDAA၊ ပလောင်(တအာင်း)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)ဦးဆောင်သော မြောက်ပိုင်းညီနောင်မဟာမိတ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ပါဝင်သော ပူးပေါင်းတပ်များသည် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအဖြစ် ရှမ်းမြောက်ဒေသရှိ စစ်ကောင်စီတပ်စခန်းများကို အရှိန်မြှင့် ထိုးစစ်ဆင်လျက်ရှိသည်။
လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ
၈။ ခမောက်ကြီးက ဒေသခံနေအိမ် ၁၀ လုံးကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး
ဇူလိုင် ၂၀ ၊ Than Lwin Times
ဇူလိုင် ၁၇ ရက်နေ့က တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့ထဲသို့ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ ကျေးရွာ နှစ်ရွာက ဒေသခံနေအိမ် ၁၀ လုံးကို မီးရှို့ဖျက်ဆီးသွားခဲ့ပါတယ်။ အဲဒီစစ်ကြောင်းဟာ ဇူလိုင် ၁၇ ရက်နေ့က ရေတွင်းတောင်ရွာနဲ့ ရွာသစ်ကျေးရွာက နေအိမ် ၁၀ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ပြီး အောင်ချမ်းသာပျိုးခင်းဇုန်ထဲ လက်နက်ကြီး ၉ လုံးထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့ပါတယ်။
၉။ သံတွဲမြို့နယ် ဂျိတ္တောနဲ့ ကွင်းဝိုင်းရေတပ်အကြားရှိ အဘဲကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်တဲ့အတွက် ဒေသခံပြည်သူ ၆ ဦး သေဆုံး
ဇူလိုင် ၂၀ ၊ Narinjara
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီ ပင်လယ်ကမ်းခြေ ဂျိတ္တောကျေးရွာနဲ့ ကွင်းဝိုင်းရေတပ်အကြားရှိ အဘဲကျေးရွာအပါအဝင် အနီးအနားရှိတောင်တန်းတွေကို စစ်ကောင်စီရေတပ်က ဇူလိုင်လ ၁၉ ရက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အတွက် ဒေသခံပြည်သူ ၆ ဦး ထက်မနည်းသေဆုံးခဲ့ ပါတယ်။ “ သေဆုံးတဲ့ အထဲမှာ အမျိုးသမီးနဲ့ ကလေးတွေပါဝင်တယ်လို့ သိရပါ တယ်။ အဘဲကျေးရွာသား ၄ ဦးနဲ့ ဂျိတ္တောကျေးရွာကနေ အဲဒီရွာဘက်မှာ စစ်ရှောင်နေသူ ပြည်သူ ၂ ဦး၊ စုစုပေါင်း ၆ ဦး တို့ ဖြစ်ပါတယ်။
၁၀။ လားရှိုးမြို့အနီး လေကြောင်းက ဗုံးကြဲလို့ တစ်ဦသေဆုံး၊ ငါးဦးဒဏ်ရာရ
ဇူလိုင် ၂၀ ၊ RFA
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အနီးကို ဇူလိုင် ၁၉ ရက်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား တစ်ဦးသေဆုံးပြီး နောက်ထပ်ငါးဦး ဒဏ်ရာရခဲ့သလို နေအိမ်တချို့လည်း ထိခိုက်ပျက်စီးသွားခဲ့ ပါတယ်။
၁၁။ ကျိုက်မရောမှာ လေကြောင်းတိုက်ခိုက်ခံရလို့ လူ ၂၀ ကျော်သေဆုံး
ဇူလိုင် ၂၀ ၊ BBC
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ထဲက ငပုအင်းရွာနဲ့ လွှစင်ကုန်းရွာကို ဇူလိုင် ၁၉ ရက်မှာ စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲခဲ့ တာကြောင့် အရပ်သား အပါအဝင် လူ ၂၀ ကျော်သေဆုံးသွားတယ်လို့ သိရှိရပါတယ်။ ပေါင် ၃၀၀ ဗုံး ၃ လုံး ကြဲချခဲ့တာ”လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(PDF)တစ်ဦးက ပြောပါတယ်။ စားဖိုဆောင်မှာ ချက်ပြုတ်နေတဲ့ အရပ်သား ၁၃ ဦးနဲ့ လွှစင်ကုန်းဘက်က အရပ်သား ၂ ဦးအပါအဝင် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်(PDF)တစ်ဦးက အတည်ပြုပါတယ်။
၁၂။ သပိတ်ကျင်း၊ ချောင်းကြီးရွာကို စစ်ကောင်စီတပ် လေကြောင်းမှ သုံးရက်ဆက် တိုက်ခိုက်နေ
ဇူလိုင် ၂၀ ၊ Myanmar Pressphoto Agency
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဇူလိုင် ၁၈ရက်မှ ဇူလိုင် ၂၀ ရက် အထိ သုံးရက်ဆက် တိုက်ခိုက်နေကြောင်း သိရသည်။ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေကြောင်း ချောင်းကြီးရွာအနီးနေ ပြည်သူတစ်ဦးထံက သိရသည်။"လေကြောင်းကပစ်တာ သုံးရက်ရှိပြီ။ တိုက်ပွဲဖြစ်နေတာပါ။ ခုထိမပြီးသေးတော့ ဘာမှ ရမ်းပြီးမပြောရဲဘူး။ လေကြောင်းပစ်တာကတော့ နေ့ရော ညရောပဲ" ဟု ၎င်းက ယနေ့ မွန်းလွဲ သုံးနာရီခန့်တွင် MPA သို့ ပြောသည်။
Comments