top of page
Writer's pictureMyo Yan Naung Thein

နေ့စဉ်သတင်းစုစည်းမှု - ၂၀၂၄ ခုနှစ် ဇူလိုင် ၂၂ ရက်

နေ့စဉ်သတင်းစုစည်းမှု

22-July-2024



တိုက်ပွဲသတင်း

 

၁။ ကျောက်မဲမြို့တွင် တိုက်ပွဲပြင်းထန်​နေ

 

ဇူလိုင် ၂၂ ၊ People's Spring

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ရှိ စစ်ကောင်စီတပ်အမှတ်၅၀၂ ခြေမြန်တပ်ရင်း( ခမရ ၅၀၂) တွင် ဇွန် ၂၀ နှင့်၂၁ ရက်က တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောက်မဲမြို့၊ နမ့်တုံရပ်မှ အိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီးတစ်ဦးသေဆုံးခဲ့သည်။

 

၂။ ရန်ကုန်-မန်း အမြန်လမ်းတွင် စစ်ကားကို PDF မိုင်းဆွဲ၊ ငါးဦးသေဆုံးဟုဆို

 

ဇူလိုင် ၂၂ ၊ Myanmar Pressphoto Agency

 

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်းတွင် စစ်ကားတစ်စီးကို မြင်းခြံခရိုင်တပ်ရင်းလေး(NPDF) က ဇူလိုင် ၂၁ ရက်တွင် မိုင်းဆွဲတိုက်ခိုက်ရာ ငါးဦးသေဆုံးခဲ့သည်။ စစ်ကားနှစ်စီးထဲမှ နောက်ဆုံးကားကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

၃။ ဟားခါး-ထန်တလန်ကြား စစ်စခန်း ၃ ခုကို ချင်းပြည်အစိုးရတပ်များ သိမ်းပိုက်၊ ကျန်စစ်စခန်း ၁ ခုကို ဆက်လက် တိုက်ခိုက်နေ

 

ဇူလိုင် ၂၂ ၊ Khonumthung Burmese / People’s Spring

 

ချင်းပြည်နယ်မြို့တော် ဟားခါးမြို့နှင့် ထန်တလန်မြို့ကြားက စစ်ကောင်စီတပ်စခန်းများကို ချင်းပြည်အစိုးရ ပူးပေါင်းတပ် များက ဇူလိုင် ၂၂ ရက်တွင် ထိုးစစ်ဆင်တိုက်ခိုက်ရာ စစ်စခန်း ၃ ခုကို အပြီးသတ်သိမ်းပိုက်ထားပြီး အချက်အချာကျသည့် အော်တိုတောင်ကုန်းကို ဆက်လက် တိုက်ခိုက်နေသည်။ ချင်းပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ရဲဘော် သုံးဦး ကျဆုံးခဲ့သည်။

 

၄။ ယင်းမာပင်တွင် စစ်ကောင်စီလှည့်ကင်းကိုတိုက်ခိုက်မှု ၅ ဦးသေဆုံးပြီး သေနတ်၃လက်ရရှိဟု PDF ပြော

 

ဇူလိုင် ၂၂ ၊ Mizzima

 

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ အုံတုံပင်နှင့်ကျေးစာကျကျေးရွာကြားတွင် စစ်ကောင်စီလှည့်ကင်းအဖွဲ့အား ADRPA တပ်ဖွဲ့မှ ဇူလိုင် ၂၂ ရက်၌ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်ငါးဦးသေဆုံးပြီး သေနတ်သုံးလက် သိမ်းဆည်းနိုင်ခဲ့သည်။

 

၅။ လားရှိုးမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေ

 

ဇူလိုင် ၂၂ ၊ RFA / DVB

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အဝင် မုခ်ဦးအနီးက စစ်ကောင်စီရဲ့ ခလရ (၄၁) တပ်ရင်းကို MNDAA က ဝင်ရောက် တိုက်ခိုက်ရာ စစ်ဦးစီးမှူး ဗိုလ်မှူးကြီး သန့်ဇင်ဝင်း သေဆုံးခဲ့ပြီး လားရှိုးမြို့အထွက်နေရာတွေမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။ စစ်ကောင်စီတပ်ကလည်း လားရှိုးမြို့အထွက်နေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ ပါတယ်။

 

၆။ ကွင်းဝိုင်းရေတပ်ထဲကို ရှော့တိုက်ဒုံး ၂ လုံးကျရောက်ပေါက်ကွဲကာ စစ်သားနှစ်ဦးသေဆုံးပြီးနောက် စစ်ကောင်စီက ရေတပ်အနီးရှိ ကျွဲသောက်ရွာကို ဗုံးကြဲ  

 

ဇူလိုင် ၂၂ ၊ Narinjara

 

ဇူလိုင် ၂၀ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှ နောက်ဆုံး လက်ကျန်စစ်စခန်း တစ်ခုဖြစ်တဲ့ ကွင်းဝိုင်းရေတပ်စခန်း ထဲကို အာရက္ခတပ်တော် (AA) က ပစ်ခတ်လိုက်တဲ့ ရှော့တိုက်ဒုံး ၂ လုံး ကျရောက်ပေါက်ကွဲပြီး စစ်သား ၂ ဦး သေဆုံးပြီး ရေတပ်အနီးရှိ ကျွဲသောက်ကျေးရွာကို ဇူလိုင် ၂၁ ရက်နေ့မှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

 

၇။ စစ်အရာရှိများ လိုက်ပါလာသည့် ပါရာဒိုကားတစ်စီးကို ပစ်ခတ်တိုက်ခိုက်မှု အရာရှိနှင့် တပ်ကြပ်အဆင့်ရှိသူ ၂ ဦးသေဆုံး

 

ဇူလိုင်လ ၂၂  ၊ D Day News

 

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်-ကလိန်အောင်လမ်းပိုင်း တနေရာတွင် မောရတီရေတပ်မှ စစ်အရာရှိများ လိုက်ပါ လာသော ပါရာဒိုကားကို ဇူလိုင် ၁၇ ရက်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရေတပ်အရာရှိ နှင့်တပ်ကြပ်အဆင့်ရှိသူ ၂ ဦးသေဆုံးခဲ့သည်။

 

၈။ နတ်မောက်မြို့နယ်၊ စစ်မှုထမ်းရန် ပေါ်တာဆွဲနေသော စစ်တပ်ကား တစ်စီးကို တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး

 

ဇူလိုင်လ ၂၂  ၊ D Day News

 

ဇူလိုင် ၂၁ ရက်တွင် မကွေးတိုင်း၊ နတ်မောက်မြို့နယ်မြောက်ဘက်ခြမ်းရှိ ကျေးရွာများကို လှည့်လည်ကာ ပေါ်တာဆွဲနေ သော စစ်သားများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့သည်။

 

၉။ နေပြည်တော်၊ တပ်ကုန်းတွင် ကင်းလှည့် စစ်တပ်ယာဥ် မိုင်းဆွဲတိုက်ခိုက်ခံရ

 

ဇူလိုင်လ ၂၂  ၊ DVB

 

နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၂၃၂/၂ မှာ ဇူလိုင် ၂၁ ရက် ညနေတွင် ကင်းလှည့်နေတဲ့ စစ်ယာဥ်တန်းတစီးကို PDF တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် ၂ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

 

 

 

 

၁၀။ မိုးကုတ်မြို့နယ်ရှိ အကျဉ်းထောင်စခန်းအား TNLA ပူးပေါင်းတပ် သိမ်းပိုက်

 

ဇူလိုင်လ ၂၂  ၊ People’s Spring

 

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းရှိ ပန်မထိပ်ရွာအနီးနှင့် အကျဉ်းထောင်ရှိ စစ်ကောင်စီတပ်စခန်းအား တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် PDF မိုးကုတ်ဗျူဟာ ပူးပေါင်းတပ်ဖွဲ့တို့က ဇူလိုင် ၂၂ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီ၏ လက်နက်ခဲယမ်းများသိမ်းဆည်းရမိပြီး ရန်သူ့အလောင်း ၂၀ ရှင်းလင်းနိုင်ခဲ့သည်။

 

နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုသတင်းများ

 

၁၁။ ဦးမြင့်ဆွေက ယာယီသမ္မတတာဝန်ကို စစ်ခေါင်းဆောင်ထံလွှဲပြောင်း

ဇူလိုင်လ ၂၂  ၊ DVB

ယာယီသမ္မတ ဦးမြင့်ဆွေက သူ့ရဲ့တာဝန်ကို အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ထံ ဇူလိုင်လ ၂၂ ရက်မှာ လွှဲပြောင်း ပေးအပ်လိုက်တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ ဆေးခွင့်ယူထားရတာကြောင့် (ကာလုံ) ကိစ္စတွေကို ဆက်ဆောင်ရွက်နိုင်ဖို့အတွက် လွှဲပြောင်းတာလို့ သိရပါတယ်။ အာဏာသိမ်းထားတဲ့ စစ်ကောင်စီဟာ ဇူလိုင်လ ၃၁ ရက်မှာ ငါးကြိမ်မြောက်တိုးထားတဲ့ အရေးပေါ်သက်တမ်း ကုန်ဆုံးခါနီးမှာ အခုလိုလွှဲပြောင်းလိုက်တာလည်း ဖြစ်ပါတယ်။

 

လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ

 

၁၂။ စစ်ကောင်စီ သင်တန်း​ပေးလက်နက်တပ်ဆင်ပေးထားသည့်လက်နက်ကိုင်များက ဘူးသီးတောင်ရှိ ပြည်သူ ၇ ဦးအား သတ်ဖြတ်ဟု AA ထုတ်ပြန်

 

ဇူလိုင် ၂၂ ၊ People's Spring

 

ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ ဂန္ဓာရီကယ်ဆယ်ရေးစခန်းမှ ပြည်သူ ၇ ဦးအား စစ်ကောင်စီမှ သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးထားသော လက်နက်ကိုင်များမှ အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း အာရက္ခ တပ်တော်(AA)က ထုတ်ပြန်သည်။ အသတ်ခံရ​သော အမျိုးသား ၇ ဦးမှာ အသက်အငယ်ဆုံး ၂၉ နှစ်မှ အသက်အကြီးဆုံး ၅၄ နှစ်အရွယ် တို့ဖြစ်​သည်။

 

၁၃။ ဆားလင်းကြီးမှာ စစ်ကြောင်းနဲ့တိုးတဲ့ ကလေးတစ်ဦး ပစ်သတ်ခံရ

 

ဇူလိုင် ၂၂ ၊ RFA

 

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ပေါင်းဝရွာမှာ ဇူလိုင် ၂၀ ရက်က စစ်ကောင်စီတပ် စစ်ကြောင်းနဲ့တိုးတဲ့ အသက် ၁၃ နှစ်အရွယ် ယောကျာ်းလေးတစ်ဦး ပစ်သတ်ခံလိုက်ရပါတယ်။

 

၁၄။ နေပြည်တော်လေတပ် တိုက်ခိုက်ခံရမှု လူ ၁၇ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

 

ဇူလိုင် ၂၂ ၊ RFA

 

နေပြည်တော်၊ လယ်ဝေးမြို့နယ် အေလာ လေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး လူ ၁၇ ဦးကို ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီက ဇူလိုင် ၂၂ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွေကတစ်ဆင့် ထုတ်ပြန်ပါတယ်။

ရှော့တိုက်ဒုံး ပစ်ခတ်ခဲ့သူတွေလို့ စစ်ကောင်စီကစွပ်စွဲပြီး လယ်ဝေးမြို့နယ် ဟေမာန်ရွာက ကိုပြည့်ဖြိုးအောင်နဲ့ ကိုသက်ခိုင် ထွန်းတို့ကို စတင်ဖမ်းဆီးခဲ့တာပါ။ အဲဒီနောက် ဒီဖြစ်ရပ်နဲ့ဆက်စပ်သူ ၁၅ ဦးကိုလည်း ထပ်မံ ဖမ်းဆီးစစ်ဆေးနေပါတယ်။


 

 

 

 

 

 


34 views0 comments

コメント


bottom of page