နေ့စဉ်သတင်းစုစည်းမှု
23-July-2024
တိုက်ပွဲသတင်း
၁။ စစ်ကိုင်း၊ မင်းကွန်းတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၃ ဦးသေဆုံး၊ စစ်တပ်က အနီးအနားရှိ ရှားရောင်းရွာကို ဝင်ရောက်မီးရှို့
ဇူလိုင် ၂၃ ၊ Khit Thit Media
ဇူလိုင် ၂၃ ရက်တွင် စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရဲစခန်းမှ စစ်သား၊ ရဲ၊ ပျူစောထီးအင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုး လာသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်က တိုက်ခိုက်ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၃ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်သား၊ ရဲ ၊ ပျူ စောထီးများက မြသိန်းတန်ဘုရားမြောက်ဘက်ရှိ ရှားရောင်းကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့သည်။
၂။ လားရှိုးအခြေစိုက် ခလရ (၄၁) နှင့် ခလရ (၆၈) တပ်ရင်းကို MNDAA ပူးပေါင်းတပ်သိမ်းပိုက်
ဇူလိုင် ၂၃ ၊ People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ အခြေစိုက် စစ်ကောင်စီ၏ ခလရ(၄၁)တပ်ရင်းနှင့် ခလရ(၆၈)တပ်ရင်းများကို ကိုးကန့်တပ်မတော်(MNDAA)နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက ဇူလိုင် ၂၃ ရက်တွင် သိမ်းပိုက်နိုင်ခဲ့သည်။
၃။ ဝါဇီစက်ရုံလုံခြုံရေးစောင့် စစ်ကောင်စီစခန်းကို တိုက်ခိုက်မှု ၁၁ဦးသေဆုံးဟုဆို
ဇူလိုင် ၂၃ ၊ Mizzima
မကွေးတိုင်း၊ချောက်မြို့နယ်ရှိ ဆူးတောကျေးရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ဇူလိုင် ၂၀ ရက်တွင်ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိအပါအဝင် ၁၁ ဦး သေဆုံးခဲ့သည်။
၄။ လားရှိုးတိုက်ပွဲတွင်စစ်တပ်မှ ဒုဗိုလ်မှူးကြီး ၁ ဦး ၊ ဗိုလ်မှူး ၂ ဦး နှင့် ဗိုလ်ကြီး ၅ ဦးအပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၁၇ ဦး လက်နက်ခဲယမ်းအပြည့်အစုံဖြင့် MNDAA ထံ အလင်းဝင်
ဇူလိုင် ၂၃ ၊ People’s Spring / RFA
ဇူလိုင် ၂၁ ရက်က လားရှိုးတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးကြီးဦးဆောင်ပြီးအရာရှိ စစ်သည် ၃၁၇ ဦး လက်နက်ခဲယမ်းအပြည့်အစုံဖြင့် ကိုးကန့်တပ်မတော်(MNDAA) ထံ လက်နက်ချ အလင်းဝင်ခဲ့သည်။
၅။ သိမ်ဇရပ်မှာ စစ်ကောင်စီနဲ့ KNLA/PDF ပူးပေါင်းတပ် တိုက်ပွဲဖြစ်ပွားနေ
ဇူလိုင် ၂၃ ၊ Than Lwin Times
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ ကျောက်တန်းလေးကျေးရွာအနီး နှင့် အမှတ် ၂၀၇ ခြေမြန်တပ်ရင်းရဲ့ ကုက္ကို ပင်ကာကင်းဂိတ်တို့တွင် ဇူလိုင် ၂၃ ရက်က စစ်ကောင်စီတပ်နဲ့ KNLA/PDF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲနှစ်နေရာ ဖြစ်ပွား ခဲ့ပါတယ်။
၆။ မိုးကုတ်တွင် တိုက်ပွဲဆက်ဖြစ်ပြီး အရပ်သားများ ထိခိုက်
ဇူလိုင် ၂၃ ၊ DVB
မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်း၊ ကျောက်တိုက်ကွင်းနားမှာ TNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတို့ ဇူလိုင် ၂၃ ရက် က တိုက်ပွဲဖြစ်ပြီး ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။
၇။ လားရှိုးထောင်အနီး စစ်ကောင်စီနဲ့ MNDAA ပူးပေါင်းတပ်တွေ တိုက်ပွဲ ပြင်းထန်
ဇူလိုင် ၂၃ ၊ RFA
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးအကျဉ်းထောင်အနီးမှာ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MND AA)နဲ့ ပူးပေါင်းတပ်က စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ
၈။ ရွှေဘို၊ အုန်းပေါက်ရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံး
ဇူလိုင် ၂၃ ၊ Khit Thit Media
ဇူလိုင် ၂၃ ရက်တွင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ အုန်းပေါက်ရွာကို စစ်သားများ ဝင်ရောက်တပ်စွဲ၍ ဘေးပတ်ဝန်းကျင် ကျေးရွာကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်သဖြင့် မောင်းတက်ရွာမှ အမျိုးသမီး ၁ ဦး လက်နက်ကြီး ထိမှန်သေဆုံး ခဲ့သည်။
၉။ လောင်းလုံးတွင် သပိတ်ရဲဘော်တစ်ဦး၏ နေအိမ်ကို စစ်တပ် မီးရှို့ပြီး အမျိုးသမီးနှစ်ဦးအား ဖမ်းဆီးသွား
ဇူလိုင် ၂၃ ၊ Myanmar Pressphoto Agency
ဇူလိုင် ၂၂ ရက်တွင် တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ပြင်ချောင်းရွာရှိ စစ်တပ်က ဝင်ရောက်စီးနင်းပြီး သပိတ်ကော်မတီ ဝင်တစ်ဦး၏ နေအိမ်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံ အမျိုးသမီး နှစ်ဦးအား လူသားဒိုင်းအဖြစ်ဖမ်းဆီးသွား ခဲ့သည်။
၁၀။ ဆိုင်ကယ်စီးလာသော ကျောက်မဲမြို့ခံလေးဦး စစ်တပ်ပစ်ခတ်၍ ပွဲချင်းပြီး သေဆုံး
ဇူလိုင် ၂၃ ၊ Myanmar Pressphoto Agency
ဇူလိုင် ၂၀ ရက်က ရှမ်းပြည်နယ်၊ ကျောက်မဲမြို့တွင် ဆိုင်ကယ်စီးလာသော မြို့ခံလေးဦးကို ဂိတ်စောင့်စစ်ကောင်စီတပ်၏ တားဆီးမေးမြန်းမှုမရှိဘဲ ပစ်ခတ်မှုကြောင့် ပွဲချင်းပြီးသေဆုံးခဲ့သည်။
၁၁။ သိမ်ဇရပ်ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် လက်နက်ကြီးပစ်လို့ အရပ်သားတစ်ဦးသေဆုံး နှစ်ဦး ဒဏ်ရာရ
ဇူလိုင် ၂၃ ၊ Than Lwin Times
ဇူလိုင် ၂၂ ရက်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ရှိ သိမ်ဇရပ်ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
၁၂။ ကလေးမြို့မြောက်ပိုင်း ပျဉ်းတောဦးကျေးရွာတွင် လက်နက်ကြီးကျ၊ တစ်ဦးသေဆုံး ၂ ဦးဒဏ်ရာရ
ဇူလိုင် ၂၃ ၊ Khonumthung Burmese
စစ်ကိုင်းတိုင်း၊ ကလေးမြို့မြောက်ပိုင်း ပျဉ်းတောဦး(Tuingo) ကျေးရွာတွင် ဇူလိုင် ၂၃ ရက်က စစ်ကောင်စီတပ်ပစ်ခတ် သော လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲကာ ကလေးငယ်တစ်ဦးသေဆုံးကာ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
၁၃။ စလင်းမြို့နယ်က ကျေးရွာနှစ်ရွာကို စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲ
ဇူလိုင် ၂၃ ၊ Than Lwin Times
မကွေးတိုင်း၊ စလင်းမြို့နယ်ထဲက ကူရင်းချောက်နဲ့ ငလှိုင်တွင်းကျေးရွာတွေကို ဇူလိုင် ၂၃ ရက်မှာ စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်ခဲ့တာပါ။
၁၄။ လောက်ကိုင်ကို စစ်တပ်က ဗုံးထပ်ကြဲ
ဇူလိုင် ၂၃ ၊ BBC
ကိုးကန့်တပ် (MNDAA) ထိန်းချုပ်နေတဲ့ ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့ရှိ တုန်ချိန်ရပ်ကွက်ထဲကို စစ်ကောင်စီတပ်က ဇူလိုင် ၂၃ ရက်မှာ ဗုံးကြဲသွားခဲ့ပါတယ်။
Comments