top of page

နေ့စဉ်သတင်းစုစည်းမှု -၂၀၂၄ ခုနှစ် ဇူလိုင် ၂၅ ရက်

Writer: Myo Yan Naung TheinMyo Yan Naung Thein

နေ့စဉ်သတင်းစုစည်းမှု

25-July-2024



တိုက်ပွဲသတင်း

 

၁။ လားရှိုးမြို့ ရမခ တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်နိုင်ပြီဟု MNDAA ထုတ်ပြန်

 

ဇူလိုင် ၂၅ ၊ Mizzima

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို  ဇူလိုင် ၂၅ ရက်တွင် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က သိမ်းပိုက်နိုင်ခဲ့သည်။

 

၂။ မိုးမောက်တွင် ယနေ့နံနက် တိုက်ပွဲပြင်းထန်

 

ဇူလိုင် ၂၅ ၊ People’s Spring

 

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီ ခမရ(၄၃၇) တပ်ရင်းကို KIA ပူးပေါင်းတပ်ဖွဲ့က ဇူလိုင် ၂၄ ရက်တွင်သိမ်းယူနိုင်ခဲ့ပြီး ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်များနှင့် ဇူလိုင် ၂၅ ရက်ထိ တိုက်ပွဲဆက်လက် ဖြစ်ပွားခဲ့သည်။

 

၃။ ကျွန်းစုတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၄၀ ထက်မနည်းသေဆုံး

 

ဇူလိုင် ၂၅ ၊ Than Lwin Times

 

ဇူလိုင် ၂၀ ရက်မှ ၂၄ ရက်နေအထိ တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်ထဲက ကျောက်ပုစွန်တောင်၊ ဝါရစ်နဲ့ ဂျိုးတောင်ကျေးရွာ အနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သား ၄၀ ထက်မနည်း သေဆုံးခဲ့သည်။

 

 

 

၄။ စဥ့်ကူးမြို့နယ် ရွာသာယာရွာရှိပျူစခန်းကို PDF များသိမ်းပိုက်

 

ဇူလိုင် ၂၅ ၊ Khit Thit Media

 

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်ရှိ ကျန်ရှိနေသော ရွာသာယာရွာပျူစခန်းအား ဇူလိုင် ၂၅ ရက်တွင် ဒေသကာကွယ်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စခန်းသိမ်းနိုင်ခဲ့သည်။

၅။ သပိတ်ကျင်းရှိ တွင်းငယ်ရဲစခန်းကို KIA ပူးပေါင်းတပ် သိမ်းပိုက် 

 

ဇူလိုင် ၂၅ ၊ People’s Spring

 

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီ​၏ တွင်းငယ်ရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့ ဇူလိုင် ၂၅ ရက်တွင် ထပ်မံတိုက်ခိုက်သိမ်းပိုက်ခဲ့သည်။  

 

၆။ ကန့်ဘလူတွင် စစ်ကောင်စီကင်းစခန်းများ တိုက်ခိုက်မှု ၁၆ ဦးသေ၊ သေနတ် ၁၆ လက်ရ

 

ဇူလိုင် ၂၅ ၊ DVB

 

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကျီကုန်းကျေးရွာတံတားဂိတ်စခန်းအား ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ဇူလိုင် ၂၄ ရက်တွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၆ ဦးသေဆုံးပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိခဲ့သည်။

 

၇။ မိုးကုတ်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ အတွဲလိုက်ပစ်ဒုံးလက်နက်၊ ၁၂၀ မမ အမြောက်များ အပါအဝင် လက်နက် မျိုးစုံ ၂၀၀ ကျော်ရရှိပြီး စစ်သုံ့ပန်း ၃၀ ကျော် ဖမ်းဆီးရရှိ

 

ဇူလိုင် ၂၅ ၊ Khit Thit Media

 

မန္တလေးတိုင်း၊ မိုးကုတ်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ အတွဲလိုက်ပစ်ဒုံး လက်နက် အပါအဝင် လက်နက်မျိုးစုံ ၂၀၀ ကျော်ရရှိပြီး စစ်သုံ့ပန်း ၃၀ ကျော် TNLA မှ ဖမ်းဆီးရရှိခဲ့သည်။

 

နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုသတင်းများ

 

၈။ အာဆီယံဆွေးနွေးပွဲ - စစ်ကောင်စီ အမြဲတမ်းအတွင်းဝန် တက်ရောက်

 

ဇူလိုင် ၂၅ ၊ BBC

 

လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့မှာ ကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုး တက်ရောက်ခဲ့ပါတယ်။ လာအိုမှာ အာဆီယံနဲ့ ဒေသတွင်း မိတ်ဖက် ဆွေးနွေးဖက်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို ဇူလိုင်လ ၂၅ ရက် ကနေ ၂၇ ရက်နေ့အထိ ကျင်းပမှာဖြစ်ပါတယ်။

 

လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ

 

၉။ စဉ့်ကူးနှင့်သပိတ်ကျင်းအစပ်ရှိ ကျေးရွာများကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်

 

ဇူလိုင် ၂၅ ၊ Mizzima

 

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်အစပ်တွင်ရှိသည့် ကျေးရွာများအနီးသို့ စစ်ကောင်စီတပ်က တိုက် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

 

၁၀။ စလင်းရှိ ကျေးရွာများကို ၂ ရက်ဆက်တိုက် လေကြောင်း တိုက်ခိုက်

 

ဇူလိုင် ၂၅ ၊ The Irrawaddy

 

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့၌ ကာကွယ်ရေးတပ်များရှိသည်ဟုဆိုကာ စစ်ကောင်စီတပ်က ဇူလိုင် ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သဖြင့် ပြည်သူ ၄ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ သည်။

 

၁၁။ ဓနုဖြူဒေသခံ ၄ ဦး PDF ပတ်သက်မှုဖြင့် စွပ်စွဲဖမ်းဆီးခံရ

 

ဇူလိုင် ၂၅ ၊ DVB

 

စစ်ကောင်စီတပ်က ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်မှာ ဇူလိုင် ၂၃ ရက်နဲ့ ၂၄ ရက်တွေမှာ ဒေသခံ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး တဦးတို့ကို တော်လှန်ရေးတပ်ဖွဲ့ PDF တွေနဲ့ ပတ်သက်နေတယ်လို့ စွပ်စွဲပြီး နေအိမ်တွေမှာ သွား‌ရောက်ဖမ်းဆီးခဲ့ပါတယ်။


 

 

 

 
 
 

Comments


+14343654234

©2022 by Buy2Donate. Proudly created with Wix.com

bottom of page