နေ့စဉ်သတင်းစုစည်းမှု
26-July-2024
တိုက်ပွဲသတင်း
၁။ တောင်ငူ -လိပ်သိုလမ်းတွင် စစ်စခန်းနှင့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂၇ ဦးသေဆုံးပြီး ၂ ဦးကို ဖမ်းဆီးရမိ
ဇူလိုင် ၂၆ ၊ Khit Thit Media
ကရင်ပြည်နယ်၊ သံတောင်မြို့နယ်၊ တောင်ငူ - လိပ်သို လမ်းပိုင်းရှိ ကျောက်လုံးကြီးစခန်းနှင့် စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဇူလိုင် ၁၀ ရက်၊ ဇူလိုင် ၁၇ ရက်နှင့် ဇူလိုင် ၂၂ ရက်နေ့တို့တွင် မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂၇ ဦးသေဆုံးခဲ့ပြီး ၂ ဦးဖမ်းဆီးရမိခဲ့သည်။
၂။ ကျောက်မြောင်းမြို့၊ ခမရ ၁၂ တပ်ရင်းနှင့် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၇ ဦးသေဆုံး
ဇူလိုင် ၂၆ ၊ Khit Thit Media
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့ရှိ စစ်ကောင်စီတပ် ခမရ ၁၂ တပ်ရင်းအတွင်းနှင့် ခြေလျင်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦး သေဆုံးခဲ့သည်။
၃။ စဉ့်ကူးတွင် ဧရာဝတီမြစ်လယ်မှ စစ်ကောင်စီစခန်းကို ရေကြောင်းတိုက်ပွဲဖြင့် PDF တိုက်ခိုက်သိမ်းပိုက်
ဇူလိုင် ၂၆ ၊ Mizzima
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့၏ နောက်ဆုံးလက်ကျန် တပ်စခန်းဖြစ်သည့် ဧရာ၀တီမြစ်အတွင်းမှ ရွာသာယာစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဇူလိုင်လ ၂၅ ရက်တွင် ရေကြောင်းတိုက်ပွဲဆင်နွှဲ၍ တိုက်ခိုက် သိမ်းပိုက်လိုက်သည်။
၄။ လားရှိုးမြို့ပေါ် တိုက်ပွဲဆက်ဖြစ်
ဇူလိုင် ၂၆ ၊ People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်တွင် ဇူလိုင် ၂၆ ရက်၌ ကိုးကန့်တပ်မတော်(MNDAA) နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဆက်လက် ဖြစ်ပွားနေသည်။
၅။ နောင်ချိုမှာ ပြင်းထန်တိုက်ပွဲ ပြန်ဖြစ်နေ
ဇူလိုင် ၂၆ ၊ BBC
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့တောင်ဘက်ခြမ်းတလျှောက်ရှိတဲ့ ရွှေမုဌော၊ တောင်ရှည်နဲ့ တောင်ခမ်းရွာဘက် တွေမှာ စစ်ကောင်စီနဲ့ တအာင်းတပ် (TNLA) ပူးပေါင်းတပ်တွေကြား ဇူလိုင် ၂၆ ရက်က တိုက်ပွဲပြင်းထန်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ
၆။ လားရှိုးနှင့် သိန္နီမြို့ကို စစ်ကောင်စီလေကြောင်း တိုက်ခိုက်
ဇူလိုင် ၂၆ ၊ People's Spring
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နှင့်သိန္နီမြို့ကို စစ်ကောင်စီက ဇူလိုင် ၂၅ ရက်တွင် လေကြောင်း တိုက်ခိုက်မှုကြောင့် အဆောက်အအုံထိခိုက် ပျက်စီးမှုများရှိခဲ့သည်။
၇။ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းရှိ ကျောက်တံတားရွာနှင့် ဘိုကုန်းရွာ အနီးတစ်ဝိုက်ကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်နေ
ဇူလိုင် ၂၆ ၊ Myanmar Pressphoto Agency
ဇူလိုင် ၂၅ ရက်နှင့် ၂၆ ရက်အတွင်း မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းရှိ ကျောက်တံတားရွာနှင့် ဘိုကုန်းရွာ အနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၁၀ကြိမ်ထပ်မနည်း ပြုလုပ်ခဲ့သည်။
၈။ လားရှိုးတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ အရပ်သားသုံးဦး ထပ်မံသေဆုံး
ဇူလိုင် ၂၆ ၊ People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ဇူလိုင် ၂၅ ရက်၌ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့၍ အရပ်သား သုံးဦး သေဆုံးကာ သုံးဦး ဒဏ်ရာရခဲ့သည်။
Commentaires