top of page

နေ့စဉ်သတင်းစုစည်းမှု - ၂၀၂၄ ခုနှစ် ဇူလိုင် ၂၇ ရက်

Writer: Myo Yan Naung TheinMyo Yan Naung Thein

နေ့စဉ်သတင်းစုစည်းမှု

27-July-2024

တိုက်ပွဲသတင်း

 

၁။ ချောင်းဦးမြို့နယ်တွင် စစ်တပ်ကင်းပုန်းနှင့် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား၅ ဦး သေဆုံး

 

ဇူလိုင် ၂၇ ၊ Khit Thit Media

 

ဇူလိုင် ၂၅ ရက်တွင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအနီး စစ်တပ်ကင်းပုန်းနှင့် တပ်စွဲထားသော နေရာများ ကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၅ ဦးသေဆုံးခဲ့သည်။

 

၂။ လောင်းလုံမြို့၊ လားဘုံးတောင်ရေဒါစခန်းသို့ လာသည့် စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

 

ဇူလိုင် ၂၇ ၊ Khit Thit Media

 

ဇူလိုင် ၁၉ ရက်က တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ၂ ကြိမ် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့သည်။

 

၃။ တကောင်းတောင်ပေါ်ရှိ ရဲကင်းစခန်းကို တိုက်ခိုက်မှု လက်နက်ငယ် ၁၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

 

ဇူလိုင် ၂၇ ၊ D Day News

 

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတောင်ပေါ်ရှိ စစ်ကောင်စီ၏ ရဲကင်းစခန်းကို တော်လှန်‌ရေးပူးပေါင်းတပ်ဖွဲ့ မှ ဇူလိုင် ၂၅ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်ငယ် ၁၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်။

 

၄။ ရေစကြို ခလရ ၂၅၈တပ်ရင်း အဝင်ဂိတ်ကို PDF အနီးကပ် ဝင်ပစ်

 

ဇူလိုင် ၂၇ ၊ Myanmar Pressphoto Agency

 

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ခလရ ၂၅၈ တပ်ရင်း၊ အဝင်ဂိတ်ကို ဇူလိုင် ၂၆ ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပထမဆုံးအကြိမ် အနီးကပ်ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

 

၅။ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာ တာဝါတိုင်ကုန်းမှ ဆင်းလာသည့် စစ်သား ၂ ဦးကို ပစ်ခတ်တိုက်ခိုက်မှု ၂ ဦးလုံး သေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ

 

ဇူလိုင် ၂၇ ၊ Khit Thit Media

 

ဇူလိုင် ၂၆ ရက်တွင် တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာ တာဝါတိုင်ကုန်းမှ ဆင်းလာသည့် စစ်သား ၂ ဦး ကို ပစ်ခတ်တိုက်ခိုက်မှု ၂ ဦးလုံးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့သည်။

 

၆။ လားရှိုးမြို့ရှိ ဟိုပိတ် တိုးဂိတ်၊ ၉၁၂ စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းနှင့် ခလရ ၄၁ တပ်ရင်း တို့ကို MNDAA က ဆက်လက် သိမ်းပိုက်

 

ဇူလိုင် ၂၇ ၊ Khit Thit Media

 

ရှမ်းပြည်နယ်၊ လားရှိုးမြို့ရှိ စစ်တပ်၏ ဟိုပိတ် တိုးဂိတ်၊ ၉၁၂ စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းနှင့် ခလရ ၄၁ တပ်ရင်း တို့ကို MNDAA က ဇူလိုင် ၂၆ ရက်တွင် ဆက်လက် သိမ်းပိုက်ခဲ့သည်။

 

 

 

 

 

နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုသတင်းများ

 

၇။ ဒေါ်အောင်ဆန်းစုကြည် နဲ့ ပြည်ထဲရေးဝန်ကြီး နှစ်ကြိမ်တွေ့

 

ဇူလိုင် ၂၇ ၊ BBC

 

ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နဲ့ အကျဉ်းချခံထားရတဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်တို့ ပြီးခဲ့တဲ့အပတ်အတွင်း နှစ်ကြိမ်တွေ့ခဲ့ကြတယ်လို့ နေပြည်တော်က ဘီဘီစီသတင်းအရင်းအမြစ်တွေက ပြောပါ တယ်။ ‘’အာဇာနည်နေ့မတိုင်ရက်က တစ်ခါတွေ့တယ်။ ဇူလိုင် ၂၁ ရက်မှာ တခါတွေ့တယ်။ နေပြည်တော်အကျဉ်းထောင် ထဲကို (ဒုတိယ)ဗိုလ်ချုပ်ကြီးရာပြည့်က လာတွေ့တာ’’ လို့ ပြည်ထဲရေးဝန်ကြီးဌာနမှတဆင့် သိရှိရပါတယ်။

 

၈။ CNF နှင့် ZRO တို့ ပထမအကြိမ်တွေ့ဆုံ၊ အချက် ၃ ချက်ကို ကနဦးသဘောတူ

 

ဇူလိုင် ၂၇ ၊ Khonumthung Burmese

 

ချင်းအမျိုးသားတပ်ဦး CNF/CNA နှင့် ဇိုမီးပြန်လည်ပေါင်းစည်း ညီညွတ်ရေးအဖွဲ့ (ZRO/ZRA) တို့၏ ပထမဆုံးအကြိမ် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင် ၂၇ ရက်တွင် မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့၌ ပြုလုပ်ခဲ့ကြသည်။ယင်းတွေ့ဆုံပွဲ တွင် အချက် ၃ ချက်ကို ကနဦးသဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။

 

၉။ အိန္ဒိယနဲ့ ရွေးကောက်ပွဲကိစ္စဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီပြော

 

ဇူလိုင် ၂၇ ၊ RFA

 

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Shri Ajit Doval တို့ ဇူလိုင် ၂၆ ရက်က နေပြည်တော်မှာတွေ့ဆုံစဥ် မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် နေတဲ့အကြောင်း ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

 

 

 

လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ

 

၁၀။ မုံရွာမှာ စစ်ကြောင်းဝင်လာစဥ် ဒေသခံနှစ်ဦး ပစ်သတ်ခံရ

 

ဇူလိုင် ၂၇ ၊ RFA

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အရှေ့ဘက်ခြမ်းရွာတွေကို စစ်ကောင်စီတပ်စစ်ကြောင်းက ဇူလိုင်လ ၂၆ ရက်မှာ ဝင်ရောက် စီးနင်းပစ်ခတ်မှုကြောင့် အရပ်သားနှစ်ဦး သေဆုံးခဲ့ပါတယ်။

 

၁၁။ ကန်ဘလူတောင်ခြမ်း လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦး သေဆုံး၊ ၄ ဦးဖမ်းဆီးခံရပြီး နေအိမ် ၁၈၇လုံး မီးရှို့ခံရ

ဇူလိုင် ၂၇ ၊ The Irrawaddy

ဇူလိုင် ၂၅ နှင့် ၂၆ ရက်တွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တောင်ခြမ်း ထန်းကုန်း၊ ဇီးကုန်းတိုက်နယ်အတွင်းသို့ လက်နက် ကြီးပစ်ခတ်မှုကြောင့် သရက်ခေါင်းရွာသား ၂ ဦး၊ သပြေသာလေးရွာသား ၁ ဦး သေဆုံးခဲ့ကြောင်း၊ သရက်ခေါင်းရွာရှိ နေအိမ် ၇၂ လုံး၊ ရှမ်းတပ်ရွာ နေအိမ် ၁၁၅ လုံး မီးရှို့ဖျက်ဆီးခံရပြီး အရပ်သား ၄ ဦး ဖမ်းဆီးခံခဲ့ရသည်။


 

 

 

 

 
 
 

Comments


+14343654234

©2022 by Buy2Donate. Proudly created with Wix.com

bottom of page