နေ့စဉ်သတင်းစုစည်းမှု
30-May-2024
တိုက်ပွဲသတင်း
၁။ မုံရွေးတိုးဂိတ်အနီး ခရီးသွားပြည်သူတွေကို အနိုင်ကျင့်စစ်ဆေးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်၊ ရန်သူတပ်သား ၃ ဦး သေဆုံး
မေ ၃၀ ၊ PVTV
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ မုံရွေးတိုးဂိတ်အနီး လမ်းသွားလမ်းလာပြည်သူ့ကားတွေကို တားဆီးစစ်ဆေး အနိုင်ကျင့်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက မေ ၂၉ ရက် မနက် ၉ နာရီ ၁၉ မိနစ်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ People's Defence Force - South Monywa-V4 မှ ထုတ်ပြန်လိုက်ပါတယ်။
မြပုလဲအကြမ်းဖက်စစ်ကောင်စီဂိတ်က ထွက်လာပြီး မုံရွေးတိုးဂိတ်အနီး ပြည်သူတွေကို အနိုင်ကျင့်နေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ဖို့ မဟာမိတ်ရဲဘော်တွေက သွားရောက် စောင့်ဆိုင်းစဥ် အကြမ်း ဖက်တပ်သား ၃ ဦးမှာ မယောင်မလည်နဲ့ အဆင်သင့်ပြင်ဆင်ထားတဲ့ မိုင်းပွိုင့်ပေါ်ကို ရောက်လာတာကြောင့် ပဒေသာမိုင်း ၃ လုံးနဲ့ ဦးစွာဖောက်ခွဲတိုက်ခိုက်ခဲ့တာကြောင့် ၃ ဦး နေရာတင် ပွဲချင်းပြီး လဲကျသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီးနောက် ကျန်အကြမ်းဖက်တပ်သားတွေက ကြောက်လန့်တကြား လမ်းဘေးဝဲယာကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ရမ်းသမ်းပစ်ခတ်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေအနီးမှာ ပြည်သူအများအပြား ရောက်ရှိနေတာကြောင့် ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ဖို့ အခက်အခဲတွေကြောင့် မစ်ရှင်ကို ဖျက်သိမ်းပြီး မဟာမိတ် ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုကို အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မုံရွာခရိုင် အမှတ်(၁၁)တပ်ရင်းဖြစ်တဲ့ People's Defence Force - South Monywa တပ်ခွဲ(၁)နဲ့အတူ မုံရွာခရိုင် တပ်ရင်း(၁၁)တပ်ခွဲ(၃)၊ တပ်စု(၂) Youth Vigor Revolution Force၊ မုံရွာခရိုင်တပ်ရင်း(၂၄) တပ်ခွဲ(၁)၊ တပ်ခွဲ(၂)၊ ကနောင်မင်းသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၂။ တောင်ဥက္ကလာ မြဝတီဘဏ်ရှေ့ စစ်ကောင်စီကင်း ဗုံးဖြင့်တိုက်ခိုက်မှု၊ ၂ ဦးထိခိုက်ဟုဆို
မေ ၃၀ ၊ Mizzima
ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ ဝေဇယန္တာလမ်းပေါ်ရှိ မြဝတီဘဏ်ရှေ့တွင် ကင်းစောင့်နေသည့် စစ်ကောင်စီ တပ်သားများကို ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း Yangon Army (YA) တာဝန်ခံထံက သိရသည်။
ယမန်နေ့ (မေလ ၂၉ ရက်)ညနေ ၆ နာရီ ၄၅ မိနစ်တွင် စစ်ကောင်စီတပ်သား သုံးဦးခန့် ကင်းစောင့်နေသည့် မြဝတီဘဏ်ရှေ့ရှိ လုံခြုံရေးကင်းစောင့်ဘန်ကာကို ပြင်းအားမြင့် ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
" ကင်းစောင့်နေတာ သုံးယောက်လောက်ရှိမယ်။ စကစယူနီဖောင်းနဲ့ ေ-ွး(စကစတပ်သား)တွေပါဗျ။ သေနတ်တွေ ကိုယ်စီ ကိုင်ထားကြပါတယ်။ (တိုက်ခိုက်မှုအတွင်း) နှစ်ကောင်ကတော့ ငရဲပြည်ပဲ။ ဘန်ကာထဲကို ဗုံးသီးတည့်တည့်ကျသွားတာပါ" ဟု Yangon Army (YA) မှ တာဝန်ရှိသူက ပြောသည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း ကင်းစောင့်နေသည့် စစ်ကောင်စီ တပ်သားနှစ်ဦး ထိခိုက်မှုရှိကြောင်း YA တာဝန်ရှိသူကပြောသော်လည်း မဇ္ဈိမအနေဖြင့် ဆက်လက်အတည်ပြုနေဆဲ ဖြစ် သည်။ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက်တွင် ဂန္ဓမာဟိုးဆေးလ် (Gandamar Wholesale) လမ်းဆုံနှင့် ရေကူးထပ်ဆင့် အသံလွှင့်ရုံရှေ့တို့တွင် စစ်ကောင်စီတပ်သားများက စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။အလားတူ ယမန်နေ့ညပိုင်း တွင် တောင်ဥက္ကလာပမြို့နယ်၊ ၁၃ ရပ်ကွက်ရှိ ငွေတောင်စားသောက်ဆိုင်အရှေ့နှင့် မြောက်ဒဂုံမြို့နယ် တနေရာတွင်လည်း ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။
၃။ နတ်မောက်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးပြီး ဗိုလ်ကြီး ၂ ဦး လက်ပြတ်၊ ကားတစ်စီးပျက်စီး
မေ ၃၀ ၊ D Day News
မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးပြီး ဗိုလ်ကြီး ၂ ဦးလက်ပြတ်ကာ အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း Aung San's Land Natmauk တပ်ဖွဲ့ထံမှ သိရသည်။ ယမန်နေ့ မေလ ၂၉ ရက် နံနက် ၇ နာရီခန့်က နတ်မောက်မြို့နယ်၊ ကျောက်ဆည်ကုန်းကျေးရွာမှ အင်အား ၄၀ ခန့်ဖြင့် ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးသွားကြောင်း၊ ထို့နောက် ၎င်းစစ်ကြောင်းသည် မိုင်းကွင်းအတွင်းသို့ ဆက်လက်တိုးဝင်လာသဖင့် ထပ်မံမိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး ဗိုလ်ကြီး ၂ ဦး လက်ပြတ်ကာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။ အလောင်းများ၊ ဒဏ်ရာရသူများသယ်လာသည့် ကားတန်းကို ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားတစ်စီး ထပ်မံ ပျက်စီး ခဲ့ပြီး ပထမအကြိမ် မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့သည့်နေရာအား နယ်မြေရှင်းလင်းစဉ် အကြမ်းဖက်စစ်သားများ အသုံးပြု သည့် လက်နက်အပျက်အစီး အပိုင်းအစအချို့တွေ့ ရှိခဲ့ကြောင်း သိရသည်။အဆိုပါ တိုက်ခိုက်မှုကို Aung San's Land Natmauk၊ နတ်မောက်ပကဖ၊ မြို့သစ်ပကဖ၊ ငါးပြေမ ပျောက်ကြားတပ်ဖွဲ့၊ ကြိုးကြာနီ၊ကျားသစ်နက်၊ ၉၀၃ တပ်ရင်း တပ်ခွဲ ၁ ဂဠုန် PDF နတ်မောက်၊ ၉၀၃ တပ်ခွဲ ၃ တိုက်ဒေါင်းတပ်ဖွဲ့၊ ၉၀၂ တပ်ရင်း နှင့် နတ်မောက်ကျား တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၄။ မတူပီမြို့နယ် ခရိုင်အုပ်ချုပ်ရေးမှူးရုံးကို ချင်းတော်လှန်ရေးအင်အားစု သိမ်းပိုက်
မေ ၃၀ ၊ Myanmar Now
ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် ခရိုင်အုပ်ချုပ်ရေးမှူးရုံးကို ယနေ့ (မေ ၃၀) နံနက်တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) က ပြောသည်။
မတူပီမြို့မြောက်ဘက် ၉ မိုင်ခန့်အကွာ ငလိုင်ရွာနှင့် ဖနိုင်ရွာကြားရှိ ထိုရုံးကို နံနက် ၁၀ နာရီဝန်းကျင်တွင် သိမ်းပိုက်နိုင်ခဲ့ ခြင်းဖြစ်ကြောင်း CDF မတူပီ အမှတ် (၂) တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ဒီမနက် စစ်ဆင်ရေးစတင်ပြီးတော့ ၁၀ နာရီလောက်မှာ ရရှိပါတယ်။ ခရိုင်ရုံးနဲ့ အိုးအိမ် အဆောက်အအုံ ၂ ခုစလုံးကို ပေါင်းမယ်ဆိုရင် (စစ်ကောင်စီ) အင်အား ၃၀ နဲ့ ၅၀ ကြား တပ်စွဲထားပါတယ်” ဟု ၎င်းက ဆက်ပြောသည်။ စစ်ကောင်စီလက်နက်ကိုင်များ ဖနိုင်ရွာဘက်သို့ ဆုတ်ခွာ သွားသဖြင့် လိုက်လံ တိုက်ခိုက်နေဆဲ ဖြစ်သည်ဟု ဆိုသည်။ မတူပီ-ဟားခါး လမ်းပေါ်ရှိ အသစ်ဆောက်လုပ်ထားသည့် ခရိုင်ရုံးအဆောက်အအုံတွင် စစ်တပ်က ၂၀၂၁ ကတည်းကပင် စတင်တပ်စွဲထားသည်၊ ယခင်ကလည်း ချင်းတော်လှန်ရေး အင်အားစုများက မကြာခဏ သွားရောက် တိုက်ခိုက်တတ်သည်။ စစ်တပ်က အာဏာသိမ်းချိန်ကတည်းက နိုင်ငံအနှံ့ အုပ်ချုပ်ရေးမှူးရုံး အများအပြားတွင် စခန်းချ တပ်စွဲထားသည်။ ရခိုင်၊ ကချင်၊ ကရင် စသည့် ဒေသကြီးများတွင် အကြီး အကျယ် စစ်ထိုးခံနေရသည့် စစ်ကောင်စီသည် မတူပီမြို့ တိုက်ပွဲသို့ လေတပ်စေလွှတ်နိုင်ခြင်း မရှိဟု သိရသည်။
၅။ ကလေးမြို့မှာ စစ်တပ်နဲ့အပြန်အလှန်ပစ်ခတ်မှုအတွင်း အထူးတပ်ရင်း ၅ ဒုတပ်ရင်းမှူးသေဆုံး
မေ ၃၀ ၊ BBC
ဒီမို နာမည်နဲ့လူသိများတဲ့ ကလေးခရိုင် PDF အထူးတပ်ရင်း (၅) ဒုတပ်ရင်းမှူး၊ မြို့ပြစစ်ဆင်ရေးခေါင်းဆောင် ကိုရန်နိုင်ဦး ဟာ စစ်ကိုင်းတိုင်း၊ ကလေးမြို့က တောင်ဇလပ်ရပ်ကွက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မနေ့က ပစ်ခတ်မှုအတွင်း သေဆုံး ခဲ့တယ်လို့ သိရပါတယ်။ ‘‘သူက မြို့ပြပြောက်ကျားအနေနဲ့ လှုပ်ရှားနေတာကြာပါပြီ။ SR 5 ရဲ့ ဒုတပ်ရင်းမှူးတာဝန်ယူတာ မကြာသေးပါဘူး။စစ်ဆင်ရေးသွားရင်း မြို့လှ(ရပ်ကွက်)က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်ဆီရောက်သွားတာ။ စစ်ကောင် စီတပ်ဖွဲ့ဝင်တွေနဲ့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး သူ ဆုံးတာ’’ လို့ မြေပြင်အခြေအနေသိတဲ့ ကလေး PDF တပ်ဖွဲ့ဝင်တစ်ဦး က ဘီဘီစီကို ပြောပါတယ်။ စစ်ကောင်စီဘက်က သတင်းတွေဖော်ပြတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာတော့ သတင်းပေးပို့ ချက်ကြောင့် ကိုရန်နိုင်ကို ကလေးမြို့ တောင်ဇလပ်ရပ်ကွက်မှာ အသေပစ်ခတ် ဖမ်းဆီးမိခဲ့ပြီး ပစ္စတို သေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၁၄ တောင့်နဲ့ ဖုန်း ၁ လုံးကိုပါ သိမ်းမိတယ်လို့ ရေးသားနေကြပါတယ်။
ကိုဒီမိုလို့ သိကြတဲ့ ကိုရန်နိုင်ဦးဟာ အသက် ၃၉ နှစ်ဝန်းကျင်ခန့်ရှိပြီဖြစ်ပြီး စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် ကလေး ခရိုင်တပ်ရင်း ၁ တပ်ရင်းမှူးအတွက် တာဝန်ယူခဲ့သူဖြစ်ပေမဲ့ ခြေထောက်ဒဏ်ရာကြောင့် အနားယူခဲ့ပြီးနောက်မှာ မြို့ပြ စစ်ဆင်ရေးတွေကို လှုပ်ရှားခဲ့သူဖြစ်တယ်လို့ သူ့တပ်ရင်းအောက်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ PDF ရဲမေတစ်ဦးက ဘီဘီစီ ကို ပြောပါတယ်။
၆။ မြိုင်တွင် ရိက္ခာရှာထွက်လာသည့် စစ်သားများ တိုက်ခိုက်ခံရပြီးနောက် ပြန်လှည့်ပြေး
မေ ၃၀ ၊ Myanmar Pressphoto Agency
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရိက္ခာရှာထွက်လာသည့် စစ်သားများကို ဒေသခံ PDF တို့က တိုက်ခိုက်ခဲ့ရာ အလောင်း ထမ်းကာ ပြန်လှည့်ပြေးသွားကြကြောင်း သိရသည်။ မြိုင်မြို့နယ်၊ကိုင်းတောမရွာ စာသင်ကျောင်းအခြေစိုက် စစ်သား ၁၅ ဦး ခန့်တို့သည် မေလ ၂၉ ရက်၊နံနက်ပိုင်းတွင် ရိက္ခာရှာထွက်လာစဉ် PDF တို့က မီတာ ၄၀အကွာမှ အနီးကပ် ပစ်ခတ် ခဲ့ခြင်း ဖြစ်ပြီး စစ်သားနှစ်ဦးသေဆုံးကြောင်း Young Force UG ထံကသိရသည်။ "ဒီကောင်တွေ သေချာတော့ပြင်ဆင်လာပုံ ရတယ်။ ဒါပေမဲ့ သူတို့လူထိတော့ ကြောက်ချီးပန်းပြေးသွားတာ တန်းနေတာပဲ။ ပစ်ခတ်မှုကတော့နာရီဝက်ကျော်ပဲ ကြာခဲ့ တယ်" ဟု Young Force UG ၊ သတင်းပြန်ကြားရေးတာဝန်ခံ ကိုပိန်က MPAသို့ ပြောသည်။ မြိုင်အခြေစိုက် PDF ရဲဘော် တစ်ဦးကမူ ယင်းတိုက်ခိုက်ခံရမှုကြောင့် စစ်သား သုံးဦး သေဆုံးသည်ဟု သတင်းရရှိကြောင်း ဆိုသည်။“ပထမ နှစ်ဦး သေတယ်လို့ ကြားတယ်။ အေးဆေးငြိမ်သွားပြီဆိုမှ သုံးဦးသေတယ်လို့ ထပ်သိရတယ်” ဟု ၎င်းကပြောသည်။
အဆိုပါတိုက်ခိုက်မှုကို Earthquake Peoples Defense Force၊ Pakokku Peoples Defense Force၊ Young Force UG၊ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှစ်( Thu Rain TR)၊ Pakokku Ranger၊Pakokku Hunter၊Pakokku Underground Force ၊မြိုင်ပကဖတပ်ရင်း နှစ်နှင့် Justic Revolution Force တို့ ပူးပေါင်း ဆင်နွှဲခဲ့ကြောင်း သိရသည်။
၇။ လွိုင်ကော်မြို့ကို စစ်ကောင်စီတပ်က ပြန်လည်ထိုးစစ်ဆင်
မေ ၃၀ ၊ RFA
ကယားပြည်နယ် မြို့တော်လွိုင်ကော်ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် စစ်ကောင်စီတပ်က အင်အားငါးရာခန့် အသုံးပြု ပြီး ထိုးစစ်ဆင်နေတာကြောင့် မေလ ၃၀ ရက် ဒီနေ့မနက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ပြောပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ လက်ရှိမှာ လွိုင်ကော်၊ မိုးဗြဲ၊ ဆီဆိုင် လမ်းခွဲနေရာအထိ နေရာယူထားပြီလို့ KNDF သတင်းပြန်ကြား ရေးတာဝန်ခံ စောသာအယ်စိုးက ပြောပါတယ်။ “အဲဒီလမ်းဆုံမှာ အရင်စစ်ကောင်စီဂိတ်ရှိခဲ့တာကို တစ်လေးလုံးစစ်ဆင်ရေး မှာ ကျွန်တော်တို့သိမ်းထားတာပေါ့။ အခုစစ်ကောင်စီက အဲဒီလမ်းဆုံနေရာကို ပြန်ထိုင်သွားတယ်။ သူတို့ ရှမ်းပြည် တောင်ပိုင်းကနေ စစ်ကြောင်းထိုးလာတဲ့ မတ်လကတည်းက အဲဒီလမ်းပိုင်းတွေမှာ တိုက်ပွဲဖြစ်နေတာ။ မြို့ပေါ်မှာလည်း သူတို့ လှုပ်ရှားစစ်ကြောင်းတွေနဲ့ လှုပ်ရှားလာလို့ တိုက်ပွဲဖြစ်နေတယ်”။ဆီဆိုင်မြို့ကနေ လွိုင်ကော်မြို့ကို ဦးတည်လာနေ တဲ့ စစ်ကြောင်းကို မြို့တွင်းမှာ အရင်ကတည်းက ကျန်နေသေးတဲ့ စစ်ကောင်စီ တပ်ရင်းတပ်ဖွဲ့တွေကလည်း သွားရောက် ပူးပေါင်းဖို့ လုပ်ဆောင်နေတယ်လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လွိုင်ကော်မြို့က စစ်ရေးအခြေအနေကို သိရှိသူ တစ်ဦးက ပြောပါတယ်။
နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုသတင်းများ
၈။ ဒိုင်ရ်နယ်မြေဒေသများပေါင်းစည်းရန် ပထမအကြိမ်ညီလာခံက သဘောတူ
မေ ၃၀ ၊ Mizzima
ချင်းပြည်နယ်အတွင်း နေထိုင်သည့် ဒိုင်ရ်လူမျိုးများ စုစည်း၍ ပထမဆုံးအကြိမ်ပြည်သူ့ ညီလာခံကျင်းပခဲ့ပြီး ကွဲပြားနေ သော မြို့နယ်များရှိနယ်မြေများကိုပေါင်းစည်းရန် သဘောတူခဲ့ကြောင်း ဒိုင်ရ်ဒေသန္တရကောင်စီက မေလ ၂၉ ရက်နေ့တွင် ထုတ်ပြန်သည်။
ပြည်သူ့ ညီလာခံကို ကန်ပက်လက်၊ မတူပီ၊ မင်းတပ်နှင့် ပလက်ဝမြို့နယ်များတွင် နေထိုင်ကြသည့် ရပ်ကျေးကိုယ်စားလှယ်များ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ ကာကွယ်ရေးအဖွဲများ၊ အထူးဖိတ်ကြားသူများ စုစုပေါင်း ၂၀၀ ဦးခန့် တက်ရောက် ပြီး မေလ ၁၆ နှင့် ၁၇ ရက်များတွင် ပထမဆုံးအကြိမ် ဒိုင်ရ်ဒေသလုံးဆိုင်ရာညီလာခံက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ “ညီလာခံ မှာ လေးမြို့နယ်မှာရှိတဲ့ကိုယ်စားလှယ်အားလုံး စုံညီတက်ရောက်ခဲ့ပြီး ဒိုင်ရ်ဒေသမှာရှိတဲ့ လူထုအားလုံးက အုပ်ချုပ်ရေး နယ်မြေတခုအဖြစ် ပြန်လည်ရပ်တည်ဖို့ ဆုံးဖြတ်နိုင်ခဲ့တာက ညီလာခံရဲ့ထူးခြားချက်ဖြစ်တယ်”ဟု ညီလာခံတက်ရောက် ခဲ့သည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက မဇ္စျိမကို ပြောသည်။ဒိုင်ရ်လူမျိုးများနေထိုင်သည့် နယ်မြေများ ပြန်လည်ပေါင်းစည်း ရန် သဘောတူခဲ့ကြပြီး ဖွဲ့စည်းပုံအခြေခံမူများ ရေးဆွဲအတည်ပြုကာ ဒိုင်ရ်ဒေသန္တရကောင်စီ၏ ဦးဆောင်မှုဖြင့် အုပ်ချုပ်မှု ကဏ္ဍများကို တစုတစည်းတည်း အကောင်အထည်ဖော်သွားမည်ဟု ဆိုသည်။
ယင်းသို့ ဖွဲ့စည်းနိုင်ခဲ့သောကြောင့် ဒိုင်ရ်မျိုးနွယ်စုများအကြား စည်းလုံးမှု ပိုမိုရှိလာပြီး အနာဂတ်ဒိုင်ရ်လူမျိုးနွယ်စုများအရေးအရာများကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်က ဆက်ပြောသည်။ ၎င်းအပြင် စစ်အာဏာရှင်ကိုဖြုတ်ချရေး တော်လှန်ရေးတွင် ပိုမိုအင်အားကောင်းလာပြီး မိတ်ဖက်တော်လှန်ရေး အင်အားစုများနှင့် ကျယ်ပြန့်စွာလက်တွဲလုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။ညီလာခံမှ ဒိုင်ရ်ဒေသနှင့် ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ် ကာကွယ်စောင့်ရှောက်ရေးနှင့် လုံခြုံရေးအတွက် ဒေခံကာကွယ်ရေးတပ်ဖြစ်သည့် ချင်းလဲန်း ကာကွယ်ရေးတပ်ဖွဲ့(ဒိုင်ရ်)ကို လေးမြို့နယ်အတွင်းရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ပြန်လည်တည်ဆောက် သွားမည်ဟု ဆိုသည်။ ထိုသို့ ပြန်လည်တည်ဆောက်သွားရာတွင် အိမ်နီးချင်းမြို့နယ်အဖွဲ့အစည်းများ၊ တော်လှန်ရေး အင်အားစုများဖြင့်လည်း လိုအပ်သောတွေ့ဆုံညှိနှိုင်းမှုများ ဒိုင်ရ်ဒေသန္တရကောင်စီမှ ကြိုးစားပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ဒိုင်ရ်ဒေသအတွင်းရှိ ပြည်သူလူထု၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးကိစ္စအဝဝ စီမံ ဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး တဆက်တည်း ပြည်သူတရပ်လုံး ဆင်နွဲနေ သည့် စစ်အာဏာရှင်အမြစ်ပြတ်ကျဆုံးရေး၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးတို့အတွက် ရည်မှန်းချက်ပန်းတိုင်တူသော တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဟု ဆိုသည်။ ချင်းအမျိုးသားစည်းလုံးညီညွတ်ရေး၊ ချင်းပြည် တည်ဆောက်ရေးတွင် ဘက်လိုက်မှုမရှိဘဲ ချင်းတော်လှန်ရေးအင်အားစုများအားလုံးနှင့် အတူတကွ လက်တွဲပူးပေါင်း ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရသည်။ ဒိုရ်လူမျိုးများသည် ကန်ပက်လက် ၊ မတူပီ ၊ မင်းတပ်နှင့် ပလက်ဝမြို့နယ်များရှိ ကျေးရွာပေါင်း ၁၀၀ ကျော်တွင် ပြန့်နှံ့နေထိုင်ပြီး လူဦးရေ ၄၀,၀၀၀ ခန့်ရှိကြောင်း သိရသည်။
လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ
၉။ ထီးလင်းမြို့နယ်၊ ဆွဲလွဲကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကျွဲ ၁ ကောင်ထိမှန် သေဆုံး
မေ ၃၀ ၊ D Day News
မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ဆွဲလွဲကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ကျွဲ ၁ ကောင် ထိမှန် သေဆုံးခဲ့ကြောင်း YRA-ထီးလင်းတပ်ဖွဲ့ထံမှ သိရသည်။
ယမန်နေ့ မေ ၂၉ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ထီးလင်းမြို့နယ်၊ ဆွဲလွဲကျေးရွာအနီး၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲအကြမ်းဖက် စစ်ကောင်စီ၏ တံတားဦး လေတပ်စခန်းမှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စျေးဆိုင် ၁ ဆိုင် အနီး တောထဲ တနေရာ၌ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျွဲတကောင် ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။
"နေ့လည် ၂ နာရီလောက်က ဗုံးကျဲ သွားတာပါ။ ဂျက်လေယာဥ်က ပထမ တခါ ၄ လုံး ကျဲ တာ၊ ၃ ပတ်လောက်ဝဲပြီးတော့ စက်သေနတ်တွေနဲ့လည်း ပစ်တယ် ရော့ကတ်တွေနဲ့လည်း ပစ်တယ် ကံကောင်းလို့ လူထိခိုက် သေဆုံးတာတော့ မရှိခဲ့ ပါဘူး။ တိုက်ပွဲလဲမရှိဘူး ဘာမှလဲ ထူးခြားတာမရှိပဲ ရုတ်တရက်ကြီးလာ ပစ်သွားတာပါ" ဟု YRA-ထီးလင်းတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ပြောကြားသည်။ ထီလင်းမြို့နယ်အတွင်း၌ ပြီးခဲ့သည့် မေလ ၅ ရက်နေ့ကလည်း အကြမ်းဖက် စစ်ကောင်စီ၏ Y-12 လေယာဥ်ဖြင့် လေကြောင်း တိုက်ခိုက်မှု ၁ ကြိမ်၊ ဧပြီလ ၂၆ ရက်နေ့ကလည်း MI -35 တစ်စီးဖြင့် တစ်ကြိမ် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။
၁၀။ ကလေးမှာ လက်နက်ကြီးကြောင့် လေးဦး သေဆုံး၊ ခုနစ်ဦး ဒဏ်ရာရ
မေ ၃၀ ၊ RFA
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ တင်သားရွာမှာ မေလ ၂၉ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သားလေးဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူတွေက အသက် ၅၀ အရွယ် ဦးနိုင်ဦး၊ သမီးဖြစ်သူ ၂၅ နှစ်အရွယ် မလှိုင်သဇင်ဖြိုး အပါအဝင် အသက် ၄၀ နှစ် အရွယ် ဒေါ်လှဌေးနဲ့ ၄၈ နှစ်အရွယ် ဒေါ်စန်းဌေးတို့ ဖြစ်ပါတယ်။ ဒဏ်ရာရထားတဲ့ ခုနစ်ဦးထဲမှာတော့ ကလေးနှစ်ဦး ပါဝင် တယ်လို့ ဆိုပါတယ်။ တင်သားရွာနဲ့ သုံးမိုင်အကွာ ကြန်သာရွာမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းတပ်စခန်းကနေ ၈၁ မမ လက်နက်ကြီးတစ်လုံး ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တင်သားရွာခံတစ်ဦးက ပြောပါတယ်။ “သူတို့က ဘာမှ အကြောင်းမရှိဘဲနဲ့ ပစ်တာ။ အိမ်ထဲကျတာပေါ့။ အိမ်မှာ စုထိုင်နေကြတဲ့အချိန် အိမ်နားနီးချင်းတွေရော၊ အိမ်အလည်လာတာတွေရော ထိတာပေါ့။ တစ်လုံးတည်းပစ်တာ အားလုံးပေါင်း ၁၁ ယောက် ဒဏ်ရာရတာ။ အဲဒီထဲက အခုချိန်ထိ သေသွားတာ လေးယောက်ရှိသွားပြီပေါ့ဗျာ”။ လက်နက်ကြီးစ ထိမှန်ဒဏ်ရာရတဲ့ ခုနစ်ဦးထဲမှာလည်း လက်ပြတ်၊ ခြေထောက်ကျိုး၊ ရင်ဘတ်ဒဏ်ရာတွေ ကြောင့် စိုးရိမ်ရသူတွေရှိနေပြီး ဆေးကုသဖို့ အကူအညီတွေလည်း လိုအပ်နေတယ်လို့ သူက ဆိုပါတယ်။
၁၁။ ကျိုက်ထိုမှာ ဒေသခံတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး
မေ ၃၀ ၊ RFA
မွန်ပြည်နယ် ကျိုက်ထိုမြို့မှာ မေလ ၂၈ ရက်နေ့ညက ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ဒေသခံ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ကျိုက်ထိုမြို့ခံတွေက ပြောပါတယ်။
ကျိုက်ထိုမြို့ ကော့စံနိုင်ရပ်ကွက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သားတွေ ကင်းလှည့်လာတာကို မြင်တာကြောင့် ထွက်ပြေးတဲ့ ဒေသခံလေးဦးကို ပစ်ခတ်ဖမ်းဆီးရာမှာ တစ်ဦးက သေဆုံးခဲ့တာလို့ ကျိုက်ထိုမြို့ခံတစ်ဦးက ပြောပါတယ်။
“သူတို့ လှည့်ကင်းလှည့်နေတဲ့အချိန် ခေါ်တာကို ထွက်ပြေးလို့ ပစ်လိုက်တာ။ ဖြစ်တာက ၁၀ နာရီမထိုးခင် သူတို့ လှည့်ကင်း လှည့်တယ်။ အဲဒီကောင်လေးတွေက လမ်းမမှာ အရက်ထိုင်သောက်နေကြတာ။ သူတို့ လှည့်ကင်းလာတဲ့အချိန် ကြောက် ကြောက်နဲ့ ထပြေးကြတာ။ အဲဒါကို သူတို့က ပစ်လိုက်တာ။ လည်ပင်းကို တည့်တည့်ထိသွားတယ်”
သေဆုံးသူက အလယ်ဝိမလရွာက အသက် ၂၉ နှစ်အရွယ် ပန်းရံအလုပ်သမား ကိုစိုးမိုးဦး ဖြစ်ပါတယ်။ မေလ ၂၉ ရက်နေ့မှာ တော့ သေဆုံးသွားခဲ့တဲ့ ကိုစိုးမိုးဦးရဲ့ ရုပ်အလောင်းကိုလာထုတ်ဖို့ အကြောင်းကြားခဲ့ပြီး ဖမ်းဆီးသွားခဲ့တဲ့ လူငယ် သုံးဦးကို လည်း ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်အတွင်းက သံတံတား ရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမ်းသွားလမ်းလာတွေကို ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ပြည်သူနှစ်ဦး သေဆုံးခဲ့ တယ်လို့ ဒေသခံတွေက ပြောပါတယ်။
၁၂။ ဖျာပုံမှာ စစ်မှုထမ်းဖို့တိမ်းရှောင်တဲ့ လူငယ်တစ်ဦး ဖမ်းဆီးနှိပ်စက်ခံရ
မေ ၃၀ ၊ RFA
ဧရာ၀တီတိုင်း ဖျာပုံမြို့နယ် လက်ပံရွာက စစ်မှုထမ်းဖို့ မဲပေါက်တဲ့ လူငယ်တစ်ဦး ထွက်ပြေးတိမ်းရှောင်နေရာကနေ မေလ ၂၉ ရက်နေ့မှာ စစ်ကောင်စီတပ်က ဖမ်းဆီးရမိသွားပြီး ရိုက်နှက်ညှဉ်းပန်းနှိပ်စက်ခံနေရတယ်လို့ ဒေသခံတွေက ပြောပါ တယ်။လက်ပံရွာမှာ စစ်မှုထမ်းဖို့ဆိုပြီး မေလ ၂၆ ရက်နေ့မှာ လူငယ်သုံးဦးကို ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ အုပ်ချုပ်ရေး အဖွဲ့ဝင်ကိုယ်တိုင် မဲနှိုက်ရွေးချယ်ပေးခဲ့တာပါ။ အဲဒီလူငယ်သုံးဦးထဲက အသက် ၂၄ နှစ်အရွယ် ကိုရန်နိုင်လင်းကတော့ ကိုယ်တိုင်မဲနှိုက်ခွင့်မရတာနဲ့ စစ်မှုမထမ်းလိုတာကြောင့် မေလ ၂၈ ရက်နေ့မှာ ထွက်ပြေးတိမ်းရှောင်ခဲ့လို့ ဆိုပါတယ်။
မေလ ၂၉ ရက်နေ့မနက်ပိုင်းမှာတော့ သူ့ကို စစ်ကောင်စီတပ်က ဖမ်းဆီးရမိခဲ့ပြီး သွားကျိုးသည်အထိ ရိုက်နှက်ခဲ့သလို လက်ရှိချိန်အထိ ပြန်လွှတ်မပေးသေးဘဲ ဖမ်းခေါ်ထားတယ်လို့ ဒီဖြစ်ရပ်ကို သိရှိတဲ့ ဖျာပုံဒေသခံတစ်ဦးက ပြောပါတယ်။
“၂၈ ရက်နေ့ညက ထွက်ပြေးတာ။ ၂၉ ရက်နေ့မှာ ဖမ်းမိသွားတယ်။ မိလည်းမိရော တစ်ခါတည်း ရဲစခန်းတွေဘာတွေ မအပ် တော့ဘူး။ တစ်ခါတည်း မြို့နယ်တရားရုံးကို ခေါ်သွားတာ။ မိဘတွေလည်း လိုက်တယ်။ ဒါပေမဲ့ အဆက်အသွယ် မရ တော့ဘူး။ ဘယ်ခေါ်လို့ ခေါ်သွားမှန်းလည်း မသိဘူး”။ ဖမ်ဆီးခံရတဲ့ ကိုရန်နိုင်လင်းမှာ ဇနီးသည်နဲ့ သားသမီးသုံးဦး ကျန်ရစ် ခဲ့တယ်လို့လည်း သူကဆိုပါတယ်။ အခုဖမ်းဆီးခံရမှုကို ဖျာပုံပြည်သူကာကွယ်ရေးတပ်ဖွဲ့ဘက်ကလည်း အတည်ပြုပေးပြီး စစ်မှုထမ်းတိမ်းရှောင်တဲ့အတွက် ထောင်ချအရေးယူမယ်လို့ သတင်းတွေ ထွက်နေတာကြောင့် ဆက်လက်စုံစမ်းနေတယ် လို့ ဆိုပါတယ်။
၁၃။ စစ်တပ်က စစ်တွေပြည်သူ ၄ ဦးကို ပစ်သတ်
မေ ၃၀ ၊ DVB
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာ မေ ၂၉ ရက် ညပိုင်းမှာ စစ်ကောင်စီတပ်က ဒေသခံပြည်သူ ၄၀ ကျော်ကို ဖမ်းဆီးကာ ပြည်သူ ၄ ယောက်ထက်မနည်းကို ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာ၊ သုံးဆောင်ရွာ၊ ကျေးတောရွာ အပါအဝင် ကျေးရွာ ၄ ရွာကို မေ ၂၉ ရက် ည ၁၀ နာရီကျော်လောက်မှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ပြည်သူ ၄၀ ကျော်လောက်ကို ဖမ်းဆီးခဲ့ကြတယ်လို့ စစ်တွေမြို့ဒေသခံတယောက်က DVB ကို ပြောပါ တယ်။ ဖမ်းဆီးခံရတဲ့သူတွေကိုတော့ ဗျိုင်းဖြူရွာ သင်္ချိုင်းပြင်ကို ခေါ်သွားကြပြီး အမျိုးသားတွေကိုတော့ စစ်ကောင်စီရဲ့ ခလရ ၂၀ တပ်ရင်းကို ခေါ်သွားကြတယ်လို့ ဆိုပါတယ်။အဲဒီနောက် မေ ၃၀ ရက် မနက်ပိုင်းမှာ ဖမ်းဆီးခံရတဲ့ ပြည်သူတွေကို သင်္ချိုင်းပြင်မှာ နေပူထုတ်လှန်းပြီး ရိုက်နှက်နှိပ်စက်တာတွေ ပြုလုပ်ကာ ခလရ ၂၀ ခေါ်သွားတဲ့အထဲက ကျေးတောရွာက ဦးကုလားမောင် အပါအဝင် ပြည်သူ ၄ ယောက်ထက်မနည်း ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်တွေမြို့နယ်မှာ မေ ၂၄ ရက် ညပိုင်းကလည်း စစ်ဘေးရှောင်ပြည်သူ ၄ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ် လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
コメント