top of page
Writer's pictureMyo Yan Naung Thein

နေ့စဉ်သတင်းစုစည်းမှု - ၂၀၂၄ ခုနှစ် မေလ ၃၁ ရက်

နေ့စဉ်သတင်းစုစည်းမှု

31-May-2024

တိုက်ပွဲသတင်း

 

၁။ ဆီဆိုင်မြို့မှာ တိုက်ပွဲကြောင့် ဒေသခံ တစ်ထောင်နီးပါး ထွက်ပြေးနေရ

 

မေ ၃၁ ၊ RFA

 

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ထမ်းယံတိုင်ရွာအနီးမှာ မေလ ၃၀ ရက်နေ့ကနေ ဒီမနက်အထိ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) တို့ တိုက်ပွဲတွေဖြစ်နေတာကြောင့် ဒေသခံ တစ်ထောင်နီးပါး ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဆီဆိုင်မြို့ခံတွေက ပြောပါတယ်။ PNLA ရဲ့ မနေ့က ထုတ်ပြန်ချက်မှတော့ လွယ်မောတောင်ဒေသ ပင်မူးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းတပ်က မေလ ၂၉ ရက်နေ့ညနေပိုင်းကတည်းက ရပ်ရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတာကြောင့် နေအိမ်တချို့ ပျက်စီးတယ်လို့ ဖော်ပြထားပါတယ်။ ဒီနေ့မနက်ထိ တိုက်ပွဲတွေဆက်ရှိနေတာကြောင့်လည်း တောတောင်တွေထဲကို ထပ်မံ ထွက်ပြေးနေရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “တိုက်ပွဲက ဒီမနက်အထိ ဖြစ်နေတယ်ဗျ။ ပစ်ခတ်သံတွေ ကြားနေရ တုန်းပဲ။ ဒေသခံတွေက အရင်တိုက်ပွဲဖြစ်တုန်းက ပြေးခဲ့ရတဲ့ တောထဲကို ပြန်ပြေးနေရတယ်။ ဘန်းယဉ်ရွာဘက်ကို ပြေးကြ တာလည်းရှိတယ်”။ လက်ရှိမှာ ထမ်းယံတိုင်၊ ပန်ရန်းနဲ့ အနီးအနားရွာတွေက ဒေသခံ တစ်ထောင်နီးပါး ထွက်ပြေးနေရတာ လို့ သူက ဆိုပါတယ်။

 

၂။ ပဲခူးရိုးမအတွင်း ဝင်ရောက်လာသော စစ်ကြောင်းကို ၄ ရက်ဆက်တိုက် တိုက်ခိုက်မှု စစ်သား ၃၅ ဦးသေဆုံးပြီး PDF ရဲဘော် ၂ ဦးကျဆုံး

 

မေလ ၃၁ ၊ D Day News

 

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းသို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃၅ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ထံမှ သိရသည်။

မေလ ၂၆ ရက်နံနက် ၁၀ နာရီခန့်က ကျောက်တံခါးမြို့နယ်အပိုင် ပဲခူးရိုးမ မြိုချောင်း - စိန်ကန့်လန့် ရိုးမဖြတ်လမ်း ၁၂ မိုင်သို့ တက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ၏ ဗျူဟာစစ်ကြောင်းမှ အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေ ဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။အလားတူ မေလ ၂၇ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် မြိုချောင်း - စိန်ကန့်လန့် ရိုးမဖြတ်လမ်း ၁၇ မိုင်သို့ စစ်ကား ၆ စီး နှင့်အတူ ခြေလျင်တက်လာ သည့် အကြမ်းဖက်စစ်သားများကို ပဒေသာမိုင်း ၃ လုံး ဖြင့် စောင့်ကြို မိုင်းဆွဲ၍ ၄၀ မမ ဗုံးသီး ၄ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၅ ဦး နေရာမှာပင် ပွဲချင်းပြီးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် မေလ ၂၈ ရက် မွန်းလွဲ ၁ နာရီခန့်တွင် မြိုချောင်း - စိန်ကန့်လန့် ရိုးမဖြတ်လမ်း ၁၈ မိုင် အနီးရှိ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့၏ ယာယီစခန်းသို့ တက်လာသော အကြမ်းဖက်စစ်သားများကို ပဒေသာမိုင်း ၆ လုံးဖြင့် စောင့်ကြိုမိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၁၂ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့နောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ နှင့် အပြန်အလှန် ပစ်ခတ် တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့ရာ PDF ရဲဘော် ၂ ဦး ကျဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများ အပါအဝင် ဒရုန်းများ အသုံးပြုတိုက် ခိုက်ခဲ့သဖြင့် လက်နက်အင်အား ကွာခြားချက်ကြောင့် စခန်းမှ ဆုတ်ခွာပေးလိုက်ရကာ လက်လုပ် သေနတ် ၃ လက်နှင့် ရှေ့ထွက်မိုင်း ၄ လုံး ဆုံးရှုံးခဲ့ကြောင်း သိရသည်။မေလ ၂၉ ရက် နံနက် ၁၁ နာရီခန့်တွင် မြိုချောင်း - စိန်ကန့်လန့် ရိုးမဖြတ်လမ်း ၁၉ မိုင်သို့ တက်လာသည့် ၁၀၀ ခန့်ပါ အကြမ်းဖက်စစ်ကြောင်းကို အစောင့်ကြို မိုင်းဆွဲတိုက်ခိုက်ပြီး အပြန်အလှန် ပစ်ခတ်တိုက်ခိုက် ခဲ့ရာ ၄ နာရီခန့် အကြာတိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၇ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

 

၃။ မုံရွာမြို့ပတ်လမ်းပေါ်တွင် ကင်းလှည့်ကားတစ်စီးကို ပစ်ခတ်တိုက်ခိုက်မှု ရဲ ၄ ဦးသေဆုံး၊ သေနတ် ၄ လက်သိမ်းဆည်း ရရှိ

 

မေလ ၃၁ ၊ D Day News

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပတ်လမ်းပေါ်တွင် ကင်းလှည့်ကားတစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၄ ဦး သေဆုံးပြီး သေနတ် ၄ လက်သိမ်းဆည်းရရှိခဲ့ကြောင်း Depeyin Local Mobile Team အဖွဲ့ထံမှ သိရသည်။ မေလ ၃၀ ရက်နေ့ နံနက် ၈ နာရီ ၂၉ မိနစ်ခန့်တွင် မုံရွာမြို့ပတ်လမ်း၌ အိမ်စီးကားအဖြူရောင်ဖြင့် ကင်းလှည့်နေသော အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၄ ဦးကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော စစ်ကောင်စီလက်အောက်ခံရဲ ၄ ဦးထံမှ G-3 သေနတ် ၁ လက်၊ M4A-1 သေနတ် ၁ လက်၊ MA-13 သေနတ် ၂ လက်၊ ၉ မမ ကျည် ၅၀ တောင့်၊ 5.56 နေတိုးကျည် ၁၁၈ တောင့်နှင့် ဖုန်း ၄ လုံးတို့ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Depeyin Local Mobile Team မှ ကိုမိုးကောင်း ( DLMT) ဦးဆောင်သော တပ်စိတ် ၊ မုံရွာမြို့နယ် ပလဖအဖွဲ့နှင့် ဘုတလင် Mobile Team တို့က ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

၄။ ပခုက္ကူမြို့နယ်၊ အရှေ့ဘုန်းကံရွာအနီးတွင် ကားဖြင့်ထွက်လာသည့် စစ်သား ၂ ဦးကို ပစ်ခတ်တိုက်ခိုက်မှု ၁ ဦးအရှင် ဖမ်းမိပြီး သေနတ် ၂ လက်နှင့်ကျည်ဆံများ သိမ်းဆည်းရရှိ

 

မေလ ၃၁ ၊ D Day News

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အရှေ့ဘုန်းကန်ကျေးရွာနှင့် မီးသွေးကန်ကြားတွင် အကြမ်းဖက်စစ်ကားတစ်စီးကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး၊ သေနတ် ၂ လက်နှင့် ကျည်ဆံများသိမ်းဆည်းရရှိခဲ့ပြီး ဗိုလ်ဖြစ်သူမှာ ဒဏ်ရာဖြင့် ထွက်ပြေး သွားကြောင်း King Cobra PDF တပ်ဖွဲ့ထံမှ သိရသည်။ မေလ ၂၇ ရက်ညနေ ၅ နာရီ မိနစ် ၃၀ အချိန်ခန့်က ပခုက္ကူမြို့နယ်၊ အရှေ့ဘုန်းကံကျေးရွာအတွင်းသို့ စစ်သား ၆ ဦးလာရောက်ပို့ဆောင်ပြီး ပခုက္ကူမြို့ဘက်သို့ ပြန်လည်ထွက်ခွာလာသော မတ်တူးယာဉ် တစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ယာဉ်ပေါ်ပါ အကြမ်းဖက်စစ်ဗိုလ်တစ်ဦးနှင့် စစ်သား ၂ ဦးအနက် စစ်သားဖြစ်သူ ကို MA 3 အမျိုး အစား သေနတ် ၁ လက်၊ MA 5 အမျိုးအစား သေနတ် ၁ လက်၊ ကျည် ဘောက်က ၂ ခု၊ ကျည် ၅၆ တောင့်တို့နှင့်အတူဖမ်းမိခဲ့ကြောင်း၊ ကားပေါ်ပါ စစ်ဗိုလ်ဖြစ်သူမှာ ဒဏ်ရာများဖြင့် ထွက်ပြေးသွားကြောင်း သိရ သည်။ ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုအတွင်း အရှေ့ဘုန်းကံကျေးရွာရှိ အကြမ်းဖက်စစ်သားများက လက်နက်ကြီးများဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့ပြီး စစ်ကူများလည်း အလျှင်အမြန်ရောက်ရှိလာသဖြင့် အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၁၀ မိနစ်ခန့် ထပ်မံဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့ အပြန်အလှန်ပစ်ခတ်တိုက်ပွဲတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး မစိုးရ ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုကို King Cobra People Defence Force ၊ ပခုက္ကူခရိုင် တပ်ရင်း ၁၆ တပ်စု ၃ တပ်ခွဲ ၃ ဒေါင်းညီနောင်တပ်ဖွဲ့နှင့် ပြည်သူ့အားမာန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

 

နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုသတင်းများ

 

၅။ တရုတ်စီမံကိန်းတွေ ဆက်လက်အကောင်အထည်ဖော်ရေး တရုတ်နဲ့ စစ်ကောင်စီ ဆွေးနွေး

 

မေ ၃၁ ၊ RFA

 

စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စတာချန်းဟိုင်တို့ မေလ ၃၀ ရက် နေ့က နေပြည်တော်မှာတွေ့ဆုံပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေတဲ့ စီမံကိန်းတွေ ဆက်လက်အကောင်အထည်ဖော်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ ဒါ့အပြင် အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို ပူးပေါင်း နှိမ်နင်းဖို့၊ တရုတ်-မြန်မာနယ်စပ်ဒေသ ငြိမ်းချမ်းရေး၊ မြန်မာရဲ့ စီးပွားရေးတိုးတက်ဖို့အတွက် တရုတ်က ကူညီဖို့နဲ့ နိုင်ငံတကာမျက်နှာစာမှာ ပိုပြီး နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ဖို့ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေ ပြင်းထန်နေပြီး တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးကလည်း ကျဆင်းနေသလို တရုတ်စီမံကိန်းတချို့ကလည်း တိုက်ပွဲဇုန်တွေအတွင်းမှာ ကျရောက်နေတာပါ။

တရုတ် ကြေးနီစီမံကိန်းတွေရှိနေတဲ့ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က ကြေးနီသယ်ယာဥ်တန်းတွေဆိုရင် မေလ တစ်လတည်းမှာပဲ သုံးကြိမ်ထက်မနည်း တိုက်ခိုက်ခံခဲ့ရပြီး မေလ ၁ ရက်နေ့က တိုက်ခိုက်မှုမှာ တရုတ်နိုင်ငံသားတစ်ဦးပါ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ဒါပေမဲ့ အခုမေလဆန်းပိုင်းမှာပဲ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တွေရှိတဲ့ တရုတ် ဝမ်ပေါင် ကုမ္ပဏီနဲ့ ယန်စီ ကုမ္ပဏီ လုပ်ငန်းခွင်ထဲကို တရုတ်နိုင်ငံသား ရှစ်ဆယ်နီးပါး ထပ်ရောက်လာပြီး စီမံကိန်း ဆက်လက်လည်ပတ်နိုင်ရေး ကြိုးပမ်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင် ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းကိုလည်း တရုတ်နိုင်ငံသားပညာရှင် သုံးရာကျော်နဲ့ စက်ပစ္စည်းယန္တရား၊ စားသောက်ကုန်တွေပါဝင်တဲ့ သင်္ဘောတစ်စီး ဧပြီလ ၂၈ ရက်နေ့မှာ လာရောက်ဆိုက်ကပ်ခဲ့တယ်လို့ ကျောက်ဖြူမြို့ခံ တွေက ပြောပါတယ်။ အဲဒီသင်္ဘောဟာ မဒေးကျွန်းပေါ်က တရုတ်စီမံကိန်းဖြစ်တဲ့ ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက် ဆိပ်ကမ်း စီမံကိန်းမှာ အလုပ်လုပ်ကိုင်ဖို့ စစ်ကောင်စီရဲ့ခွင့်ပြုချက်နဲ့ ရောက်လာကြတာလို့ ဆိုပါတယ်။

 

၆။ မြန်မာ့အရေးအထူးကိုယ်စားလှယ်နဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးတို့ မြန်မာ့အရေးကို သီးသန့်တွေ့ဆုံ ဆွေးနွေး

 

မေ ၃၁ ၊ PVTV

 

မြန်မာနိုင်ငံအရေး နဲ့ပတ်သတ်ပြီး ကုလသမဂ္ဂ မြန်မာ့အရေးအထူးကိုယ်စားလှယ် Julie Bishop နဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas Greenfield တို့ မေလ ၂၉ ရက်နေ့က သီးသန့်တွေ့ဆုံပြီး တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ အမေရိကန် အစိုးရဘက်က သတင်းထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒီထုတ်ပြန်ချက်မှာ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Julie Bishop နဲ့ တွေ့ဆုံခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ကုလ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield က မြန်မာ နိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ဖြစ်ရပ်တွေနဲ့ပတ်သတ်ပြီး အမေရိကန်ပြည်ထောင်စုအနေနဲ့ အထူးစိုးရိမ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။အရပ်သားပြည်သူတွေကို ဦးတည်တိုက်ခိုက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်မှုတွေ နဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ပတ်သတ်တဲ့အစီရင်ခံစာတွေအကြောင်းလည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာ့အရေးအထူးကိုယ်စားလှယ်နဲ့ ကုလအမေရိကန်သံအမတ်ကြီးတို့ နှစ်ဦးလုံးက မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့၊ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးလွှတ်ပေးဖို့၊ စစ်မှုထမ်းဥပဒေနဲ့ အမျိုးသမီးတွေ၊ ကလေးသူငယ်တွေ နဲ့ လူနည်းစုတိုင်းရင်းသားတွေကို စစ်သားအဖြစ် အတင်းအဓမ္မစု ဆောင်းခြင်းကို အဆုံးသတ်ဖို့ အာဆီယံအပါအဝင် ဒေသတွင်းက မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားဖို့ အလေးပေးဆွေးနွေးခဲ့ကြပါတယ်။

 

လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ

 

၇။ ပျူစစ်ကြောင်းက စိတ်ကျန်းမာရေးမကောင်းသူကို သတ်သွား

 

မေ ၃၁ ၊ The Irrawaddy

 

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းရွာမှ ပျူစောထီးစစ်ကြောင်းသည် ရွှေဘိုကျေးရွာရှိ စိတ်ကျန်းမာရေးမကောင်း သူ အမျိုးသားတဦးအား ခေါင်းဖြတ်သတ်သွားကြောင်း ဒေသခံများထံက သိရသည်။ အင်အား ၃၀၀ ခန့်ပါသော အဆိုပါ စစ်ကြောင်းသည် မေလ ၃၀ ရက်တွင် ဂန့်ဂေါမြို့နယ်မြောက်ပိုင်း သင်တောရွာ၊ ရွှေဘိုရွာနှင့် ရေသာရွာများသို့ စစ်ကြောင်း ထိုးဝင်ရောက်ခဲ့ရာ နံနက် ၇ နာရီအချိန်ခန့်တွင် သင်တောရွာနှင့် ရွှေဘိုရွာအကြားသို့အရောက် ဒေသခံကာကွယ်ရေးတပ် များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ အပြန်အလှန်ပစ်ခတ်မှု အချိန် ၂ နာရီကျော်ကြာခဲ့ပြီးနောက် ပျူစောထီးစစ်ကြောင်း သည် ရွှေဘိုရွာသို့ ဝင်ရောက်၍ ပစ္စည်းများကိုယူဆောင်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထို့နောက် စစ်ကြောင်း သည် ရွှေဘိုရွာမှ စိတ်ကျန်းမာရေးမကောင်းသူ အသက် ၃၅ နှစ်အရွယ်ရှိ ကိုဇင်မျိုးဝင်းကို ခေါင်းဖြတ်သတ်သွားကြောင်းနှင့် မီးရှို့မှုကြောင့် နေအိမ် ၆၆ လုံးပျက်စီးခဲ့သည်ဟု ယောအလင်းတန်းမှ တာဝန်ရှိသူကိုဘကောင်းက ပြောသည်။

ယခုလ မေလ ၁၆ ရက်တွင်လည်း ဂန့်ဂေါမြို့နယ်မြောက်ပိုင်းနှင့်ကလေးမြို့တောင်ပိုင်းရွားများမှ အင်အား ၂၀၀ ခန့်ပါ ပျူစောထီးစစ်ကြောင်းသည် ရွှေဘိုရွာ၊ သင်တောရွာနှင့် ရေသာရွာများသို့ စစ်ကြောင်းထိုးပြီး အမျိုးသားနှစ်ဦးကို သတ်ဖြတ် သွားသည့်အပြင် နေအိမ် ၂၈၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့ရာ ရွှေဘိုရွာမှ နေအိမ် ၂၆၆ လုံးပျက်စီးခဲ့ရသည်ဟု ဒေသခံများထံက သိရသည်။

 

၈။ ရန်ကုန်တိုင်း မြို့နယ်အချို့တွင် ညအချိန် စစ်ကောင်စီက လူငယ်များကို ဖမ်းဆီး

 

မေ ၃၁ ၊ Mizzima

 

ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်၊ သာကေတမြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင် ညအချိန်၌ စစ်ကောင်စီတပ်က လူငယ်များကို ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း ဒေသခံများနှင့် သတင်းရင်းမြစ်များထံက သိရသည်။

ယမန်နေ့(မေလ ၃၀ ရက်)ညပိုင်းတွင် ဒေါပုံမြို့နယ်၊ မင်းနန္ဒာလမ်းနှင့် မေတ္တာလမ်းထိပ်တွင် ကားဖြင့် စစ်ဆေးနေသည့် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာ လူငယ် လေးဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံများထံက သိရသည်။

" လမ်းဆုံတွေမှာ စောင့်ပြီး ဖမ်းတာ။ ည ၉ နာရီ၊ ၁၀ နာရီ အဲ့လိုမိုးချုပ်ဘက်တွေ ဖမ်းတာ။ ပြီးတော့ အဆောင်တွေ၊ အိမ်ငှား တဲ့ နေရာတွေဆို အုပ်စုလိုက်တွေ ဝင်ဝင်စစ်ပြီးဖမ်းတာ။ စစ်မှုထမ်းဖို့အတွက်ပဲပေါ့" ဟု ဒေါပုံ၊ ယမုံနာ (၂) မှ ဒေသခံ အမျိုးသမီးတဦးက မဇ္ဈိမကိုပြောသည်။ အလားတူ သာကေတမြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ် တို့တွင်လည်း လူငယ်များကို ဧည့်စာရင်းစစ်သည့်ပုံစံဖြင့် သာမက လမ်းသွားလမ်းလာ လူငယ်များကိုပါ ဖမ်းဆီးနေကြောင်း ဒေသခံများက ဆိုသည်။" ရွှေပေါက္ကံမှာလည်း ဖမ်းခံရတာတွေ ရှိတယ်။ လူငယ်တွေချည်းပဲနေတဲ့အဆောင်ဆို ညဘက် ဧည့်စာရင်းဆိုပြီး ဝင်စွဲတာတွေတော့ ကြားတယ်" ဟု ဒေသခံတဦးက ပြောသည်။ သာကေတ ၁၀ ရပ်ကွက်မှ ပြည်သူတဦး ကလည်း " ၂၈၊ ၂၉ ရက်နေ့ကထင်တယ်၊ ကျွန်တော်တို့ ရပ်ကွက်ထိပ်မှာ လူငယ်လေးတွေ ထမင်းချိုင့်တွေ ကျောပိုးအိတ် လေးတွေနဲ့ လေး၊ ငါး၊ ခြောက်ယောက်လောက် ဖမ်းခံလိုက်ရတာရှိတယ်။ အခုက ကြုံသလို ဆွဲနေတာ ဒီကောင်တွေက " ဟု ဆိုသည်။ စစ်ကောင်စီသည် စစ်မှုထမ်းသင်တန်းအပတ်စဉ် (၃) အတွက် အင်အားစုဆောင်းရန် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ လူငယ်များကို ဖမ်းဆီးနေခြင်းဖြစ်၍ လူငယ်အမျိုးသားများရှိသည့် နေအိမ်များအနေဖြင့် မိမိတို့​၏ သား၊ ယောကျ်ားများ ဖမ်းဆီးခံရမည့်အရေး စိုးရိမ်နေရကြောင်း ဒေသထံများ​၏ ပြောကြားချက်အရ သိရသည်။

 

၉။ မောင်တောပြည်သူ ၅ ဦး ဖမ်းဆီးခံရ

 

မေ ၃၁ ၊ DVB

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကညင်တန်းရပ်ကွက်၊ အောင်မြေဗောဓိရွာကို မေ ၂၉ ရက် နေ့လယ်မှာ စစ်ကောင်စီ တပ်အင်အား ၁၀၀ လောက်က ဝင်ရောက်စီးနင်းပြီး ပြည်သူ ၅ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ မောင်တောမြို့ ဒေသခံ တယောက်က DVB ကို ပြောပါတယ်။ ဖမ်းဆီးခံရတဲ့သူတွေကတော့ ကညင်တန်းရပ်ကွက်၊ အောင်မြေဗောဓိရွာက ဦးထွန်း လှိုင်၊ ဦးမြတ်နိုင်နဲ့ ဦးမောင်မောင်ချေတို့ အပါအဝင် ပြည်သူ ၅ ယောက် ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။ဒါ့အပြင် နေအိမ် တွေကို တအိမ်တက်ဆင်း မွှေနှောက်ပြီး ပြည်သူတွေပိုင်ဆိုင်တဲ့ စားနပ်ရိက္ခာတွေနဲ့ အဖိုးတန်ပစ္စည်းတွေကို စစ်ကောင်စီ တပ်သားတွေက ခိုးယူသွားကြတယ်လို့ ပြောပါတယ်။ မောင်တောမြို့နယ်မှာ မေ ၂၇ ရက် မနက်ကလည်း စစ်ကောင်စီ တပ်သားတွေက ပြည်သူ ၇၅ ယောက်ကို ဖမ်းဆီးခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

 

၁၀။ မုံရွာမြို့နယ် တောင်မာတောရွာ စီးနင်းခံရပြီး လူနှစ်ဆယ်ကျော် ဖမ်းဆီးခံထားရ

 

မေ ၃၁ ၊ RFA

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အရှေ့ဘက် ဗောဓိတစ်ထောင်ဘုရားအနီးက တောင်မာတောရွာကို မေလ ၃၁ ရက် ဒီနေ့မနက်ပိုင်း မှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ရွာသူ၊ ရွာသား နှစ်ဆယ်ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားတယ်လို့ ဒေသခံ တွေက ပြောပါတယ်။ အင်အားတစ်ရာကျော်ပါတဲ့ စစ်ကြောင်းဝင်ရောက်လာချိန် ထိပ်တိုက်တိုးတဲ့ ရွာအနောက်ပိုင်းမှာ နေထိုင်တဲ့ ရွာခံတွေ ဖမ်းဆီးခံထားရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တောင်မာတောရွာခံတစ်ဦးက RFA ကို ပြောပါတယ်။“မနက်က ၅ နာရီလောက်မှာ စစ်ကြောင်းက ရွာအနောက်ဘက်ကဝင်တာ။ တချို့က ရွာမှာမအိပ်ရဲလို့ ရွာပြင် ထွက် အိပ်ကြတာလေ။ ဖမ်းခံထားရတဲ့သူတွေက နှစ်ဆယ်ကျော်တယ်။ ဘယ်သူဘယ်ဝါ ဖမ်းခံရတယ်လို့ မသိသေးဘူး။ ဓားစာခံသဘောမျိုး ဖမ်းထားတာပေါ့”။ ဖမ်းဆီးခံထားရသူတွေကို ရွာကဘုန်းတော်ကြီးကျောင်းမှာ ခေါ်ထားပြီး နောက်ဆက်တွဲအခြေတွေကိုတော့ မသိရသူဘူးလို့ သူက ပြောပါတယ်။ ဒီစစ်ကြောင်းဟာ မုံရွာမြို့နယ်အရှေ့ခြမ်းက ရွာတွေကို လေးရက်ဆက်တိုက် စစ်ကြောင်းထိုးဝင်ရောက်နေတာလို့ ဒေသခံတွေက ပြောပါတယ်။ အိမ်ခြေ ၃၇၀ ကျော် ရှိတဲ့ တောင်မာတောရွာက ဒေသခံအများစုကတော့ ဘေးလွတ်ရာမှာ တိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။

 

၁၁။ မင်းတပ်မှာ လေကြောင်းက ဗုံးကြဲလို့ ဒေသခံခြောက်ဦး ဒဏ်ရာရ

 

မေ ၃၁ ၊ RFA

 

ချင်းပြည်နယ် မင်းတပ်မြို့နယ်က ချပ်ရွာကို မေလ ၃၁ ရက် ဒီနေ့ မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်း ကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် လူခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။တိုက်ပွဲဖြစ်တာမရှိဘဲ ဂျက်တိုက်လေယာဥ်နဲ့ ဗုံးနှစ်လုံး ကြဲချခဲ့တာကြောင့် ဒေသခံတွေ ထိခိုက်ဒဏ်ရာရခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဒီကနေ့ မနက် တစ်နာရီမှာ ဂျက်ဖိုက်တာနဲ့ ဗုံးလာချသွားတာ။ အဲဒီမှာ လူခြောက်ဦး ဒဏ်ရာရသွားတယ်။ သားအမိ နှစ်ဦး လည်း ပါတယ်။ ချပ်ရွာထဲကိုချတာ။ တိုက်ပွဲတွေ မရှိဘဲပစ်တာ”။ မင်းတပ်မြို့အခြေစိုက် စစ်ကောင်စီရဲ့ ခလရ - ၂၇၄ တပ်ရင်းကလည်း မကြာခဏ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ ရှိနေတယ်လို့လည်း သူကဆိုပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ တစ်လအတွင်းမှတော့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ အကြိမ်ကြိမ် တိုက်ခိုက်မှုတွေကြောင့် ဒေသခံငါးဦး သေဆုံး ပြီး သုံးဆယ်ကျော် ဒဏ်ရာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီလို လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရွာမှာမနေရဲ တော့ဘဲ တောင်ယာတွေနဲ့ ဗုံးခိုကျင်းလို နေရာမျိုးတွေမှာ နေ့ထိုင်နေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 

၁၂။ မင်းကင်းမှာ စစ်ကြောင်းထိုးချိန် အရပ်သားတစ်ဦး သတ်ဖြတ်ခံရ

 

မေ ၃၁ ၊ RFA

 

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် သင်တောရွာမှာ မေလ ၂၉ ရက်နေ့က စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းတပ်ဖွဲ့ အင်အား တစ်ရာနီးပါးက စစ်ကြောင်းသုံးခုနဲ့ ရွာကိုစီးနင်းခဲ့ပြီး အရပ်သားတစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါ တယ်။ သေဆုံးသူဟာ အသက် ၄၀ အရွယ် ကိုကုလားဆိုသူဖြစ်ပြီး စစ်ကြောင်းထိုးလာလို့ ထွက်ပြေးချိန်မှာ ဖမ်းဆီး သတ်ဖြတ်ခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မင်းကင်းဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“သူက စစ်ကြောင်းလာလို့ ရွာကနေထွက်ပြီး တောတိုက်ထဲရှောင်နေတာ။ အဲဒါ သူ့ကိုဖမ်းတာ သူကလည်း ပြေးသေးတယ်။ နောက်ဆုံးကျ သေနတ်နဲ့ပစ်သတ်သွားတာ”။မေလ ၂၉ ရက်နေ့ကတည်းက စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းတပ်တွေ ဟာ မင်းကင်းမြို့နယ်က ကျေးရွာတချို့ကို စစ်ကြောင်းထိုးနေပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တာတွေ လည်း ရှိခဲ့တယ်လို့ သူကပြောပါတယ်။မင်းကင်းအခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံတစ်ဦးကတော့ စစ်ကြောင်း ရွေ့လျားမှုတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က စောင့်ကြည့်နေပြီး တိုက်ပွဲတွေ ထပ်ဖြစ်လာနိုင်တယ်လို့ RFA ကို ပြောပါတယ်။

 

၁၃။ လူနေအိမ်အနီး လက်နက်ကြီးကျည်ကျ၍ ခင်ဦးဒေသခံတစ်ဦး သေဆုံး

 

မေ ၃၁ ၊ Myanmar Now

 

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာတစ်ရွာအတွင်း ယမန်နေ့ (မေ ၃၀) ညက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ကာကွယ်ရေးအဖွဲ့နှင့် ဒေသခံများက ပြောသည်။

သေဆုံးသူမှာ နှဲတွင်းကျေးရွာနေ အသက် ၅၀ ခန့်အရွယ် ဦးတင်ဆောင်ဖြစ်ပြီး ၎င်း၏ နေအိမ်ခြံဝင်းတွင်း လက်နက်ကြီး ကျည်ကျခဲ့ခြင်း ဖြစ်သည်။ ယမန်နေ့ ည ၈ နာရီခန့်အချိန်က ရွာတောင်ဘက် တစ်မိုင်ခွဲခန့်အကွာရှိ မဒေါင်းလှကျေးရွာ အခြေစိုက်စစ်စခန်းက ၆၀ မမ စိန်ပြောင်းဟု ယူဆရသည့် လက်နက်ဖြင့် ပစ်ခတ်ရာ နှဲတွင်းရွာအပြင်တွင် ကျည် ၂ လုံး၊ ရွာတွင်းတွင် ကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့သည်။ ခြံဝင်းအတွင်း နွားနှစ်ကောင်နှင့်အတူ ရှိနေသည့် ဦးတင်ဆောင် ကျည်စ ထိမှန်ခဲ့သလို နွားတစ်ကောင်လည်း သေဆုံးခဲ့သည်ဟု အနီးကျေးရွာတစ်ခုမှ ကျေးရွာကာကွယ်ရေးအဖွဲ့ တာဝန်ခံ တစ်ဦးက ပြောသည်။



 

 

 

15 views0 comments

Comments


bottom of page