top of page
Writer's pictureMyo Yan Naung Thein

၂၀၂၄ ခုနှစ် ဇွန် ၂၆ နွေဦးတစ်နေ့တာတွေအောင်မြင်ခဲ့လဲ။

၁။


မိုးကုတ်၊ နောင်ချို၊ ကျောက်မဲဖက်မှာ TNLA နှင့် စစ်ကောင်စီကြားတကြော့ပြန်တိုက်ပွဲတွေဖြစ်နေတာ အခုလည်းတိုက်ပွဲတွေပြင်းထန်ဆဲဖြစ်တယ် ။


လွန်ခဲ့တဲ့ ၂ ရက်က နောင်ချိုမြို့ပေါ်က စကစရုံးတွေ၊ ဌာနဆိုင်ရာတွေကို TNLA ကသိမ်းလိုက်တယ်။  မနေ့က ကျောက်မဲမြို့အဝင်ထိပ်မှာရှိတဲ့ အမှတ်၃၅၂ အမြောက်တပ်၊ပြည်သူ့ဆေးရုံနှင့် ကျောက်မဲမြို့နှင့် ခြောက် မိုင်ခန့်အကွာ ကျောက်မဲ-နောင်ချိုလမ်းပေါ်ရှိ စခန်းသာတပ်စခန်းစတာတွေကို TNLAပူးပေါင်းတပ်ကသိမ်းလိုက်တယ်။


အမှတ် ၁ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ စကစတပ်သား  ၁၇ လက်နက်ချအညံခံတယ်လို့သိရတယ်။ TNLA ဟာ ကျောက်မဲမြို့တောင်ဘက်အထွက်ရှိ ခြေမြန်တပ်ရင်း ခမရ ၅၀၂ တပ်ရင်းဌာနချုပ်ကိုလည်း တိုက်ခိုက်နေတယ်လို့သိရတယ်။


၂။


KNLA နှင့် NUG/ PDF ပူးပေါင်းမဟာမိတွေက ကျောက်တံခါးမြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနှစ်ခုကိုဝင်တိုက်တာ စကစ ၁၆ ဦး သေဆုံးတယ်လို့သိရတယ်။


၃။


ချင်းပြည်၊ တီးတိန် ၊ သိုင်းငင်းရွာတွင် စစ်ကောင်စီ နှင့် ချင်းပြည်ကောင်စီ(CC) တပ်ဖွဲ့ကြားတိုက်ပွဲပြင်းထန်နေတယ်လို့သိရတယ်။


၄။


ရခိုင်ပြည် ၊ သံတွဲနှင့် မောင်တောကို သိမ်းနိုင်ရေးအတွက် အာရက္ခတပ်တော် (AA) ကထိုးစစ်ဆင်ပြီး တိုက်ပွဲပြင်းထန်နေတယ်။  မြန်မာ-ဘင်္ဂလာ့းဒေ့ရှ်နယ်စပ် မောင်တောမြို့နယ်မှာ အာရက္ခတပ်တော်က ယခုရက်ပိုင်းအတွင်းမှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ နခခ (၂) ၄ မိုင်စခန်း ကို သိမ်းပြီးပြီဖြစ်တယ်။ နခခ (၅) ကို ဆက်တိုက်နေတယ်။


ရခိုင်မှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ) ၁၀ ရင်းရှိပြီး ဘူးသီးတောင်မြို့နယ်မှာ ၂ ရင်း၊ မောင်တောမြို့နယ်တွင် ၈ ရင်းအခြေစိုက်တယ်။

( ၁ ) အာရက္ခတပ်တော် AA က ၂၀၂၄ ဧပြီလမှာ မောင်တော မြို့နယ်၊ ကြိမ်ချောင်းအခြေစိုက် နခခ ( ၇ )ကိုသိမ်းခဲ့တယ်။

( ၂ ) ၂၀၂၄ မေလက မောင်တောမြို့နယ် ကျီးကန်းပြင်အခြေစိုက် နခခ (၁) နှင့် ဘူးသီး တောင်မြို့နယ်အခြေစိုက် နခခ (၃) ၊ နခခ (၈)၊ မောင်တောမြို့နယ် လှဖိုးခေါင်အခြေစိုက် နခခ (၁၀) ကိုသိမ်းခဲ့တယ်။

( ၃ ) ၂၀၂၄ ဇွန်လပထမပတ်မှာ အင်းဒင်ရွာအခြေစိုက် နခခ (၆)၊ မြင်းလွှတ်မြို့နယ်ခွဲအခြေစိုက် နခခ (၉) တို့ကိုသိမ်းခဲ့တယ်။

( ၄ )  ဇွန်လဒုတိယပတ်မှာ မောင်တော မြို့နယ် အခြေစိုက် နခခ (၄) ကို သိမ်းခဲ့တယ်။

( ၅ ) ဇွန်လ တတိယပတ်မှာ မောင်တောအခြေစိုက် နခခ (၂) ကို သိမ်းခဲ့တယ်။

(၆ ) အခု နောက်ဆုံး လက်ကျန် မောင်တောမြို့နယ် မြို့သူကြီးအခြေစိုက် နခခ- ၅ ကို တိုက်ခိုက်သိမ်းပိုက်နေတာဖြစ်တယ်။



27 views0 comments

Comments


bottom of page