top of page
Antique Myanmar Map 195 Years Old

Antique Myanmar Map 195 Years Old

နှစ်ပေါင်း ၂၀၀ သက်တမ်းရှိ သမိုင်းဝင်မြန်မာပြည်မြေပုံ

VANDERMAELEN ပြုစုထားပြီး Universal Atlas of Physical, Political, Statistical and 1827 Mineralogical Geography မှ ၁၈၂၇ ခုနှစ်တွင်ပုံနှိပ်ထုတ်ဝေထားသော မြန်မာအင်ပါယာတစ်စိတ်တစ်ဒေသဟု အဓိပါယ်ရသည့် " PARTIE DE L'EMPIRE BIRMAN " အမည်ရ မြေပုံဖြစ်ပါတယ်။

(၂၉ x ၂၂ လက်မ ) ( ၇၃ x ၅၅ စင်တီမီတာ) အရွယ်အစားရှိပါတယ်။ နှစ်ပေါင်း ၁၉၅ နစ်ရှိပြီဖြစ်သောယခုမြေပုံမှာ အလယ်တွင်ခေါက်ရာ၊ ချိုးရာမရှိပါ။ မြေပုံကို ၁၈၂၇ တွင်ပုံနှိပ်ခဲ့သောကြောင့် နှစ်ပေါင်းနှစ်ရာနီးပါးသက်တမ်းရှိပြီဖြစ်သော်လည်း စာရွက်စာသားမှာရိနေခြင်းမရှိ ယခုခေတ်စာရွက်သားများထက်ပိုကောင်းပါသည်။ မြေပုံတွင်ညစ်ပတ်ပေရေမှု၊စွန်းထင်းမှုလုံးဝမရှိပါ။

မြေပုံကို Engraving ဟုခေါ်သည့် သစ်သားပေါ်တွင်အရုပ်ထွင်းပုံနှိပ်သည့်နည်းကိုသုံးပြီး ပုံနှိပ်ခဲ့ခြင်းဖြစ်ပါသည်။ မြေပုံကို ကော်ပီယူပြီး ခိုးယူပုံနှိပ်အတုပြုလုပ်မည်ကိုကာကွယ်သည့်အနေဖြင့် ယခုပုံထဲတွင် resolution လျော့ချထားပါသည်။ အပြင်တွင် မြေပုံစာသားများမှာ ကြည်တောက်ရှင်းဖြစ်ပါသည်။

ယခုမြေပုံကို ပန်းချီမှန်ဘောင်သွင်းပြီး မိမိအိမ်တွင်ချိပ်ဆွဲထားလျှင် နှစ်ပေါင်း ၂၀၀ ရှိပြီဖြစ်သော ရှေးဟောင်းပစ္စည်းဖြစ်သည့်အလျောက် အိမ်ကိုကျက်သရေရှိစေပါသည်။ သားစဉ်မြေးဆက်အမွေပေးထားခဲ့၍ရသော သမိုင်းဝင်ရတနာပစ္စည်းဖြစ်သည်။

တန်ဖိုး အမေရိကန်ဒေါ်လာ ၂၈၀ ဖြစ်ပါသည်။

    $280.00Price
    Quantity

    +14343654234

    ©2022 by Buy2Donate. Proudly created with Wix.com

    bottom of page