top of page

Antique Myanmar Map 195 Years Old

နှစ်ပေါင်း ၂၀၀ သက်တမ်းရှိ သမိုင်းဝင်မြန်မာပြည်မြေပုံ

VANDERMAELEN ပြုစုထားပြီး Universal Atlas of Physical, Political, Statistical and 1827 Mineralogical Geography မှ ၁၈၂၇ ခုနှစ်တွင်ပုံနှိပ်ထုတ်ဝေထားသော မြန်မာအင်ပါယာတစ်စိတ်တစ်ဒေသဟု အဓိပါယ်ရသည့် " PARTIE DE L'EMPIRE BIRMAN " အမည်ရ မြေပုံဖြစ်ပါတယ်။

(၂၉ x ၂၂ လက်မ ) ( ၇၃ x ၅၅ စင်တီမီတာ) အရွယ်အစားရှိပါတယ်။ နှစ်ပေါင်း ၁၉၅ နစ်ရှိပြီဖြစ်သောယခုမြေပုံမှာ အလယ်တွင်ခေါက်ရာ၊ ချိုးရာမရှိပါ။ မြေပုံကို ၁၈၂၇ တွင်ပုံနှိပ်ခဲ့သောကြောင့် နှစ်ပေါင်းနှစ်ရာနီးပါးသက်တမ်းရှိပြီဖြစ်သော်လည်း စာရွက်စာသားမှာရိနေခြင်းမရှိ ယခုခေတ်စာရွက်သားများထက်ပိုကောင်းပါသည်။ မြေပုံတွင်ညစ်ပတ်ပေရေမှု၊စွန်းထင်းမှုလုံးဝမရှိပါ။

မြေပုံကို Engraving ဟုခေါ်သည့် သစ်သားပေါ်တွင်အရုပ်ထွင်းပုံနှိပ်သည့်နည်းကိုသုံးပြီး ပုံနှိပ်ခဲ့ခြင်းဖြစ်ပါသည်။ မြေပုံကို ကော်ပီယူပြီး ခိုးယူပုံနှိပ်အတုပြုလုပ်မည်ကိုကာကွယ်သည့်အနေဖြင့် ယခုပုံထဲတွင် resolution လျော့ချထားပါသည်။ အပြင်တွင် မြေပုံစာသားများမှာ ကြည်တောက်ရှင်းဖြစ်ပါသည်။

ယခုမြေပုံကို ပန်းချီမှန်ဘောင်သွင်းပြီး မိမိအိမ်တွင်ချိပ်ဆွဲထားလျှင် နှစ်ပေါင်း ၂၀၀ ရှိပြီဖြစ်သော ရှေးဟောင်းပစ္စည်းဖြစ်သည့်အလျောက် အိမ်ကိုကျက်သရေရှိစေပါသည်။ သားစဉ်မြေးဆက်အမွေပေးထားခဲ့၍ရသော သမိုင်းဝင်ရတနာပစ္စည်းဖြစ်သည်။

တန်ဖိုး အမေရိကန်ဒေါ်လာ ၂၈၀ ဖြစ်ပါသည်။

    $280.00Price
    Quantity

    +14343654234

    ©2022 by Buy2Donate. Proudly created with Wix.com

    bottom of page