Rolex Oyster Perpetual 1940 Ref 2940
- ၁၉၄၀ ခုနှစ်ထုတ် Rolex Oyster Perpetual Officially Certified Chronometer
- Bubbleback Rolex
- Rolex နာရီနံပါတ် : 2940
- Rolex စက်အမှတ် F 43038
- အမေရိကန်ဒေါ်လာ ၃၆၅၀ ဖြစ်သည်။
၁။ Rolex Oyster Petpetual ဆိုသည်မှာ ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်ပွဲကြားကာလအတွင်း ချမ်းသာပေ့ဆိုသည့် သူဌေးကြီးများဝတ်ဆင်သည့်နာရီဖြစ်သည်။
၂။ Rolex Oyster Perpetual များသည်ယခုအခါ လုံးဝမရှိလောက်အောင်ရှားပါးသွားပြီဖြစ်သည်။ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်ကြားကာလက နာရီတစ်လုံးပိုင်ဆိုင်ရန်ဆိုသည်မှာ လုံးဝမဖြစ်နိုင်တော့ပေ။
၃။ Buy2Donate ရရှိထားသေဟာ နာရီသည် ၁၉၄၀ ခုနှစ်ထုတ်ဖြစ်ပြီး ၊ နာရီအမှတ် ၂၉၄၀ ဖြစ်သည်။ Rolex နာရီဟုဆိုလျှင် နာရီတစ်လုံးချင်းအလိုက်မှတ်ပုံတင်နံပါတ်ပါရှိသည်။ ထို့ကြောင်ပင် Rolex နာရီများကို အတုလုပ်မရခြင်းဖြစ်ပြီး၊ အတုနှင်အစစ်အလွယ်တကူခွဲနိုင်သည်။
၄။ ယခုနာရီသည် Bubbleback နာရီဖြစ်ပြီး ၁၉၀၀ ခုနှစ်များအတွင်း Rolex စုဆောင်းသူများအလွန်အမင်းဈေးကြီးပေးဝယ်ခဲ့သဖြင့် နာရီဈေးအလွန်မြင့်ခဲ့သည်။ ဒေါ်လာ ၂သောင်းကျော်ပေးဝယ်လျှင်ပင်မရနိုင်ပေ။ ၁၉၉၀ ခုနှစ်များဆီကBubbleback နာရီများသည် ဒေါ်လာသုံးသောင်းကျော်ပေါက်ဈေးရှိသည့် Rolex Daytona များထက်ပင်ဈေးကြီးသည်။
၅။ ယခုနာရီဈေး အမေရိကန်ဒေါ်လာ ၃၆၅၀ ဆိုသည်မှာ အလွန်ဈေးသင့်လျော်သည်။ Bubbleback များသည် ၁၉၉၀ ခုနှစ်များတွင် အဆမတန်ဈေးကြီးသွားကြပြီး ၂၀၀၀ ခုနှစ်များတွင်ဈေးပြန်ကျသွားကြသည်။ ဈေးအဆမတန်ထိုးကျသွားခဲ့သော Bubbleback များသည် ယနေ့အချိန်တွင်တဖြည်းဖြည်းဈေးပြန်တက်လာပြီဖြစ်သည်။ ယနေ့ခေတ် Bubbleback များ၏ပေါက်ဈေး အမေရိကန်ဒေါ်လာ ၇၀၀၀ နှင့် ၂၅၀၀၀ ကြားရှိသည်။
၆။ နာရီအမှတ် ၂၉၄၀ သည် ၁၉၄၀ ပတ်ဝန်းကျင်ခန့်က ပြုလုပ်ခဲ့သည်ကိုညွန်ပြနေသည်။Bubbleback Rolex Oyster Perpetual သည်ထိုအချိန်အခါက ခေတ်ရှေ့အပြေးဆုံး၊ နည်းပညာအမြင့်ဆုံးဖြစ်သည်။ ရေလုံးဝမဝင်နိုင်အောင်၊ ဖုန်မှုန့်လုံးဝမဝင်နိုင်အောင်သရဖူကိုscrew down လုပ်ထားပြီး အလိုအလျောက်သံပတ်ပေးစနစ်ကြောင့် သံပတ်ပေးစရာမလိုပဲ အချိန်မှန်သောကြောင့် နာရီဘုရင်ဖြစ်ခဲ့သည်။
၇။ နာရီစက်တွင် Rolex Perpetual Chronometer ဟုရေးထွင်းထားသည်။ ဆွစ်ဇာလန်လုပ်နာရီစက်ဖြစ်ပြီး ဆွစ်ဇာလန်နိုင်ငဲမှတ်ပုံတင်ထားသည်။ နာရီစက်အမှတ် F 43038 ကိုရေးထွင်းထားသည်။ နာရီစက်သည် ရှေးဟောင်းပစ္စည်းဖြစ်ပြီး သမိုင်းတန်ဖိုးအလွန်ကြီးမားသည်။
၈။ Bubbleback Rolex Oyster Perpectual များကို ၁၉၃၃ နှင့် ၁၉၅၅ ကြားထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ယခုနာရီကို ( Rolexနာရီ နံပါတ်2940 ) ( Rolex စက်အမှတ် F 43038 )ကို ၁၉၄၀ တွင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
၉။ ဤ Rolex နာရီသည် ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်ကြားလသမိုင်းဖြစ်သည်။ ရတောင့်ရခဲရတနာပစ္စည်းဖြစ်ပြီး ဝယ်စုထားလျှင်သားစဉ်မြေးဆက်တန်ဖိုးရှိသည်။ အမေရိကန်ဒေါ်လာ ၃၆၅၀ ဖြစ်သည်။