top of page
Rolex  Prima  Ladies Watch

Rolex Prima Ladies Watch

အမျိုးအစား - Rolex Prima Ladies Watch

Rolex နံပါတ် - 906356

ထုတ်လုပ်သည့်ခုနှစ် - ၁၉၂၂

ဈေးနှုန်း - အမေရိကန်ဒေါ်လာ ၁၉၅၀

Rolex ကို ဗြိတိန်နိုင်ငံ၊ လန်ဒန်မှာ ၁၉၀၅ ခုနှစ်က စတင် တည်ထောင်ခဲ့တယ်ဆိုတာကိုလူသိပ်မသိကြပါဘူး။ ၁၉၁၉ ​ရောက်မှ Rolex ကို ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာကိုပြောင်းရွှေ့သွားတာဖြစ်ပါတယ်။ နောက်ပြီး Rolex ဟာ အမျိုးသားဝတ်နာရီတွေကိုအဓိကထုတ်တယ်ဆိုတာလဲမဟုတ်ပါဘူး။ တကယ်တမ်း Rolex ပထမဆုံးမှတ်တမ်းတင်ထုတ်လုပ်ခဲ့တဲ့နာရီတွေက အမျိုးသမီးဝတ်တွေဖြစ်ပါတယ်။

ဇွန်လ ၁၈၁၀ ဇွန်လမှာ Abraham-Louis Breguet ဟာ အီတလီရဲ့ Naples ဘုရင်မ Caroline Murat အတွက် နာရီကို ဖန်တီးခဲ့ပါတယ်။ အမျိုးသမီးတွေလက်ပတ်နာရီဝတ်ဆင်လာတဲ့ကာလကကြာမြင့်ခဲ့ပါပြီး ။ Rolex ကလည်းသူ့ရဲ့ ပထမဆုံးသောနာရီကို အမျိုးသမီးတွေအတွက်ဖန်တီးခဲ့တာပါ။

အခုပုံမှာမြင်တွေ့နေရတဲ့ Buy2Donate က ရရှိထားတဲ့ အလွန်လှပတဲ့ ရှေးဟောင်းအမျိုးသမီးဝတ် Rolex ကော့တေးလက်ပတ်နာရီရဲ့သက်တမ်းက နှစ်ပေါင်းတစ်ရာကျော်ပါပြီ။ သက်တမ်းအသက်တစ်ရာကျော် ဒီ Rolex နာရီကအချိန်မှန်ပါတယ်။

9 K Gold ဖြင့်ပြုလုပ်ထားတဲ့ ရွှေနာရီအိမ်အတွင်းမှာလှပသန့်ရှင်းတဲ့ကြွေရောက်ဒိုင်ခွက်နဲ့ ရွှေရောင်လက်တံလေးတွေက ကြော့ရှင်းလှပနေပါတယ်။ နာရီလတ်ပတ်ကြိုးကိုလည်း Gold Plated ပြုလုပ်ထားတဲ့အတွက် ရွှေလက်ပတ်ကြိုး ရွှေနာရီအိမ်၊ ရွှေနာရီလက်တံလေးတွေက ကြွေရောင်ဒိုင်ခွက်ပေါ်မှာပြေးနေကြတဲ့ တော်ဝင်ကဗျာဆန်နာရီလေးဖြစ်ပါတယ်။ ဒါဟာ လွန်ခဲ့သောနှစ်ပေါင်းတစ်ရာက တော်ဝင်မင်းသမီးလေးတွေဝတ်ဆင်ကြတဲ့ Rolex နာရီဖြစ်ပါတယ်။

နာရီအိမ်ရဲ့အတွင်းပိုင်းမှာ Rolex Reference Number 906356 ကိုရေးထွင်းထားပါတယ်။နောက်ပြီး ၁၉၂၀ ခုနှစ်များအတွင်း Rolex အတွက် နာရီအိမ်တွေပြုလုပ်ပေးတဲ့ company ဖြစ်တဲ့ A.G ကလည်း သူ့ရဲ့ company အတိုကောက် A.G လို့ရေးထွင်းထားပါတယ်။ နာရီစက်မှာ ပတ္တမြား၁၅ လုံးအသုံးပြုထားပါတယ်။

အမေရိကန်ဒေါ်လာ ၁၉၅၀ ဖြစ်ပါတယ်။

    $1,950.00Price
    Quantity

    +14343654234

    ©2022 by Buy2Donate. Proudly created with Wix.com

    bottom of page