အကြမ်းဖက်စစ်ကောင်စီ၏လက်ဝေခံ "ဟာသပညာရှင်များအစည်းအရုံးအကြောင်း " သိသင့်သမျှ။
၁။ ပြည်သူ့သစ္စာဖောက်လီလီနိုင်ကျော်ကိစ္စစွတ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသောသူရဲကောင်းလူငယ်နှစ်ဦးဖြစ်သည့်ကိုကောင်းဇာနည်ဟိန်း (ခ) လပြည့် နှင့် ကိုကျော်သူရ တို့နှစ်ဦးကို ဇူလိုင်လ ၆ ရက်နေ့မှာ အကြမ်းဖက်စစ်ကောင်စီက ဥပဒေမဲ့သတ်ဖြတ်ခဲ့သည်။
၂။ ထို့အတူ သူရဲကောင်းများဖြစ်သော ပဲခူးခရိုင် ဗကသဒုဥက္ကဋ္ဌ ကိုခန့်လင်းနိုင်၊ ကိုပြည့်ဖြိုးအောင်(ခ)ကိုပြည့်၊ ကိုဇင်မြင့်ထွန်း(ခ)ရာလေးနှင့် ကိုအောင်မျိုးသူတို့ကို အကြမ်းဖက်စစ်ကောင်စီကဥပဒေမဲ့သတ်ဖြတ်လိုက်ပြီး မိသားစုဝင်များက ဇူလိုင် ၇ ရက်တွင် စာဖြင့်အကြောင်းကြားခဲ့သည်။ စာထဲတွင် ဖော်ပြထားသည့် သေဆုံးသည့်ရက်မှာ ၂၀၂၃ ဇွန်လ ၂၇ ဖြစ်သောကြောင့် သတ်ဖြတ်ပြီးအနည်းဆုံး ၁၀ ရက်ကြာမှ မိသားစုဝင်များကို အသိပေးခြင်းဖြစ်သည်။ မိသားစုများမှာ မိမိတို့သား၏အလောင်းကိုတွေ့ခွင့် ၊ သင်္ဂြိုလ်ခွင့်ပင်မရပါ။
၃။ ထိုကဲ့သို့ ပြည်သူ့ချစ်သောပြည်သူ့သူရဲကောင်းများအား ခိုးကြောင်းခိုးဝှက်သတ်ဖြတ်ပြစ်နေခြင်းသည် အကြမ်းဖက်စစ်ကောင်စီ၏ သူရဲဘောကြောင်မှု နှင့် ယုတ်မာကောက်ကျစ်မှုဖြစ်သည်။ ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်အပါအဝင် သူရဲကောင်း ၄ ဦးကိုကြိုးပေးသတ်ဖြတ်ပြီးချိန်တွင်နိုင်ငံတကာ၏ဖိအားနှင့် ဒဏ်ခတ်မှုမှာပိုမိုပြင်းထန်လာခဲ့သည့်အတွက် ပြည်သူ့သူရဲကောင်းများကိုစစ်ကောင်စီမှခိုးကြောင်ခိုးဝှက်သတ်ဖြတ်နေခြင်းဖြစ်သည်။
၄။ ထို့ကြောင့် ပြည်သူတစ်ရပ်လုံးကခံပြင်းဒေါသထွက်နေကြချိန် ဇူလိုင်လ ၇ ရက်နေ့တွင် ၊ ဒိန်းဒေါင်၊အုန်းသီး၊ ငြိမ်းချမ်းတို့အဖွဲ့မှ အကြမ်းဖက်စစ်ကောင်စီမှ မောင်မောင်အုန်းနှင့် ဇော်မင်းထွန်းတို့ကိုဖိတ်ကြားကာ ပွဲလုပ်ခဲ့ကြပြီး အကြမ်းဖက်လူသတ်အားပေးလုပ်ခဲ့ကြသည်။
၅။ ထိုတင်မက အဆိုပါပွဲကို မင်းအောင်လှိုင်အားအာဏာသိမ်းရန် ကူညီအားပေးခဲ့သူ ကြံဖွံ့ ဥက္ကဌ ခင်ရီနှင့် အဖွဲ့ကိုပါဖိတ်ကြားပြီး ဟာသလူရွင်တော်များကို အကြမ်းဖက်လူသတ်ကောင်များလက်အောက်အတင်းသွတ်သွင်းရန်ကြိုးစားခဲ့ကြသည်။