top of page

Market Research Group

Public·1 member

အကြမ်းဖက်စစ်ကောင်စီ​၏လက်ဝေခံ "ဟာသပညာရှင်များအစည်းအရုံးအကြောင်း " သိသင့်သမျှ။


၁။ ပြည်သူ့သစ္စာဖောက်လီလီနိုင်ကျော်ကိစ္စစွတ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသောသူရဲကောင်းလူငယ်နှစ်ဦးဖြစ်သည့်ကိုကောင်းဇာနည်ဟိန်း (ခ) လပြည့် နှင့် ကိုကျော်သူရ တို့နှစ်ဦးကို ဇူလိုင်လ ၆ ရက်နေ့မှာ အကြမ်းဖက်စစ်ကောင်စီက ဥပဒေမဲ့သတ်ဖြတ်ခဲ့သည်။


၂။ ထို့အတူ သူရဲကောင်းများဖြစ်သော ပဲခူးခရိုင် ဗကသဒုဥက္ကဋ္ဌ ကိုခန့်လင်းနိုင်၊ ကိုပြည့်ဖြိုးအောင်(ခ)ကိုပြည့်၊ ကိုဇင်မြင့်ထွန်း(ခ)ရာလေးနှင့် ကိုအောင်မျိုးသူတို့ကို အကြမ်းဖက်စစ်ကောင်စီကဥပဒေမဲ့သတ်ဖြတ်လိုက်ပြီး မိသားစုဝင်များက ဇူလိုင် ၇ ရက်တွင် စာဖြင့်အကြောင်းကြားခဲ့သည်။ စာထဲတွင် ဖော်ပြထားသည့် သေဆုံးသည့်ရက်မှာ ၂၀၂၃ ဇွန်လ ၂၇ ဖြစ်သောကြောင့် သတ်ဖြတ်ပြီးအနည်းဆုံး ၁၀ ရက်ကြာမှ မိသားစုဝင်များကို အသိပေးခြင်းဖြစ်သည်။ မိသားစုများမှာ မိမိတို့သား​၏အလောင်းကိုတွေ့ခွင့် ၊ သင်္ဂြိုလ်ခွင့်ပင်မရပါ။


၃။ ထိုကဲ့သို့ ပြည်သူ့ချစ်သောပြည်သူ့သူရဲကောင်းများအား ခိုးကြောင်းခိုးဝှက်သတ်ဖြတ်ပြစ်နေခြင်းသည် အကြမ်းဖက်စစ်ကောင်စီ​၏ သူရဲဘောကြောင်မှု နှင့် ယုတ်မာကောက်ကျစ်မှုဖြစ်သည်။ ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်အပါအဝင် သူရဲကောင်း ၄ ဦးကိုကြိုးပေးသတ်ဖြတ်ပြီးချိန်တွင်နိုင်ငံတကာ​၏ဖိအားနှင့် ဒဏ်ခတ်မှုမှာပိုမိုပြင်းထန်လာခဲ့သည့်အတွက် ပြည်သူ့သူရဲကောင်းများကိုစစ်ကောင်စီမှခိုးကြောင်ခိုးဝှက်သတ်ဖြတ်နေခြင်းဖြစ်သည်။


၄။ ထို့ကြောင့် ပြည်သူတစ်ရပ်လုံးကခံပြင်းဒေါသထွက်နေကြချိန် ဇူလိုင်လ ၇ ရက်နေ့တွင် ၊ ဒိန်းဒေါင်၊အုန်းသီး၊ ငြိမ်းချမ်းတို့အဖွဲ့မှ အကြမ်းဖက်စစ်ကောင်စီမှ မောင်မောင်အုန်းနှင့် ဇော်မင်းထွန်းတို့ကိုဖိတ်ကြားကာ ပွဲလုပ်ခဲ့ကြပြီး အကြမ်းဖက်လူသတ်အားပေးလုပ်ခဲ့ကြသည်။


၅။ ထိုတင်မက အဆိုပါပွဲကို မင်းအောင်လှိုင်အားအာဏာသိမ်းရန် ကူညီအားပေးခဲ့သူ ကြံဖွံ့ ဥက္ကဌ ခင်ရီနှင့် အဖွဲ့ကိုပါဖိတ်ကြားပြီး ဟာသလူရွင်တော်များကို အကြမ်းဖက်လူသတ်ကောင်များလက်အောက်အတင်းသွတ်သွင်းရန်ကြိုးစားခဲ့ကြသည်။


၆။ ဒိန်းဒေါင်သည် အကြမ်းဖက်စစ်ကောင်စီ​၏လက်ကိုင်တုတ်အဖွဲ့ဖြစ်သော " ဟာသပညာရှင်များအစည်းအရုံး​" ၏  ဥက္ကဌ ဖြစ်ကာ၊ အုန်းသီးမှာ ဒုဥက္ကဌ ဖြစ်ပြီး၊ ငြိမ်းချမ်းမှာနာယကဖြစ်သည်။အုန်းသီးသည်ပြီးခဲ့သည်အကယ်ဒမီပေးပွဲတွင် ရုပ်ရှင်သမိုင်းမကြုံဖူးသောလူရွင်တော်အကယ်ဒမီပင်ရရှိခဲ့သည်။


၇။ ဒိန်းဒေါင်၊ အုန်းသီး၊ငြိမ်းချမ်းတို့ဦးဆောင်သော ဟာသပညာရှင်များအစည်းအရုံးဆိုသည်မှာ မရှိနွမ်းပါးသောလူရွင်တော်များကို အကြမ်းဖက်များမှပေးသောငွေကြေးထောက်ပံ့ပေးပြီး အကြမ်းဖက်စစ်ကောင်စီလက်အောက်လက်ဝေခံအလုပ်လုပ်ပေးရန် ဆောက်ရွက်နေသည်အဖွဲ့ဖြစ်သည်။ အဆိုပါအဖွဲ့သည် NUG နှင့် PDF များကို အကြမ်းဖက်အဖွဲ့အဖြစ်သုံးနှုံးကာ အကြမ်းဖက်စစ်ကောင်စီအလိုကျကြေညာချက်များမကြာခဏထုတ်လေ့ရှိသည်။ ( အဆိုပါကြေညာချက်များကို အောက်တွင်ဖော်ပြထားပါသည်။ )


၈။ ထိုမှမကသေး ဒိန်းဒေါင်သည် အကြမ်းဖက်စစ်ကောင်စီ​​ကိုအငြိမ့်လောက၊ ဇတ်လောက ၊ လူရွင်တော်လောက​၏ သတင်းပေးနေသူဖြစ်သည်။


၉။ facebook ပေါ်တွင်စာရေးသားလျှက်ရှိသည့် ကိုဇင်သော်နိုင်​၏ရေးသားဖော်ထုတ်ချက်အရ ဒိန်းဒေါင် (ခေါ် ) တင်ဌေးသည် အကြမ်းဖက်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဗိုလ်မှူးချုပ် အဆင့်ရှိ မင်းသူပိုင်ဆိုင်သည့် နေပြည်တော်၊ သပြေကုန်းရှိ အိန်ဂျယ် ၃၇ဆိုင်သို့ သူလက်ရှိပုန်းအောင်းနေသည့် ကကကွန်ထဲက အရာရှိ တစ်ယောက်နှင့် အမြဲလာလေ့ ရှိပြီး ထောက်လှမ်းရေး ဗိုလ်မှုးအဆင့်ရှိသူနိုင်လင်းဦးပုံမှန်တွေ့ဆုံကာအနုပညာလောကသားများအကြောင်းသတင်းပေးလေ့ရှိသည်။


၁၀။ အဆိုပါသတင်းများကိုအသုံးချကာစစ်လော်ဘီ ချန်နယ်များတွင် ဆိုက်ဝါးများဖြန့်ဝေကြခြင်းဖြစ်သည်။  လူရွှင်တော် ကောင်းကျော်၊ ဇတ်မင်းသားဖိုးချစ်၊ သျှံထွန်း (မြန်မာစာ) ၊ ဆိုင်းဆရာစိန်ဒူးဝါး တို့ဖမ်းဆီး ခံရခြင်းသည် ဒိန်းဒေါင်​၏လုပ်ကြံ သတင်းပေးမှုကြောင့် ဖြစ်သည်။


၁၁။ ဒိန်းဒေါင်​၏ အကြမ်းဖက်လက်ဝေခံလုပ်ရပ်များကို လူရွင်တော်များကသိကြသဖြင့်သူကိုရှောင်ကြဉ်လာကြသည်။ ငွေကြေးချို့တဲ့သောလူရွင်တော်များမှာ သူတို့​၏စားဝတ်နေရေး၊ နေရေးထိုင်းရေးအတွက် ဒိန်းဒေါင်မှတစ်ဆင့်လာသောအကြမ်းဖက်စစ်ကောင်စီ​၏ပံ့ပိုးငွေများကိုအားကိုးနေရသဖြင့် မလွန်ဆန်နိုင်ကြချေ။


၁၂ ။ ဇူလှိုင်လ ၇ ရက်နေ့ကပြုလုပ်ခဲ့သောဟာသပညာရှင်များအစည်းအရုံးရဲ့ပွဲကို လူရွင်တော်အများစုကသပိတ်မှောက်ခဲ့ကြသည်။


၁၃။ ဟာသပညာရှင်များအစည်းအရုံးမှာ အဖွဲ့ဝင်ထောင်နဲ့ချီရှိသော်လည်း ထိုနေ့ကစစ်ကောင်စီ နှင့် ကြံဖွတ်များအားဖိတ်ပြီးကျင်းပသည့်ပွဲကိုတက်ရောက်တဲ့သူ ရာဂဏန်းပဲရှိပြီး ၊ ထိုသူများမှာဆင်းရဲနွမ်းပါးသည့်အတွက် ဒိန်းဒေါင်တို့အဖွဲ့ကိုမှီခိုနေရသောသူများဖြစ်ကြသည်။


၁၄။ ဒိန်းဒေါင်၊ အုန်းသီး၊ငြိမ်းချမ်းတို့သည် ပြည်သူ့သစ္စာဖောက်ပုဆိန်ရိုးတွေဖြစ်ပြီး ဇတ်သဘင်လောက၊ ဆိုင်းလောက၊ အနုပညာလောကအတွက် အလွန်အန္တရာယ်ကြီးသောသူများဖြစ်သည်။


၁၅။ အကြမ်းဖက်စစ်ကောင်စီအတွက်စည်းရုံးရေးဆင်းပေးနေသလို၊ဝါဒဖြန်ချီရေးလည်းလုပ်ပေးနေကြသည်။ ထို့အတူ ပြည်သူ့ဖက်တော်သားအနုပညာရှင်တွေကိုအကြမ်းဖက်စစ်တပ်ကဖမ်းဆီးနှိပ်စက်အောင်၊ အနုပညာရှင်တွေပြည်သူ့ဖက်က မရပ်တည်ရဲအောင်ခြိမ်းခြောက်နေကြသူတွေလည်းဖြစ်သည်။


၁၆။ နွေဦးတော်လှန်ရေးသည်အကြမ်းဖက်အာဏာရူးများ၊ သူတို့​၏အစွယ်အပွားများ၊ သူတို့ကိုထောက်ခံအားပေး၊အားပေးအားမြှောက်လုပ်နေသူများကိုမြန်မာ့မြေပေါ်မှမောင်းထုတ်ရှင်းလင်းသည့်တော်လှန်ရေးဖြစ်သည်။


၁၇။ နွေဦးတော်လှန်ရေးတွင်ပြည်သူများ​၏ညီညွတ်မှုကိုပြသခဲ့ပြီးဖြစ်သလို ဆက်လက်ပြသရမည်ဖြစ်သည်။" ပြည်သူတွေရဲ့ဆန့်ကျင်ဖက်မှာဘယ်သူနေရဲလဲ " ဆိုတဲ့သဘောကို ပြည်သူတစ်ရပ်လုံးကပြတ်ပြတ်သားသားပြကြရမည်ဖြစ်သည်။


၁၈။ ဒါကြောင့် အကြမ်းဖက်အားပေးပြည်သူ့သစ္စာဖေါက် ဒိန်းဒေါင်၊ အုန်းသီး၊ ငြိမ်းချမ်းတို့အပေါင်းအပါတစ်စုကို  Social Punishment လူမှုပြစ်ဒဏ်ချမှတ်ပြီး သူတို့ပါဝင်သရုပ်ဆောင်မှု၊ဖျော်ဖြေမှုများအားလုံးကို လုံးဝအားအားမပေးပဲ ၊ အနုပညာလောကထဲမှာရပ်တည်ခွင့် လုံးဝမရှိရလေအောင်boycott လုပ်ကြရမည်ဖြစ်သည်။


၁၉။ ထို့အပြင် ပြည်သူ့သစ္စာဖောက်ခြင်း၊ အကြမ်းဖက်အားပေးလုပ်ခြင်း၊ ပြည်သူ့ဖက်တော်သားအနုပညာရှင်များကိုခြိမ်းခြောက်နှိပ်ကွပ်၊ ဖမ်းဆီးစေခြင်းတို့အတွက် တရားမျှတခြင်းကိုဖော်ဆောင်ရန် အရေးယူဆောင်ရွက်ရမည်ဖြစ်သည်။


၂၀။ တရားဥပဒေစိုးမိုးခြင်းကိုတည်ဆောက်ရမည်ဖြစ်သည်။




About

Welcome to the group! You can connect with other members, ge...
bottom of page